Connect with us

Eastern Europe

အာဖဂန်နစ္စတန်နိုင်ငံတွင် နှစ်ပေါင်း ၂၀ ကြာ အမေရိကန်၏ လက်ဆောင်မှာ “ ဘေးဒုက္ခကြီး” ဟု ရုရှားပြော

မော်စကို ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံတွင် ဆယ်စုနှစ် ခုနှစ်ကျော်ကြာ အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုမှာ “ ရိုးရှင်းသောရှုံးနိုမ့်မှုတစ်ခုမဟုတ်ဘဲ ဘေးဒုက္ခကြီးတစ်ခုသာဖြစ်” ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က စက်တင်ဘာ ၂ ရက်တွင်ပြောကြားခဲ့သည်။အကြမ်းဖက်ဝါဒ ၊ မူးယစ်ဆေးဝါးမှောင်ခိုမှု နှင့် လူနေမှုအဆင့်အတန်းနိုမ့်ကျခြင်း စသည့်ပြဿနာရပ်များစွာကို မဖြေရှင်းနိုင်ခဲ့ကြောင်း ၊ သို့သော် ပို၍ပင် ဆိုးရွားသွားစေခဲ့ကြောင်း အပတ်စဉ်ပုံမှန်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအတွင်း Zakharova က ဆိုသည်။

“ နိုင်ငံတကာညွန့်ပေါင်းတပ်ဖွဲ့လုပ်ဆောင်ချက်ရဲ့ နောက်ဆုံး လက်ကွက်ကတော့ အမေရိကန်ဒရုန်းတိုက်ခိုက်မှုတစ်ခုကြောင့် အရပ်သားပြည်သူတွေ သေဆုံးခဲ့ရခြင်းပါပဲ ” ဟု ၎င်းက ဆိုသည်။ ထိုသို့ “ သေချာစဉ်းစားဆင်ခြင်မှုမလုပ်ဘဲ အင်အားသုံးတိုက်ခိုက်မှု” မျိုးကို ရုရှားနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအမျိုးသမီး Zakharova က အာဖဂန်နစ္စတန်နိုင်ငံတွင် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းတစ်ခုကို ကာကွယ်တားဆီးရန်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ထိရောက်သော အရေးယူဆောင်ရွက်မှုများပြုလုပ်သွားရန် တောင်းဆိုခဲ့ပြီး အာဖဂန်နစ္စတန်နိုင်ငံရှိ နိုင်ငံရေးအင်အားစုများ နှင့် တိုင်းရင်းသားမျိုးနွယ်စုများအားလုံး ပါဝင်သော “အားလုံးပါဝင်သည့် အစိုးရအဖွဲ့တစ်ရပ်” ဖွဲ့စည်းရန်အတွက် ရုရှားနိုင်ငံက ထောက်ခံအားပေးကြောင်း ထပ်လောင်းပြောကြားခဲ့သည်။(Xinhua)

———————————————-
(English Version)

Russia calls 20 years of U.S. presence in Afghanistan “catastrophe”

MOSCOW, Sept. 2 (Xinhua) — The U.S. mission in Afghanistan over the past two decades “was not simply a failure, but a catastrophe,” Russian Foreign Ministry spokesperson Maria Zakharova said Thursday.

The problems of terrorism, drug trafficking and low living standards were not resolved but even exacerbated, Zakharova said during her weekly briefing.

“The final chord of the international coalition’s military presence was the death of civilians as a result of an American drone strike,” she said, adding that Russia strongly condemns such “indiscriminate use of force.”

In addition, Zakharova called on the international community to take effective actions to prevent a humanitarian crisis in Afghanistan, and reiterated Russian support for an inclusive government with the participation of all ethnic and political groups.

A paratrooper conducts security at Hamid Karzai International Airport in Kabul, Afghanistan, on Aug. 29, 2021. (U.S. Army Photo by Master Sgt. Alexander Burnett/Handout via Xinhua)