Connect with us

CHINA

တရုတ်နိုင်ငံ၌ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၁ ဒသမ ၇ ဘီလီယံကျော် ထိုးနှံပေးထား

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းစုပြည်နယ် နန်ကျင်းမြို့ အားကစားရုံတစ်ရုံရှိ ကာကွယ်ဆေးထိုးနှံသည့်နေရာ၌ ဩဂုတ် ၂ ရက်တွင် ဒေသခံများက ကာကွယ်ဆေးထိုးနှံမှု ခံယူနေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ ဩဂုတ် ၃ ရက်အထိ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၁ ဒသမ ၇ သန်းကျော် ထိုးနှံပေးထားကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ယနေ့ ဇူလိုင် ၄ ရက်တွင် ပြောကြားခဲ့သည်။ဒေသများစွာ၌ COVID-19 ရောဂါဖြစ်ပွားခြင်း ၊ ပြည်တွင်းကူးစက်မှုသစ်များ စစ်ဆေးတွေ့ရှိခြင်းနှင့်အတူ အထူးသဖြင့် လတ်တလော ဗိုင်းရပ်စ် ပြန့်နှံ့မှုမြင့်မားသည့် အဓိကနေရာများ နှင့် ပြည်ပမှ ဝင်ရောက်လာသော ကူးစက်မှုများကို တားဆီးရန်အတွက် ကပ်ရောဂါတိုက်ဖျက်ရေး အစီအမံများကို တင်းကျပ်စွာလုပ်ဆောင်သွားရန် တိုက်တွန်းထားသည်။

ရောဂါထိန်းချုပ်ရေးပညာရှင်များက Delta မျိုးဗီဇပြောင်းပိုးသည် အလွန်ကူးစက်နိုင်ပြီး ရှိပြီးသား ကာကွယ်ဆေးများ လက်လှမ်းမီမှုအတွင်း ရှိနေသေးကြောင်း ပြောကြားခဲ့သည်။
ကာကွယ်ဆေး ထိုးနှံခြင်း နှင့် အခြား ထိန်းချုပ်ရေး အစီအမံများ နှင့်ပတ်သက်၍ သတိပေးချက်များ ထုတ်ပြန်ပေးထားပြီး COVID-19 ရောဂါအန္တရာယ်များ အလယ်အလတ် နှင့် အမြင့်ဆုံးရှိသော ဧရိယာများသို့ ခရီးသွားလာခြင်းအား ဆိုင်းငံ့ထားကြောင်း သိရသည်။ (Xinhua)

——————————————————–
(English Version)

Over 1.7 bln doses of COVID-19 vaccines administered in China

BEIJING, Aug. 4 (Xinhua) — Over 1.7 billion doses of COVID-19 vaccines had been administered in China as of Tuesday, the National Health Commission said Wednesday.

With new locally transmitted COVID-19 cases reported in multiple regions, strict anti-epidemic measures were urged, especially concerning imported cases and key locations which are currently vulnerable to spreading the virus.

Disease control experts said the Delta variant is highly transmissible, yet still within the reach of existing vaccines.
Reminders were given about vaccination and other containment measures, while travel has been suspended to areas with medium and high COVID-19 risks. Enditem
Photo – Residents get inoculated against the COVID-19 virus at a vaccination site in a stadium in Nanjing of east China’s Jiangsu Province, Aug. 2, 2021. (Xinhua/Li Bo)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.