Connect with us

CHINA

တရုတ်နိုင်ငံအနောက်တောင်ပိုင်း စီချွမ်ပြည်နယ်တွင် ပန်ဒါကြီးတစ်ကောင်က ပန်ဒါသားပေါက်တစ်ကောင်မွေးဖွါး

ချန်ဒူး၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်ပြည်နယ် ရှိ ပန်ဒါများထိန်းသိမ်းစောင့်ရှောက်ရေး နှင့် သုတေသနစင်တာ၏ အခြေစိုက်စခန်း၌ ပန်ဒါကြီးတစ်ကောင်သည် ပန်ဒါသားပေါက်တစ်ကောင် မွေးဖွားခဲ့ကြောင်း ၎င်းစင်တာက စက်တင်ဘာ ၂၂ ရက်တွင်ပြောကြားခဲ့သည်။“Xiu Qiu” အမည်ရှိ ပန်ဒါကြီးသည် ပန်ဒါသားပေါက်တစ်ကောင်အား Wolong အမျိုးသားသဘာဝဘေးမဲ့တော Shenshuping ပန်ဒါမွေးမြူရေးအခြေစိုက်စခန်း၌ စက်တင်ဘာ ၂၁ ရက်တွင်မွေးဖွားပေးခဲ့ခြင်းဖြစ်သည်။
ယနေ့အထိ ယင်းစင်တာတွင် ၂၀၂၁ ခုနှစ်အတွင်း ပန်ဒါအမြွှာပူး ၉ စုံ အပါအဝင် ပန်ဒါကြီးမျိုး သားပေါက် ၂၄ ကောင် စာရင်းသွင်းထားကြောင်း သိရသည်။

အဆိုပါ စင်တာသည် ယခုနှစ်တွင် ပန်ဒါအမြွှာမွေးဖွားနှုန်းမြင့်မားခြင်းနှင့် ဆက်စပ်၍ မှတ်တမ်းရှိကြောင်း၊ စီမံခန့်ခွဲမှုနှင့် မွေးမြူရေးနည်းလမ်းများအပြင် မျိုးစိတ်များအား အောင်မြင်စွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်မှုများ၌ တိုးတက်မှုကို အကြံပြုထားကြောင်း Shenshuping ပန်ဒါမွေးမြူရေးအခြေစိုက်စခန်းမှ ပညာရှင်တစ်ဦးဖြစ်သူ Li Guo ၏ ပြောကြားချက်အရ သိရသည်။ (Xinhua)

#ပန်ဒါကြီး #စီချွမ် #ချန်ဒူး #ဆင်ဟွာ
#GiantPanda #Sichuan #Chengdu #Xinhua

————————————————-
(English Version)

iant-panda cub born in SW China’s Sichuan
CHENGDU, Sept. 22 (Xinhua) — A giant-panda cub has been born at a base of the China Conservation and Research Center for the Giant Panda in southwest China’s Sichuan Province, the center said on Wednesday.
A giant panda named “Xiu Qiu” gave birth to the cub on Tuesday at the Shenshuping giant panda base in Wolong National Nature Reserve.
To date, the center has registered 24 giant-panda newborns, including nine twin pairs, in 2021.
The center has recorded a relatively high birth rate of panda twins this year, suggesting an improvement in management and breeding methods, as well as the successful ex-situ protection of the species, according to Li Guo, an expert with the Shenshuping giant panda base. Enditem