Connect with us

Economy

တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် နှင့် RCEP အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှု ၉ လအတွင်း ၁၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်

ကွေ့ယန် ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ် နှင့် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP) အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုသည် ယခုနှစ် ပထမ ၉ လအတွင်း ယွမ် ၁၂ ဒသမ ၁၇ ဘီလီယံ(အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလီယံခန့်) ရှိခဲ့ရာ ယခင်နှစ်ကထက် ၁၆ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ကွေ့ယန်အကောက်ခွန်ဌာနမှ သိရသည်။ပို့ကုန်များတွင် ဓာတ်မြေဩဇာ ၊ တာယာများ ၊ လက်ဖက်ခြောက် ၊ ဂီတာများ အဓိကပါဝင်ပြီး အဓိကသွင်းကုန်များမှာ သတ္တုတွင်းထွက်များ နှင့် ရာဘာများ ဖြစ်ကြောင်း အကောက်ခွန်ဌာနက ဆိုသည်။

ကွေ့ကျိုးပြည်နယ် နှင့် RCEP အဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုသည် ပြည်နယ်၏ စုစုပေါင်း ပြည်ပကုန်သွယ်မှု၏ ၃၀ ရာခိုင်နှုန်းခန့်ရှိကြောင်း အချက်အလက်များတွင် ဖော်ပြထားသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် စတင်အသက်ဝင်မည့် ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆက်ဆံမှု(RCEP)သဘောတူညီချက်သည် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်ဖြစ်ပြီး ကမ္ဘာ့လူဦးရေ၏ ၃၀ ရာခိုင်နှုန်းခန့်ကို လွှမ်းခြုံထားနိုင်မည်ကြောင်း သိရသည်။ (Xinhua)
#Guizhou #Trade #RCEP #ကွေ့ကျိုးပြည်နယ် #ကုန်သွယ်မှု #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

—————————————
(English Version)
Trade between China’s Guizhou, RCEP member countries up 16.6 pct in Q1-Q3
GUIYANG, Nov. 6 (Xinhua) — Trade between southwest China’s Guizhou Province and the Regional Comprehensive Economic Partnership (RCEP) member countries grew by 16.6 percent year on year to about 12.17 billion yuan (about 1.9 billion U.S. dollars) in the first three quarters of this year, said Guiyang customs.
Exports mainly include fertilizer, tires, tea, guitars and main imports are metal minerals and rubber, the customs said.
Data also showed that the trade between Guizhou and RCEP member countries has accounted for about 30 percent of the province’s total foreign trade.
The Regional Comprehensive Economic Partnership (RCEP) agreement, which will take effect on Jan. 1, 2022, is the world’s largest free trade agreement, covering about 30 percent of the world’s population. ■
Photo – Aerial photo taken on July 7, 2021 shows residents taking a walk at Guanshanhu Park in Guiyang, southwest China’s Guizhou Province. (Xinhua/Yang Wenbin)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.