Connect with us

Science & Technology

တရုတ်နိုင်ငံ၏ ကုန်း၊ ရေနှစ်သွယ်သွားလေယာဉ်က တရုတ် လေကြောင်းပြပွဲတွင် တင်ဆက်ပြသမည်

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် သီးခြားထုတ်လုပ်ထားသော AG600 ကုန်း၊ ရေ နှစ်သွယ်သွား လေယာဉ်ကြီးသည် လာမည့် တရုတ်လေကြောင်းပြပွဲတွင် ပထမဆုံး လေကြောင်းပြပွဲပျံသန်းမှု တင်ဆက်ပြသမည်ဖြစ်ကြောင်း လေယာဉ်ထုတ်လုပ်သူ တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းကော်ပိုရေးရှင်း (AVIC) အရ သိရသည်။တရုတ်လေကြောင်းပြပွဲ သို့မဟုတ် ၁၃ ကြိမ်မြောက် တရုတ် နိုင်ငံတကာလေကြောင်းနှင့် လေယာဉ်တည်ဆောက်မှုနည်းပညာပြပွဲတွင် တရုတ်နိုင်ငံ၏ ကိုယ်တိုင်ထုတ်လုပ်သော လေကြောင်းထုတ်ကုန်များအား အဓိကပြသမှုများစွာအနက် AG600 သည် ဝေဟင်မှမီးငြှိမ်းသတ်ခြင်းစွမ်းရည်များ ပါဝင် ပြသမည်ဖြစ်ကြောင်း AVIC ပြောရေးဆိုခွင့်ရှိသူ Zhou Guoqiang က ပြောခဲ့သည်။

ဝေဟင်မှရေဖျန်းခြင်း တင်ဆက်ပြသမှုသည် ကုန်း၊ ရေနှစ်သွယ်သွား လေယာဉ်ပုံစံ၏ မီးငြှိမ်းသတ်ခြင်းစွမ်းရည်များကို အပြည့်အဝပြသမည်ဖြစ်ကြောင်း Zhou က ဆိုသည်။

ခွန်းလုံ Kunlong ဟု အမည်ဝှက်ပေးထားသော AG600 လေယာဉ်သည် တရုတ်နိုင်ငံ၏ အရေးပေါ်ကယ်ဆယ်ရေးစနစ်ရှိ လေယာဉ်ပညာနှင့်ပတ်သက်သော ကိရိယာ၏ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းလေယာဉ်ကို မီးငြှိမ်းသတ်ခြင်းနှင့် ပင်လယ်ရေကြောင်းကယ်ဆယ်ရေးမစ်ရှင်များအပြင် အခြားသော အရေးပေါ်အခြေအနေ ကယ်ဆယ်ရေးလုပ်ငန်းများအတွက် လိုအပ်ချက်များနှင့် ကိုက်ညီစေရန် AVIC က တီထွင်ထုတ်လုပ်ထားခြင်းဖြစ်သည်။

ယခုနှစ်၏ တရုတ်နိုင်ငံ လေကြောင်းပြပွဲအား စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၃ ရက်အထိ တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်တောင်ပိုင်း ကျူးဟိုင်မြို့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)

China’s AG600 amphibious aircraft to perform flights at Airshow China

BEIJING, Sept. 2 (Xinhua) — China’s independently developed AG600 large amphibious aircraft will perform its first airshow flight at the upcoming Airshow China, according to its developer, the Aviation Industry Corporation of China (AVIC).

Among multiple key exhibits of China’s self-developing aviation products, the AG600 will show its capacities of aerial water-dropping at Airshow China, or the 13th China International Aviation and Aerospace Exhibition, said the AVIC spokesperson Zhou Guoqiang.

The water-dropping performance will fully display the firefighting capacities of this large amphibious aircraft model, Zhou said.
Code-named Kunlong, the AG600 is a key piece of aeronautical equipment in China’s emergency rescue system. It is developed by the AVIC to meet the needs of firefighting and marine rescue missions, as well as other critical emergency rescue operations.

This year’s Airshow China will be held from Sept. 28 to Oct. 3 in Zhuhai, south China’s Guangdong Province. Enditem
Photo : The AG600, codenamed Kunlong, slides on the water surface in Qingdao, east China’s Shandong Province, on July 26, 2020. (Photo provided to Xinhua)