Connect with us

China

တရုတ်နိုင်ငံ၏ ၃၈ ကြိမ်မြောက် အန္တာတိတ်ဒေသ စူးစမ်းလေ့လာရေး ခရီးစဉ် စတင်

၂၀၁၉ ခုနှစ်၊ မေ ၃၁ ရက် တွင် ရိုက်ကူးထားသော ဝင်ရိုးစွန်းရေခဲခွဲသင်္ဘော "Xuelong 2" သင်္ဘောအားတွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ရေခဲပြင်ခွဲသင်္ဘော Xuelong သို့မဟုတ် နှင်းနဂါး သင်္ဘောသည် ၃၈ ကြိမ်မြောက် အန္တာတိတ်ဒေသ စူးစမ်းလေ့လာရေးခရီးစဉ် စတင်ရန် နိုဝင်ဘာ ၅ ရက်က ရှန်ဟိုင်းမြို့မှ ထွက်ခွာခဲ့ကြောင်း သိရသည်။

ဤသိပ္ပံလေ့လာရေးခရီးစဉ်အတွင်း တောင်ဝင်ရိုးစွန်းရှိ ရေမျက်နှာပြင်ပြောင်းလဲမှု၊ မိုးလေဝသနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများနှင့် အန္တာတိကသမုဒ္ဒရာအတွင်း ပလတ်စတစ်အပိုင်းအစများနှင့် လွင့်မြောနေသော အမှိုက်များကဲ့သို့သော ညစ်ညမ်းမှုအသစ်များကို စောင့်ကြည့်ခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Xuelong သင်္ဘောသည် ဒေသတွင်းရှိ တရုတ်နိုင်ငံ Zhongshan စခန်းနှင့် Great Wall စခန်းသို့ ထောက်ပံ့မှုများနှင့် အလှည့်ကျဝန်ထမ်းများကို တင်ဆောင်သွားမည်ဖြစ်သည်။

သင်္ဘောပေါ်ရှိ သုတေသီ ၁၅၄ ဦး၏ ပထမအသုတ်သည် လာမည့်နှစ် ဧပြီလလယ်တွင် တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ (Xinhua)

…………………………………………
(English Version)
China’s 38th Antarctic expedition begins
SHANGHAI, Nov. 5 (Xinhua) — China’s research icebreaker Xuelong, or Snow Dragon, set off from Shanghai on Friday, marking the start of the country’s 38th Antarctic expedition.
Hydrological, meteorological and environmental investigations in the South Pole, and monitoring of new pollutants such as microplastics and drifting garbage in the Antarctic Ocean will be carried out during this scientific expedition.
Xuelong will also carry supply and rotational staff to China’s Zhongshan Station and Great Wall Station in the region.
The first batch of 154 researchers on the ship will return to China in mid-April next year. Enditem