Connect with us

China

တရုတ်နိုင်ငံသည် နုပျိုသစ်လွင်မှုကို ရှေ့ရှုရင်း ရပ်တန့်၍ မရနိုင်သောအရှိန်အဟုန်နှင့်အတူ ဆက်လက်ချီတက်နေကြောင်း ရှီပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်၌ ယနေ့ ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတက်ရောက်လာသော ပါတီဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)
ကမ္ဘာကြီးတွင် မျက်မှောက်ခေတ် တရုတ်နိုင်ငံ၏ ပုံရိပ်သည် အညွန့်တလူလူတက်နေသော နိုင်ငံတစ်နိုင်ငံအဖြစ် တည်ရှိနေပြီး နုပျိုသစ်လွင်မှုကို ရှေ့ရှုရင်း ရပ်တန့်၍ မရနိုင်သော အရှိန်အဟုန်နှင့်အတူ ဆက်လက်ချီတက်နေကြောင်း တရုတ်နိုင်ငံကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က ယနေ့ ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဥက္ကဌ နှင့် သမ္မတလည်းဖြစ်သူ ရှီက ပေကျင်းမြို့ ထျန်းအန်းမင်ရင်ပြင်၌ ယနေ့ ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတက်ရောက် မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ (CPC ) သည် ဒုတိယ ရာစုနှစ် ပန်းတိုင်အတွက် ခရီးရှည်သစ်ကို တရုတ်ပြည်သူများ၏ ထောက်ခံမှုဖြင့် ဦးဆောင်ဦးရွက်ပြုကာ ဆက်လက်ချီနေကြောင်း ရှီကမှတ်ချက်ပြုခဲ့သည်။
“ ပါတီရဲ့ ဦးဆောင်မှု ၊ တိုင်းရင်းသားလူမျိုးစုအားလုံးပါဝင်တဲ့ တရုတ်ပြည်သူတွေရဲ့ ခိုင်မာတဲ့စည်းလုံးညီညွတ်မှုနဲ့ အတူ ကြီးကျယ်ခမ်းနားပြီး နုပျိုသစ်လွင်တဲ့ တရုတ်လူမျိုးအိပ်မက်ကို အပြည့်အဝဖော်ဆောင်ဖို့ နဲ့ အားလုံးက လေးစားရတဲ့ ခေတ်မီဆိုရှယ်လစ်နိုင်ငံတော်ကြီးတစ်နိုင်ငံ တည်ဆောက်ဖို့ ရည်မှန်းချက်ပန်းတိုင်ကို ကျွန်တော်တို့ စွမ်းဆောင်နိုင်မှာ အသေအချာပဲဖြစ်ပါတယ် ” ဟုရှီက ဆိုသည်။(Xinhua)

———————————–
(English Version)
China advancing with unstoppable momentum toward rejuvenation: Xi

BEIJING, July 1 (Xinhua) — The image China presents to the world today is one of a thriving nation that is advancing with unstoppable momentum toward rejuvenation, Xi Jinping, general secretary of the Communist Party of China (CPC) Central Committee, said on Thursday.
Xi, also Chinese president and chairman of the Central Military Commission, made the remarks in Beijing at a ceremony marking the centenary of the CPC.

The CPC is rallying and leading the Chinese people on a new journey toward realizing the second centenary goal, Xi noted.
“It is certain that with the firm leadership of the Party and the great unity of the Chinese people of all ethnic groups, we will achieve the goal of building a great modern socialist country in all respects and fulfill the Chinese Dream of great national rejuvenation,” Xi said.