Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ၌ အအေးလှိုင်းအတွက် အပြာရောင် သတိပေးချက်ထုတ်ပြန်

ပေကျင်း၊ ဒီဇင်ဘာ ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် အအေးလှိုင်းအတွက် အပြာရောင်သတိပေးချက်ကို သက်တမ်းတိုးခဲ့ပြီး နိုင်ငံအနှံ့အပြားတွင် အပူချိန်ကျဆင်းကာ အအေးလှိုင်းဖြတ်နိုင်ကြောင်း မိုးလေဝသဌာနက ဇင်ဘာ ၂၃ ရက်တွင် ခန့်မှန်းထားသည်။ဒီဇင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၆ ရက်အထိ တရုတ်နိုင်ငံအလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် အပူချိန် ၆ ဒီဂရီဆဲလ်စီးယက်စ် မှ ၁၀ ဒီဂရီဆဲလ်စီးယက်စ် အထိ ကျဆင်းနိုင်သည်ဟု အမျိုးသားမိုးလေဝသစင်တာ မှ သိရသည်။

အချို့နေရာများတွင် အပူချိန် ၁၄ ဒီဂရီ ဒီဂရီဆဲလ်စီးယက်စ်အောက်ထိ ကျဆင်းသွားနိုင်ကြောင်းမိုးလေဝသစင်တာ မှ သိရသည်။
ပြည်သူများအနေဖြင့် ချမ်းအေးသော ရာသီဥတုနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ကို သတိပြုကြရန် စင်တာက အကြံပြုထားပြီး ရေခဲခြင်းကြောင့် လမ်းပိတ်ဆို့မှုမျာ ဖြစ်နိုင်သည့် အခြေအနေများအတွက် ယာဉ်ထိန်းရဲ နှင့်ရဲတပ်ဖွဲ့ဝင်များအား ကြိုတင်ပြင်ဆင်ထားရန် အကြံပြုထားသည်။

တရုတ်နိုင်ငံတွင် အရောင်လေးဆင့် မိုးလေဝသ သတိပေးစနစ်ရှိပြီး အပြင်းထန်ဆုံး ရာသီဥတုကို ကိုယ်စားပြုသည့် အနီရောင်၏ နောက်တွင်လိမ္မော်ရောင်၊ အဝါရောင်နှင့် အပြာရောင်တို့ အသီးသီး ရှိကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

China issues blue alert for cold wave

BEIJING, Dec. 23 (Xinhua) — China’s meteorological authority on Thursday renewed a blue alert for a cold wave, forecasting low temperatures and gales in vast regions of the country.

From Thursday to Sunday, temperatures are expected to drop by 6 to 10 degrees Celsius in central and east China, according to the National Meteorological Center.
Some areas could see a temperature drop of more than 14 degrees Celsius, according to the center.

The center advised the public to take necessary precautions against the cold weather and strong winds and suggested traffic and police authorities prepare for icy road conditions.
China has a four-tier, color-coded weather warning system, with red representing the most severe weather, followed by orange, yellow and blue. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.