Connect with us

Science & Technology

တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် စတုတ္ထအကျော့ nucleic acid စစ်ဆေးခြင်း စတင်မည်

ထျန်းကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းမြို့တွင် ဇန်နဝါရီ ၂၀ ရက် နံနက် ၆ နာရီတွင် မြို့တစ်ခွင် စတုတ္ထအကျော့ nucleic acid စစ်ဆေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးဌာနချုပ်က ပြောကြားခဲ့သည်။ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်ပေးရန်၊ ကူးစက်ရောဂါ ထပ်မံပျံ့နှံ့မှုကို တားဆီးရန်နှင့် ရှိနှင့်ပြီးသား ရလဒ်များကို အားဖြည့်ပေးရန် ရည်ရွယ်လျက် လူထုရောဂါစစ်ဆေးခြင်းအား အချိန် ၂၄ နာရီခန့်အတွင်း ပြီးစီးရန် လျာထားကြောင်း ယင်းဌာနက ဖြည့်စွက်ဖော်ပြထားသည်။

ပေကျင်းမြို့အနီး၊ လူဦးရေ ၁၃.၉ သန်းရှိသော ထျန်းကျင်းမြို့တွင် ဇန်နဝါရီ ၉ ရက်မှစ၍ မြို့တစ်ခွင် လူထုရောဂါစစ်ဆေးခြင်း တတိယအကျော့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထျန်းကျင်းမြို့တွင် နောက်ဆုံးတစ်ကျော့ပြန် ရောဂါကူးစက်မှုများသည် ဇန်နဝါရီ ၈ ရက်၌ ပထမဆုံး သတင်းဖော်ပြခဲ့ပြီး ပထမဆုံး ပြည်တွင်းကူးစက်မှု အတည်ပြုလူနာများ၏ မျိုးရိုးဗီဇအစီအစဉ်တွင် အထူးသတိပြုစောင့်ကြည့်ရမည့် အိုမီခရွန် မျိုးဗီဇပြောင်းဗိုင်းရပ်စ် (VOC/Omicron variant) ဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

ဇန်နဝါရီ ၈ ရက်မှစတင်၍ ရောဂါကူးစက်မှု တစ်ကျော့ပြန်ဖြစ်ပွားရာတွင် ဇန်နဝါရီ ၁၀ ရက်အထိ COVID-19 ရောဂါပြည်တွင်းကူးစက်မှု အတည်ပြုလူနာ စုစုပေါင်း ၃၁၂ ဦးနှင့် ရောဂါလက္ခဏာမပြသူ ၂၂ ဦးရှိကြောင်း သိရသည်။ (Xinhua)
…………………………………………
(English Version)

China’s Tianjin to launch 4th citywide nucleic acid testing

2022-01-19 16:23:06
TIANJIN, Jan. 19 (Xinhua) — North China’s Tianjin Municipality will launch the fourth round of citywide nucleic acid testing at 6 a.m. Thursday, said the municipal epidemic prevention and control headquarters.

The mass testing, with the aim to protect people’s health, curb the further spread of the epidemic and reinforce the existing outcome, is scheduled to be completed in about 24 hours, it added.

The municipality of 13.9 million people that neighbors Beijing has conducted three rounds of citywide mass testing since Jan. 9.
The infections in the latest resurgence in Tianjin were first reported on Jan. 8, and the gene sequencing found the first two locally transmitted confirmed cases were the VOC/Omicron variant.

As of Monday, a total of 312 locally transmitted confirmed COVID-19 cases and 22 asymptomatic cases have been detected in this resurgence that started on Jan. 8. Enditem

Photo : Aerial photo taken on Jan. 9, 2022 shows a testing site for nucleic acid test in Nankai District of north China’s Tianjin. (Xinhua/Sun Fanyue)