Connect with us

Europe

တရုတ်နိုင်ငံမှ တည်ဆောက်ထားသော မော်စကို မြေအောက်ရထားဘူတာရုံများ ကို အများပြည်သူအသုံးပြုရန် စတင်ဖွင့်လှစ်

မော်စကို၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က တရုတ်နိုင်ငံ ရထားလမ်းဖောက်လုပ်ရေးကော်ပိုရေးရှင်းလီမိတက် (CRCC) မှ တည်ဆောက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော မော်စကို မြေအောက်ရထားလမ်း အပိုင်းသစ်အား ဒီဇင်လဘာ ၇ ရက်က ဗီဒီယိုလင့်ခ်မှတစ်ဆင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

CRCC က ဘူတာရုံ ၃ ခုနှင့် ဥမင် ၉ ခုပါဝင်ပြီး အရှည် ၅.၄ ကီလိုမီတာရှိသော လိုင်းကို တည်ဆောက်ခဲ့ခြင်း ဖြစ်ကာ မော်စကို မြေအောက်ရထားလမ်းစနစ်ရှိ ၇၀ ကီလိုမီတာရှိသော Third Interchange Circuit ၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

ရုရှားနိုင်ငံ၏ မြေအောက်ရထားစနစ် တည်ဆောက်ရေးတွင် တရုတ်စီးပွားရေးလုပ်ငန်းအား မိတ်ဆက်ရန် ပထမဆုံးအကြိမ်ဖြစ်ပြီး ဥရောပ၌ တရုတ်ကုမ္ပဏီ၏ ပထမဆုံး မြေအောက်ရထားလမ်းစီမံကိန်းလည်း ဖြစ်ကြောင်း သိရသည်။

CRCC က ထည့်သွင်းထားသော “တရုတ်-ရုရှား ချစ်ကြည်ရေး၏ အထိမ်းအမှတ်အသစ်” တစ်ခုဖြစ်သော Michurinsky Prospekt ဘူတာတွင် အနီရောင်ထောက်တိုင်များကဲ့သို့ တရုတ်နိုင်ငံ၏ အခြေခံအစိတ်အပိုင်းများ၊ အသက်ရှည်ခြင်း ဟု အဓိပ္ပါယ်ရသော “shou” အက္ခရာနှင့် မင်္ဂလာရှိသော တိမ်တိုက်များကို ပုံစံဖော်ထားသည့် သွင်ပြင်လက္ခဏာများ ထည့်သွင်းထားသည်။

တည်ဆောက်မှုကြာမြင့်ချိန် လေးနှစ်ခွဲကာလအတွင်း CRCC သည် အပူချိန် အနုတ် ၃၆ ဒီဂရီစင်တီဂရိတ်တွင် ဥမင် ၅ ခုကို တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

တရုတ်နှင့် ရုရှားမှ တည်ဆောက်သူများသည် COVID-19 ကပ်ရောဂါ သက်ရောက်မှုကို အောင်မြင်စွာ ကျော်လွှားရန်၊ ကမ္ဘာ့အဆင့် အင်ဂျင်နီယာပညာရပ်ဆိုင်ရာ ခက်ခဲမှုများကို အဖြေရှာရန်နှင့် ရုရှားနိုင်ငံရှိ မြောက်များစွာသော ဆောက်လုပ်ရေးစံချိန်များနှင့် ကိုက်ညီစေရန် ပူးတွဲကြိုးပမ်းအားထုတ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

—————————————————-
(Chinese Version)

China-built Moscow metro stations open to traffic

MOSCOW, Dec. 7 (Xinhua) — Russian President Vladimir Putin on Tuesday via video link launched a new section of the Moscow Metro, part of which was built by China Railway Construction Corporation Limited (CRCC).

CRCC constructed a 5.4-km line, which consists of three stations and nine tunnels, as part of the 70-km Third Interchange Circuit of the Moscow Metro.

It was the first time for Russia to introduce a Chinese enterprise in its metro construction, which was also marked as the first metro project of a Chinese company in Europe.

The Michurinsky Prospekt station, “a new landmark for Sino-Russian friendship” as CRCC put it, features Chinese elements such as red pillars, patterns of Chinese character “shou” meaning longevity, and auspicious clouds.

During four and a half years of construction, CRCC developed five tunnel boring machines that could withstand the temperature of minus 30 degrees Celsius.

Chinese and Russian builders joined efforts to successfully overcome the impact of the COVID-19 pandemic, solve world-class engineering difficulties and set multiple construction records in Russia, the CRCC said. ■

Photo : Passengers are seen in the newly opened Michurinsky Prospekt metro station in Moscow, Russia on Dec. 7, 2021. (Xinhua/Evgeny Sinitsyn)