Connect with us

ASEAN

ထိုင်းနိုင်ငံ၌ ပထမဆုံးအကြိမ် တစ်ရက်တည်း COVID-19 အတည်ပြုလူနာ ၂၀,၀၀၀ ကျော်ဖြင့် အမြင့်ဆုံးရောက်ရှိ

ထိုင်းနိုင်ငံ Samut Sakhon ခရိုင်၌ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် COVID-19 ရောဂါ စစ်ဆေးရန် ကျန်မာရေးဝန်ထမ်းတစ်ဦးက အမျိုးသမီးတစ်ဦးထံမှ Swab ရယူနေစဉ်(ဆင်ဟွာ)

ဘန်ကောက် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ)

ထိုင်းနိုင်ငံ၌ ဩဂုတ် ၃ ရက်တွင် COVID-19 လူနာသစ် ၂၀,၂၂၀ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ယင်းအရေအတွက်သည် တစ်ရက်တည်း ပထမဆုံးအကြိမ် လူ နာ ၂၀,၀၀၀ ကျော်တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။စစ်ဆေးတွေ့ရှိခဲ့ရသည့် လူနာသစ်များကြောင့် ထိုင်းနိုင်ငံ၏ ရောဂါဖြစ်ပွားမှုပေါင်း ၆၇၂,၃၈၅ ဦးထိ ရှိလာခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ တရားဝင်အချက်အလက်တွင် ဖော်ပြထားသည်။ သေဆုံးသူမှာလည်း ဩဂုတ် ၃ ရက်တွင် ၁၈၈ ဦးထိ စံချိန်တင် ရှိခဲ့သဖြင့် သေဆုံးသူပေါင်း ၅,၅၀၃ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

ဆေးရုံများ၌ လူနာ ၂၁၁,၀၇၆ ဦးမှာ လက်ရှိတွင် ကုသမှုခံယူနေပြီး ၎င်းတို့အနက် လူနာအယောက် ၅,၀၀၀ မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း တရားဝင်အချက်အလက်အရ သိရသည်။
ပြီးခဲ့သောလအနည်းငယ်အတွင်း အစိုးရက အထူးသဖြင့် မျိုးဗီဇပြောင်းဗိုင်းရပ်စ်ပိုးများ နှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပြန့်နှံမှုကို တိုက်ဖျက်ရန် ကြိုးပမ်းအားထုတ်သည့်အနေဖြင့် လူမှုဘဝ ခပ်ကွာကွာ နေထိုင်သည့် social distancing စည်းမျဉ်းများအား ပိုမိုတင်းကြပ်ခဲ့သည်။သို့သော် အလွန်ကူးစက်မြန်သော Delta မျိုးဗီဇပြောင်းပိုးကြောင့် ကူးစက်မှုများ နှင့် သေဆုံးမှုများ၏ အရေအတွက်သည် အကြီးအကျယ် မြင့်တက်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဩဂုတ် ၂ ရက်အထိ ထိုင်းနိုင်ငံ၌ COVID-19 ကာကွယ်ဆေး အကြိမ်ရေ ၁၈ ဒသမ ၅ သန်းကျော် ထိုးနှံထားပြီး လူဦးရေ သန်း ၇၀ နီးပါးအနက် ခန့်မှန်းခြေ ၆ ရာခိုင်နှုန်းသာ အပြည့်အဝ ကာကွယ်ဆေး ထိုးနှံထားပြီး ဖြစ်ကြောင်း သိရသည်။ ယခုနှစ်ကုန်တွင် လူဦးရေတစ်ခုလုံး၏ ၇၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးစီးနိုင်ရေး အစိုးရ၏ ရည်မှန်းချက် အောင်မြင်ရန်မှာ ဖိအားများ ရှိနေဆဲ ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————————————–
(English Version)

Thailand’s daily COVID-19 cases surpass 20,000 for 1st time

BANGKOK, Aug. 4 (Xinhua) — Thailand on Wednesday reported 20,220 new COVID-19 cases, the first time the figure has surpassed 20,000 since the start of the pandemic.

The new infections brought the country’s caseload to 672,385, official data from the Ministry of Public Health showed. The new fatalities also rose by a record high of 188 on Wednesday, taking the death toll to 5,503.

Some 211,076 patients are currently treated at hospitals, of which nearly 5,000 are in critical condition, according to the official data.
In the past few months, the government increasingly tightened social distancing rules in a bid to combat the spread of coronavirus, especially the variants. But the numbers of infections and deaths are still soaring, largely due to the highly contagious Delta variant.

As of Monday, Thailand has administered more than 18.5 million doses of COVID-19 vaccine, with roughly six percent of its nearly 70 million population fully vaccinated. The pressure is still on to achieve the government’s target of having 70 percent of the entire population vaccinated by the end of the year. Enditem

Photo – A health worker collects a swab from a woman for a COVID-19 test in Samut Sakhon province, Thailand, on Dec. 22, 2020. COVID-19 cases continued to rise in Thailand on Tuesday, up by 427 from the previous day, with a majority of them being connected to a seafood market in Samut Sakhon province near the capital Bangkok. (Xinhua/Rachen Sageamsak)