Connect with us

CHINA

တရုတ်နိုင်ငံမှ လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ် အီရတ်နိုင်ငံသို့ရောက်ရှိ

ဘဂ္ဂဒတ် ၊ အောက်တိုဘာ ၁၅ ရက်(ဆင်ဟွာ)

အီရတ်နိုင်ငံ၏ ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးတွင် တွန်းအားပေးရန် တရုတ်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ်ကို အီရတ်နိုင်ငံက ကြာသပတေးနေ့တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။ဘဂ္ဂဒတ်လေဆိပ်၌ ပြုလုပ်သော ကာကွယ်ဆေးလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ အီရတ်နိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး Jian Fangning နှင့် အီရတ်ကျန်းမာရေးအရာရှိများ အတူတကွတက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံမှ ပေးပို့လှူဒါန်းသော ကိုဗစ်-၁၉ ကာကွယ်ဆေး စတုတ္ထအသုတ် အီရတ်နိုင်ငံ ဘဂ္ဂဒတ်လေဆိပ်သို့ အောက်တိုဘာ ၁၄ ရက်က ရောက်ရှိလာစဉ်(ဆင်ဟွာ)

အဆိုပါ လှူဒါန်းမှုများသည် နှစ်နိုင်ငံ နှင့် ၎င်းတို့၏ပြည်သူများအကြား နက်ရှိုင်းပြီးကောင်းမွန်သော ချစ်ကြည်ရင်းနှီးမှုကို ရည်ညွှန်းခြင်းဖြစ်ကြောင်း အခမ်းအနားတွင် သံမှူးကြီး Jian က ပြောကြားခဲ့သည်။ ထို့ပြင် ယခုလှူဒါန်းမှုသည် ကပ်ရောဂါတိုက်ဖျက်ရေးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကမ္ဘာလုံးဆိုင်ရာ ကုန်စည်အဖြစ် လုပ်ဆောင်ရန် တရုတ်နိုင်ငံ၏ နောက်ထပ် စံနမူနာကောင်းတစ်ခုဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
“ တရုတ်နိုင်ငံက ကူညီပေးအပ်တဲ့ ကာကွယ်ဆေးတွေဟာ အီရတ်နိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ် ၊ လူအုပ်စုအကြား ကိုယ်ခံအားစနစ်တည်ဆောက်မှု နဲ့ ကပ်ရောဂါကို အပြီးသတ်ထိန်းချုပ်ဖို့အတွက်ပါ များစွာအကူအညီဖြစ်စေမယ်လို့ ကျွန်တော်တို့ယုံကြည်ပါတယ်” ဟု ၎င်းက ဆိုသည်။

တစ်ဆက်တည်းမှာပင် အီရတ်နိုင်ငံကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဌာန ညွှန်ကြားရေးမှူး Riyadh Abdul-Amir က ကပ်ရောဂါစတင်ဖြစ်ပွားကတည်းက အီရတ်နိုင်ငံအတွက် တရုတ်နိုင်ငံ၏ စည်းလုံးညီညွတ်မှုနှင့်အတူ ထောက်ပံ့မှုများအပေါ် ချီးကျူးစကားဆိုခဲ့ပြီး ၊ ယခုအသုတ် ရောက်ရှိလာသော ကိုဗစ်ကာကွယ်ဆေးများသည် အီရတ်နိုင်ငံသားများအတွက် ကာကွယ်ဆေးထိုးနှံပေးမှုရာခိုင်နှုန်းကို မြှင့်တင်ပေးနိုင်လိမ့်မည်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

ထို့ပြင်၎င်းက အခြားနိုင်ငံများသို့ ကိုဗစ်ကာကွယ်ဆေးများ ထောက်ပံ့ပေးနေသည့် တရုတ်နိုင်ငံ၏ အလွန်အရေးပါသော အခန်းကဏ္ဍကို ချီးမွမ်းခဲ့ပြီး ယင်းမှာ ကမ္ဘာတစ်ဝှမ်း ကာကွယ်ဆေး ညီတူညီမျှ ဖြန့်ဖြူးမှုကို မြှင့်တင်ပေးရာ ရောက်ကြောင်း ဆိုသည်။

ကိုဗစ်-၁၉ လူနာသစ် ၂,၃၈၃ ဦး စစ်ဆေးတွေ့ရှိခဲ့ခြင်းနှင့်အတူ အီရတ်နိုင်ငံတွင် ရောဂါကူးစက်ခံရသူပေါင်း ၂,၀၃၀,၄၉၈ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အီရတ်နိုင်ငံသည် တရုတ်နိုင်ငံမှ ကာကွယ်ဆေး ပထမသုံးသုတ်ကို မတ်လ ၊ ဧပြီလ နှင့် ဩဂုတ်လများတွင် အသီးသီးလက်ခံရရှိခဲ့ကြောင်း သိရသည်။(Xinhua)

——————————————-
4th batch of China-donated COVID-19 vaccines arrives in Iraq

BAGHDAD, Oct. 14 (Xinhua) — Iraq on Thursday received the fourth batch of COVID-19 vaccines donated by the Chinese government to boost Iraq’s efforts to combat the pandemic.
Charge d’Affaires of Chinese Embassy in Iraq Jian Fangning and Iraqi health officials attended a handover ceremony held at Baghdad International Airport.
The donation indicates the deep and good friendship between the two countries and their peoples, Jian said during the ceremony, noting that this is another example by the Chinese side to strive to make the COVID-19 vaccine a global public good.
“We believe the vaccines provided by the Chinese side will help the Iraqi side facilitate the vaccination process, build the immune defense system, and eventually conquer the pandemic,” he added.
Meanwhile, Riyadh Abdul-Amir, director of Public Health Department at the Iraqi Ministry of Health, praised China’s solidarity with and support for Iraq since the outbreak of the pandemic, noting that the arrival of this batch of vaccines will enhance Iraq’s capabilities to raise the vaccination rate among Iraqis.
He also hailed China’s great role in supplying the vaccines to other countries and promoting the fair distribution of vaccines around the globe.
The Iraqi Ministry of Health reported on Thursday 2,383 new COVID-19 cases, raising the nationwide caseload to 2,030,498.
Iraq received the first three batches of COVID-19 vaccines donated by the Chinese government in March, April, and August respectively

Photo 1- Charge d’Affaires of Chinese Embassy in Iraq Jian Fangning (left) and Iraqi health official attend the handover ceremony of the fourth batch of China-donated COVID-19 vaccines at Baghdad International Airport in Iraq, on October. 14, 2021. (Xinhua photo)

Photo 2 -A worker transports China-donated syringes at Baghdad International Airport in Iraq on October. 14, 2021. (Xinhua photo)