Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ်တွင် ပြင်းအား ၆.၀ ရှိသော ငလျင်လှုပ်ခတ်မှုကြောင့် လူ ၂ ဦးသေဆုံး၊ ၃ ဦးဒဏ်ရာရ

ချိန်တူး၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် လူကျိုးမြို့ လူရှန်းနယ်မြေတွင် စက်တင်ဘာ ၁၆ ရက် နံနက် ၅ နာရီအထိ ပြင်းအား ၆.၀ ပမာဏရှိသော ငလျင်လှုပ်ခတ်ပြီးနောက် လူ ၂ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။သေဆုံးသူနှင့် ဒဏ်ရာရသူများမှာ လူရှန်းနယ်မြေ Fuji မြို့နယ် Caoba ကျေးရွာတွင်ဖြစ်ကြောင်း ဒေသခံအာဏာပိုင်များက ပြောခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် လူကျိုးမြို့ လူရှန်းနယ်မြေရှိ ပျက်စီးနေသော တိုက်ခန်းတစ်ခုအား စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နံနက် ၄:၃၃ နာရီတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် နေအိမ်အချို့ ပြိုကျခဲ့သည်။တရုတ်နိုင်ငံ ငလျင်ကွန်ရက်များစင်တာအဆိုအရ ငလျင်ဗဟိုချက်မှာ မြောက်လတ္တီကျု ၂၉.၂ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၀၅.၃၄ ဒီဂရီ၊ မြေအောက်အနက် ၁၀ ကီလိုမီတာဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် လူကျိုးမြို့ လူရှန်းနယ်မြေရှိ လူရှန်းပြည်သူ့ဆေးရုံတွင် ငလျင်ကြောင့် ဒဏ်ရာရရှိသူများအား ဆေးကုသပေးနေသော ကျန်းမာရေးဝန်ထမ်းများအား စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်အရ စီချွမ်းပြည်နယ် ငလျင်အန္တရာယ်လျော့ပါးရေးဌာနချုပ်က တရုတ်နိုင်ငံ၏ အဆင့် ၄ ဆင့်ရှိသော ငလျင်အရေးပေါ်အခြေအနေတုံ့ပြန်ရေးစနစ်တွင် ဒုတိယအမြင့်ဆုံးဖြစ်သည့် တုံ့ပြန်မှု အဆင့် ၂ အဖြစ် သတ်မှတ်ခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် လူကျိုးမြို့ လူရှန်းနယ်မြေရှိ လူရှန်းပြည်သူ့ဆေးရုံတွင် ငလျင်ကြောင့် ဒဏ်ရာရရှိသူများအား ဆေးကုသပေးနေသော ကျန်းမာရေးဝန်ထမ်းများအား စက်တင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ငလျင်လှုပ်ခတ်ပြီးနောက် လူကျိုးမြို့တွင် အရေးပေါ်အခြေအနေတုံ့ပြန်မှု အဆင့်-၁ ကြေညာခဲ့ကာ သဘာဝဘေးအန္တရာယ် စုံစမ်းစစ်ဆေးရေးနှင့် ကယ်ဆယ်ရေးအတွက် တပ်ဖွဲ့ဝင်များ စေလွှတ်ခဲ့ကြောင်း သိရသည်။ထပ်မံ၍ ကယ်ဆယ်ရေးလုပ်ငန်းများလည်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)

6.0-magnitude quake in SW China’s Sichuan kills 2, injures 3

CHENGDU, Sept. 16 (Xinhua) — As of 5 a.m. Thursday, two people were confirmed dead and three others injured after a 6.0-magnitude earthquake jolted Luxian County of Luzhou City, southwest China’s Sichuan Province.

The dead and injured were reported at Caoba Village, Fuji Township of Luxian County, local authorities said.
The earthquake, occurred at 4:33 a.m., has also caused the collapse of some houses.

According to the China Earthquake Networks Center, the epicenter was monitored at 29.2 degrees north latitude and 105.34 degrees east longitude. The quake struck at a depth of 10 km.

Approved by the provincial government, the earthquake relief headquarters of Sichuan has activated a level-II response, the second highest in China’s four-tier earthquake emergency response system.

After the quake, the Luzhou City has launched a level-I emergency response and sent personnel for disaster investigation and rescue.
Further rescue is under way. Enditem

1-Photo taken with a mobile phone on Sept. 16, 2021 shows debris from damaged buildings in Luxian County of Luzhou City in southwest China’s Sichuan Province. Sichuan Province has initiated a level-II emergency response after a 6.0-magnitude earthquake jolted Luxian County at 4:33 a.m. on Thursday (2033 GMT Wednesday). According to China Earthquake Networks Center, the epicenter was monitored at 29.2 degrees north latitude and 105.34 degrees east longitude. (Xinhua)

2- Photo taken with a mobile phone on Sept. 16, 2021 shows a damaged apartment in Luxian County of Luzhou City in southwest China’s Sichuan Province. Sichuan Province has initiated a level-II emergency response after a 6.0-magnitude earthquake jolted Luxian County at 4:33 a.m. on Thursday (2033 GMT Wednesday). According to China Earthquake Networks Center, the epicenter was monitored at 29.2 degrees north latitude and 105.34 degrees east longitude. (Xinhua)

3- Medical workers treat people injured in an earthquake at Luxian People’s Hospital in Luxian County, southwest China’s Sichuan Province, Sept. 16, 2021. Latest reports showed that three people were dead and 60 others injured in a 6.0-magnitude earthquake jolting Luxian County at 4:33 a.m. Thursday (2033 GMT Wednesday). The quake also damaged houses. (Photo by Gu Youcong/Xinhua)
4- Medical workers treat people injured in an earthquake at Luxian People’s Hospital in Luxian County, southwest China’s Sichuan Province, Sept. 16, 2021. Latest reports showed that three people were dead and 60 others injured in a 6.0-magnitude earthquake jolting Luxian County at 4:33 a.m. Thursday (2033 GMT Wednesday). The quake also damaged houses. (Photo by Gu Youcong/Xinhua)