Connect with us

China

တရုတ်နိုင်ငံ ဆန်ရှီးပြည်နယ်၏ နိုင်ငံခြားကုန်သွယ်ရေးမှာ ဇန်နဝါရီမှ အောက်တိုဘာလအထိ စံချိန်တင်မြင့်တက်လျက်ရှိ

သွင်းကုန်မော်တော်ယာဉ်များ တင်ဆောင်လာသည့် ကုန်တင်ရထားတစ်စီးအား တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် မြို့တော် ရှီးအန်းရှိ ကွန်တိန်နာဂိတ်တွင် ၂၀၁၈ ခုနှစ် ဇွန် ၁၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရှီးအန်း၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း နိုင်ငံခြားကုန်သွယ်မှုပမာဏသည် တရုတ်ယွမ်ငွေ ၃၉၀.၁ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံခန့်) ရှိခဲ့ပြီး ၂၆.၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဒေသတွင်းအကောက်ခွန်အာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ယင်းပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှုကိန်းဂဏန်းများသည် ယမန်နှစ် စုစုပေါင်းပမာဏကို ကျော်လွန်ခဲ့ကြောင်း ပြည်နယ်မြို့တော် ရှီးအန်း အကောက်ခွန်ဌာနက ပြောကြားခဲ့သည်။

အဆိုပါကာလအပိုင်းအခြားအတွင်း ဆန်ရှီးပြည်နယ်၏ ပို့ကုန်ပမာဏသည် တရုတ်ယွမ်ငွေ ၂၀၉.၁၇ ဘီလီယံအထိရှိပြီး ယမန်နှစ်ကထက် ၃၃.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ခြင်းဖြစ်သလို သွင်းကုန်သည်လည်း ယွမ် ၁၈၀.၉၈ ဘီလီယံနီးပါးဖြင့် ၁၉ ရာခိုင်နှုန်း တိုးတက်လာကြောင်း သိရသည်။

ဆန်ရှီးပြည်နယ်၏ စက်ပစ္စည်းနှင့်လျှပ်စစ်ပစ္စည်း တင်ပို့မှုသည် ယွမ် ၁၈၉ ဘီလီယံခန့်ဖြင့် ၃၇.၂ ရာခိုင်နှုန်းတိုးတက်လာရာ ပြည်နယ်တစ်ခုလုံးပို့ကုန်စုစုပေါင်း၏ ၉၀.၈ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။

အဆိုပါကာလအတွင်း ဆန်ရှီးပြည်နယ်နှင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ”တစ်လျှောက်နိုင်ငံများ၏ ကုန်သွယ်မှုဆက်ဆံရေးမှာ သွက်လက်မှုရှိခဲ့ရာ ၎င်းနိုင်ငံများနှင့်ကုန်သွယ်ရေးပမာဏသည် ယွမ် ၆၅ ဘီလီယံကျော်ရှိပြီး ယမန်နှစ်ကထက် ၂၉.၁ ရာခိုင်နှုန်းကျော် တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

————————————
(English Version)
Shaanxi’s foreign trade hits record high in Jan-Oct period
2021-11-19 10:49:24
XI’AN, Nov. 19 (Xinhua) — The foreign trade of northwest China’s Shaanxi Province increased by 26.5 percent to over 390.1 billion yuan (about 61 billion U.S. dollars) in the Jan.-Oct. period this year, according to local customs authorities.
The foreign trade figure of the province has exceeded last year’s total, said customs of the provincial capital Xi’an.
During the period, the province’s exports stood at 209.17 billion yuan, up by 33.9 percent year on year, while its imports rose by 19 percent to nearly 180.98 billion yuan.
The export of Shaanxi’s mechanical and electrical products grew by 37.2 percent to about 189 billion yuan, accounting for about 90.8 percent of the province’s total.
Shaanxi saw active trade relations with countries along the Belt and Road during the period, registering a total trade of over 65 billion yuan with these countries, up by 29.1 percent year on year. ■

Photo1: A freight train loaded with imported vehicles arrives at the container terminal in Xi’an, capital of northwest China’s Shaanxi Province, on June 13, 2018. (Xinhua/Li Yibo)