Connect with us

Science & Technology

တရုတ်နိုင်ငံ၏ CERES-1 Y2 စီးပွားဖြစ်ဒုံးပျံဖြင့် ဂြိုဟ်တု ၅ လုံး လွှတ်တင်

ကျိုချွမ် ၊ ဒီဇင်ဘာ ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ CERES-1 Y2 သယ်ဆောင်ရေးဒုံးပျံအား ဒီဇင်ဘာ ၇ ရက်တွင် လွှတ်တင်ခဲ့ကြောင်း သိရသည်။အဆိုပါဒုံးပျံကို ဒုံးလွှတ်စင်မှ ပေကျင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၁၂ မိနစ်အချိန်တွင် ပစ်လွှတ်ခဲ့ပြီး စီစဉ်ထားသည့်အတိုင်း ပတ်လမ်းအတွင်းသို့ အသေးစားဂြိုဟ်တု ၅ လုံးအား လွှတ်တင်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဒီဇင်ဘာ ၇ ရက်တွင် CERES-1 Y2 သယ်ဆောင်ရေးဒုံးပျံအား ပစ်လွှတ်နေစဉ်(ဆင်ဟွာ)

ပေကျင်းမြို့အခြေစိုက် နည်းပညာမြင့်ကုမ္ပဏီ Galactic Energy က ဖန်တီးထုတ်လုပ်သည့် CERES-1 သည် မိုက်ခရိုဂြိုဟ်တုများအား ပတ်လမ်းအတွင်းသို့ လွှတ်တင်နိုင်သည့် အသေးစား သယ်ဆောင်ရေး ဒုံးပျံဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဒီဇင်ဘာ ၇ ရက်တွင် CERES-1 Y2 သယ်ဆောင်ရေးဒုံးပျံအား ပစ်လွှတ်နေစဉ်(ဆင်ဟွာ)

CERES-1 သည် စုစုပေါင်း အရှည် ၂၀ မီတာ ရှိပြီး အလေးတန် ၃၃ တန်ဖြင့် ပျံတက်နိုင်ကြောင်း ၊ အမြင့်ပေ ကီလိုမီတာ ၅၀၀ တွင် sun-synchronous ပတ်လမ်းသို့ ဝန်ချိန် ၃၀၀ ကီလိုဂရမ်အား သယ်ဆောင်နိုင်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကျိုချွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဒီဇင်ဘာ ၇ ရက်တွင် CERES-1 Y2 သယ်ဆောင်ရေးဒုံးပျံအား ပစ်လွှတ်နေစဉ်(ဆင်ဟွာ)

CERES-1 Y2 ဒုံးပျံပေါ်ရှိ စီးပွားဖြစ်ဂြိုဟ်တု ၅ လုံးသည် အနီအောက်ရောင်ခြည် စောင့်ကြည့်လေ့လာခြင်း ၊ သိပ္ပံနည်းကျ စမ်းသပ်မှုများ နှင့် အဝေးမှ အာရုံခံခြင်းများအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း Galactic Energy ကုမ္ပဏီထံမှ သိရသည်။ ယင်းမှာ CERES-1 ဒုံးပျံစီးရီးများ၏ ဒုတိယမြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း သိရသည်။ (Xinhua)

—————————————————-
(English Version)

China’s CERES-1 Y2 commercial rocket launches 5 satellites

JIUQUAN, Dec. 7 (Xinhua) — China on Tuesday launched its CERES-1 Y2 carrier rocket from the Jiuquan Satellite Launch Center in northwest China.
The rocket blasted off at 12:12 p.m. (Beijing Time) from the launch site, sending five small satellites into the planned orbit.

Developed by Beijing-based high-tech company Galactic Energy, CERES-1 is a small-scale carrier rocket capable of sending micro-satellites into orbit.

It has a total length of 20 meters, with a takeoff mass of 33 tonnes. It can carry a payload of 300 kg to a sun-synchronous orbit at an altitude of 500 km.

The five commercial satellites onboard the CERES-1 Y2 rocket will be used for infrared observation, scientific experiments and remote sensing, according to Galactic Energy.It was the second flight mission of the CERES-1 rocket series. Enditem

Photo 1 – A CERES-1 Y2 carrier rocket blasts off from the Jiuquan Satellite Launch Center in northwest China, Dec. 7, 2021. The rocket blasted off at 12:12 p.m. (Beijing Time) from the launch site, sending five small satellites into the planned orbit. It was the 2nd flight mission of the CERES-1 rocket series. (Photo by Wang Jiangbo/Xinhua)

Photo 2 – A CERES-1 Y2 carrier rocket blasts off from the Jiuquan Satellite Launch Center in northwest China, Dec. 7, 2021. The rocket blasted off at 12:12 p.m. (Beijing Time) from the launch site, sending five small satellites into the planned orbit. It was the 2nd flight mission of the CERES-1 rocket series. (Photo by Wang Jiangbo/Xinhua)

Photo 3 – A CERES-1 Y2 carrier rocket blasts off from the Jiuquan Satellite Launch Center in northwest China, Dec. 7, 2021. The rocket blasted off at 12:12 p.m. (Beijing Time) from the launch site, sending five small satellites into the planned orbit. It was the 2nd flight mission of the CERES-1 rocket series. (Photo by Wang Jiangbo/Xinhua)

Photo 4 – A CERES-1 Y2 carrier rocket blasts off from the Jiuquan Satellite Launch Center in northwest China, Dec. 7, 2021. The rocket blasted off at 12:12 p.m. (Beijing Time) from the launch site, sending five small satellites into the planned orbit. It was the 2nd flight mission of the CERES-1 rocket series. (Photo by Wang Jiangbo/Xinhua)