Connect with us

Social, Education & Health

တရုတ်သူနာပြုသုံးဦး ဖလောရင့်နိုက်တင်ဂေးဆု ချီးမြှင့်ခံရ

ပေကျင်း ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်သူနာပြုသုံးဦးသည် ကျန်းမာရေးစောင့်ရှောက်မှုများတွင် ၎င်းတို့၏ ထူးချွန်ပြောင်မြောက်သော ပံ့ပိုးမှုများအတွက် စက်တင်ဘာ ၂ ရက်တွင် ဖလောရင့်နိုက်တင်ဂေးဆုတံဆိပ် ချီးမြှင့်ခံရကြောင်း သိရသည်။တရုတ်နိုင်ငံ ကြက်ခြေနီအသင်း(RCSC)၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ ၊ ဒုတိယသမ္မတ ဝမ်ချီစန်းသည် သူနာပြုများကို ပေကျင်းမြို့ ပြည်သူ့ခန်းမကြီး၌ ပြုလုပ်သည့် အခမ်းအနား၌ ဆုတံဆိပ်များအသီးသီး ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆုတံဆိပ်ရရှိသူများမှာ ကွမ်တုန်းပြည်နယ်မှ ချိန်စိုကျန်း ၊ ကျန်းရှီးပြည်နယ်မှ ဟူမင်ဟွာ နှင့် ကန်းစုပြည်နယ်မှ ထောရာလိတို့ ဖြစ်ကြောင်း သိရသည်။
ယင်းဆုတံဆိပ်ကို ယခုနှစ်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ သူနာပြု ၂၅ ဦး ရရှိခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် တရုတ်နိုင်ငံသည် ဖလောရင့်နိုက်တင်ဂေးဆုတံဆိပ်အား အများဆုံးအပ်နှင်းခံရကြောင်း တရုတ်နိုင်ငံတော်ကောင်စီ ဝမ်းယန်က မှတ်ချက်ပြုခဲ့ပြီး ဆုချီးမြှင့်ခံရသည့် သူနာပြုများသည် အဓိကဆိုရှယ်လစ်တန်ဖိုးများ နှင့် စာနာရိုင်းပင်းပြီး လူသားဆန်သည့် ကြက်ခြေနီစိတ်ဓာတ် နှင့် စွန့်လွှတ်အနစ်နာခံမှုတို့ကို လက်တွေ့ထုတ်ဖော်ပြသခဲ့ကြောင်း ပြောကြားခဲ့သည်။

ဝမ်းယန်က နိုင်ငံအနှံ့ရှိ သူနာပြုများကို ဆုရရှိသူများထံမှ သင်ယူကြရန် နှင့် ပြည်သူများ၏ ကျန်းမာရေး တိုးတက်ကောင်းမွန်စေရေး ၊ ကျန်းမာသည့် တရုတ်နိုင်ငံ တည်ဆောက်ရေး လုပ်ငန်းစဉ်များအား လုပ်ဆောင်သွားရန် နှင့် လူသားချင်းစာနာထောက်ထားမှုကို မြှင့်တင်သွားရန် အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် တိုက်တွန်းခဲ့ကြောင်း သိရသည်။

၁၉၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် ဖလောရင့်နိုက်တင်ဂေးဆုသည် သူနာပြုများအတွက် အမြင့်ဆုံးနိုင်ငံတကာဂုဏ်ထူးဆောင် ဆုဖြစ်သည်။ ၁၉၈၃ ခုနှစ်တွင် တရုတ်နိုင်ငံက ကိုယ်စားလှယ်လောင်းများအား စတင်အဆိုပြုချိန်မှစ၍ စုစုပေါင်း တရုတ်သူနာပြု ၈၃ ဦး ဆုချီးမြှင့်ခံခဲ့ရကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)
Three Chinese nurses awarded Florence Nightingale Medal

BEIJING, Sept. 2 (Xinhua) — Three Chinese nurses were awarded the Florence Nightingale Medal on Thursday for their outstanding contributions to healthcare.
Wang Qishan, Chinese vice president and honorary president of the Red Cross Society of China (RCSC), presented the medals to the nurses at a ceremony at the Great Hall of the People in Beijing.
The Chinese awardees are Cheng Shouzhen from Guangdong Province, Hu Minhua from Jiangxi Province, and Tuo Yali from Gansu Province.

A total of 25 nurses from 18 countries won the medal this year.
Noting that China has the most recipients of the Florence Nightingale Medal this year, State Councilor Wang Yong said that the awarded nurses demonstrated the core socialist values and the Red Cross spirit of humanity, compassion, and dedication.

When addressing the ceremony, Wang Yong called on nurses across the country to learn from the awardees and make progress in improving people’s health, building a healthy China, and promoting the humanitarian cause.

The Florence Nightingale Medal, introduced in 1912, is the highest international honor for nurses. A total of 83 Chinese nurses have won the award since the country began to recommend candidates in 1983. Enditem

Photo – Wang Qishan, Chinese vice president and honorary president of the Red Cross Society of China (RCSC), presents the medals to the nurses at a ceremony at the Great Hall of the People in Beijing, capital of China, Sept. 2, 2021. Three Chinese nurses were awarded the Florence Nightingale Medal on Thursday for their outstanding contributions to healthcare. (Xinhua/Liu Bin)