Connect with us

Science & Technology

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် မောင်းသူမဲ့ 5G နည်းပညာသုံး လေသင်္ဘော စမ်းသပ်ပျံသန်းမှု ပြီးစီး

ကူမင်း၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းတွင် 5G ကွန်ရက်တပ်ဆင်ထားပြီး ဟီလီယံဓာတ်ငွေ့ဖြင့် အမြင့်တက်နိုင်သော မောင်းသူမဲ့လေသင်္ဘောအား အောင်မြင်စွာစမ်းသပ်ပျံသန်းနိုင်ခဲ့ကြောင်း သိရသည်။အဆိုပါ လေသင်္ဘောသည် အနာဂတ်တွင် အရေးပေါ်ကယ်ဆယ်ရေးနှင့် သဘာဝဘေးအန္တရာယ်လျော့ပါးရေး အတွက် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ထားသည်။

5G အခြေစိုက်စခန်းဖြင့် တပ်ဆင်ထားသော “5G Cloud One” လေသင်္ဘောသည် ရွှံ့ညွံပြိုကျခြင်း၊ မြေပြိုခြင်းနှင့် ရေကြီးခြင်းကဲ့သို့ သဘာဝဘေးအန္တရာယ် မကြာခဏကြုံတွေ့နေရသော ယူနန်ပြည်နယ်ရှိ Chuxiong Yi ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတွင် စမ်းသပ်မှုများစွာ ဆောင်ရွက်ခဲ့ပြီး မြေပြင်အထက် မီတာ ၃၀၀ ထိ ပျံသန်းခဲ့ကြောင်း သိရသည်။

ကီလိုဂရမ် ၂၀၀ ကျော် တင်ဆောင်နိုင်ပြီးနှင့် အချက်ပြသတင်းပေးပို့မှုဧရိယာ ၁၀၀ စတုရန်းကီလိုမီတာအထိ လွမ်းခြုံနိုင်ကာ အဆိုပါ လေသင်္ဘောသည် လေထဲတွင် ၁၅ ရက်ကြာ ရပ်နေနိုင်ပြီး လေပြင်းတိုက်ခတ်မှုအတွင်း ကြံ့ကြံ့ခံနိုင်ကြောင်း သိရသည်။

လေသင်္ဘောအား တီထွင်ဆန်းသစ်မှုရှိသော 5G ဆက်သွယ်ရေးနည်းပညာအပေါ် အခြေခံထားပြီး အချက်အလက်ကူးပြောင်းမှု နှေးကွေးခြင်းနှင့် သတင်းပေးပို့မှု အကန့်အသတ်ရှိခြင်းကဲ့သို့ အရေးပေါ်အခြေအနေများတွင် ပုံမှန်ဆက်သွယ်ရေးနည်းလမ်းများ ချို့ယွင်းမှုများအတွက် ထိထိရောက်ရောက် ပြုပြင်ပေးနိုင်မည်ဖြစ်ကြောင်း China Mobile ၏ ယူနန်ရုံးခွဲမှ အင်ဂျင်နီယာ Chen Guowei က ပြောခဲ့သည်။

၎င်းလေသင်္ဘောအား China Mobile ၏ ယူနန်ရုံးခွဲနှင့် Yunnan Innovation Institute of Beihang တက္ကသိုလ်နှင့် ဟွာဝေးနည်းပညာကုမ္ပဏီလီမိတက်တို့မှ ပူးတွဲတည်ဆောက်ထားခြင်း ဖြစ်သည်။ (Xinhua)

———————————————-
(English Version)

Unmanned 5G-enabled airship completes test flight in southwest China

KUNMING, Sept. 15 (Xinhua) — An unmanned helium-lifted airship equipped with 5G network has completed its test flight successfully in southwest China.
The airship aims to provide communication services for emergency rescue and disaster relief in the future.

Installed with a 5G base station, the airship “5G Cloud One” flew 300 meters above the ground undertaking a variety of tests in Chuxiong Yi Autonomous Prefecture in Yunnan Province — a region prone to natural disasters such as mudslide, landslide and flood.

With a payload of more than 200 kg and a signal coverage area of up to 100 square km, the airship can stay in the air for over 15 days and withstand strong winds.
The airship based on innovative 5G communication technology can effectively make up for the shortcomings of traditional communication methods in emergencies such as slow data transmission and limited coverage, said Chen Guowei, an engineer with the Yunnan branch of China Mobile.

The airship was jointly developed by the Yunnan branch of China Mobile, Yunnan Innovation Institute of Beihang University and Huawei Technologies Co., Ltd. Enditem
Photo : Visitors watch exhibits displayed at the 5G telecommunication service section of the China International Fair for Trade in Services in Beijing, capital of China, on Sept. 5, 2020. (Xinhua/Zhang Chenlin)