Connect with us

China

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှု စံချိန်တင်မြင့်တက်

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၊ ကျိန့်ကျိုးမြို့ရှိ ဖူထျန့်ဘူတာမှ ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီးမြိုသို့ ထွက်ခွာနေသော တရုတ်-ဥရောပ ကုန်တင်ရထားအား ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်၏ သွင်းကုန်နှင့် ပို့ကုန်မှာ ယမန်နှစ်က ယွမ် ၈၂၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၂၉ ဘီလီယံခန့်) ရှိခဲ့ကြောင်း ကျိန့်ကျိုး အကောက်ခွန်အရ သိရသည်။

ဟဲနန်ပြည်နယ်၏ နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးမှာ ပထမဆုံးအကြိမ်အဖြစ် ယွမ် ၈၀၀ ဘီလီယံကျော်ရှိခဲ့ပြီး နှစ်စဉ် ၂၂.၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ပြည်နယ်မြို့တော် အကောက်ခွန်ဌာနက ပြောကြားခဲ့သည်။

၂၀၂၁ ခုနှစ်တွင် ဟဲနန်ပြည်နယ်၏ ပြည်ပကုန်သွယ်မှုအတွက် ထိပ်တန်းဈေးကွက်သုံးခုမှာ အမေရိကန်၊ အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) ၊ ဥရောပသမဂ္ဂ (EU) တို့ဖြစ်ကြောင်း သိရသည်။

ပေါင်းစပ်ဆားကစ်များ (integrated circuits) ၊ အော်ဒီယိုနှင့် ဗီဒီယိုအစိတ်အပိုင်းများ၊ သတ္တုရိုင်းများ စသည်တို့သည် အဓိက သွင်းကုန်များဖြစ်သလို မိုဘိုင်းဖုန်းများ၊ အလုပ်သမားအင်အားသုံးထုတ်ကုန်များ၊ လူသားဆံပင်များဖြင့်ပြုလုပ်ထားသော ကုန်စည်များသည် အဓိကပို့ကုန်များတွင် ပါဝင်သည်။

ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံနှင့် ဒေသများနှင့် ဟဲနန်ပြည်နယ်၏ ကုန်သွယ်မှုပမာဏသည် ယမန်နှစ်က ၁၆.၄ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ယွမ် ၁၈၂.၅ ဘီလီယံ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………………
(English Version)
Foreign trade of China’s Henan hits record high
Source: XinhuaEditor: huaxia2022-01-19 16:02:01
ZHENGZHOU, Jan. 19 (Xinhua) — Imports and exports of central China’s Henan Province topped nearly 821 billion yuan (about 129 billion U.S. dollars) last year, according to Zhengzhou customs.
The foreign trade volume of Henan exceeded 800 billion yuan for the first time, posting an yearly rise of 22.9 percent, said the customs of the provincial capital.
The top three markets for Henan’s foreign trade in 2021 were the United States, the Association of Southeast Asian Nations (ASEAN), and the European Union (EU).
Mobile phones, labor-intensive products, items made out of human hair were among the main exports, while integrated circuits, audio and video parts, and metal ores were the main imports.
The province’s trade volume with countries and regions along the Belt and Road grew 16.4 percent year on year, reaching more than 182.5 billion yuan. ■
Photo : Aerial photo shows a China-Europe freight train bound for Helsinki, Finland departing from Putian Station of Zhengzhou, central China’s Henan Province, Nov. 20, 2020. (Xinhua/Hao Yuan)