Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ အရှေ့ပိုင်း နှင့် ရုရှားနိုင်ငံ မော်စကိုမြို့အကြား ကုန်တင်ရထားလမ်းကြောင်းသစ် ဖွင့်လှစ်

ဖူကျိုး ၊ ဇန်နဝါရီ ၁၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ အရှေ့ပိုင်း ဖူကျန့်ပြည်နယ် Quanzhou မြို့မှ ကုန်ပစ္စည်း ၄၄၅ တန် သယ်ဆောင်ထားသည့် ကုန်တင်ရထားသစ်တစ်စီးသည် ဇန်နဝါရီ ၁၈ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ဦးတည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။ယင်းမှာ Quanzhou မြို့မှ ပထမဆုံး တရုတ်-ဥရောပ ကုန်တင်ရထားလမ်းကြောင်း ဖြစ်ပြီး ပင်လယ်ရေကြောင်း ပိုးလမ်းမနှင့် ပတ်သက်၍ အရေးကြီးသော အစပြုသည့်အမှတ်တစ်ခု ဖြစ်ကြောင်း သိရသည်။

အဆိုပါရထားသည် ရက်ပေါင်း ၂၀ ခန့်အတွင်း Manzhouli နယ်စပ်ရထားဘူတာရုံမှတစ်ဆင့် ရုရှားနိုင်ငံ မော်စကိုမြို့သို့ ရောက်ရှိရန် စီစဉ်ထားပြီး ရေကြောင်းကုန်စည်ပို့ဆောင်ရေးနှင့် နှိုင်းယှဉ်ပါက ၂၅ ရက် လျော့နည်းသက်သာကြောင်း သိရသည်။

“ရထားဝန်ဆောင်မှုအသစ်က ကျွန်တော်တို့ရဲ့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်တွေကို သိသိသာသာ လျော့ကျသွားစေမှာ ဖြစ်ပါတယ်။”ဟု ကျန်းမာရေးနှင့်ညီညွှတ်သော ထုတ်ကုန် ထုတ်လုပ်သော ကုမ္ပဏီတစ်ခု ဖြစ်သည့် Mega Soft (China) ကုမ္ပဏီ၏ ဥက္ကဋ္ဌ Chen Hanhe က ပြောကြားခဲ့သည်။

ပို့ကုန် ဦးစားပေးမြို့တစ်မြို့ ဖြစ်သည့် Quanzhou မြို့၏ တင်ပို့မှုပမာဏသည် ၂၀၂၁ ခုနှစ်တွင် ယွမ်ဘီလီယံ ၂၀၀ (အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၅ ဘီလီယံခန့်) ကျော်လွန်ခဲ့ကြောင်း Quanzhou မြို့ကုန်သွယ်ရေးဗျူရို၏ ညွှန်ကြားရေးမှူး Zhang Xiaohong က ပြောကြားခဲ့သည်။

ပင်လယ်ရေကြောင်းပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံ နှင့် ဒေသများ နှင့် Quanzhou မြို့၏ ကုန်သွယ်မှုပမာဏသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်တွင် ယွမ်ဘီလီယံ ၁၀၀ ကျော်လွန်ခဲ့ကြောင်း ညွှန်ကြားရေးမှူး Zhang Xiaohong က ပြောကြားခဲ့ပြီး ကုန်တင်ရထားဝန်ဆောင်မှုအသစ်သည် မြို့၏ ပိုကုန်များအတွက် အရှိန်အဟုန်သစ် တိုးနိုင်မည် ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

…………………………………………
(Chinese Version)

New cargo train route between east China, Moscow opens

FUZHOU, Jan. 19 (Xinhua) — A new cargo train, loaded with 445 tonnes of goods, departed from Quanzhou, east China’s Fujian Province and headed for Moscow Tuesday.

This is the first China-Europe freight train route from Quanzhou, which is an important starting point on the Maritime Silk Road.
The train is scheduled to reach Moscow, Russia, via the border station of Manzhouli in about 20 days, saving 25 days compared with maritime shipping.

“The new train service will significantly lower our transport costs,” said Chen Hanhe, chairman of Mega Soft (China) Co., Ltd, a hygienic product manufacturer.

As an export-oriented city, Quanzhou’s export volume exceeded 200 billion yuan (about 31.5 billion U.S. dollars) in 2021, according to Zhang Xiaohong, director of Quanzhou’s bureau of commerce.

Quanzhou’s trade volume with countries and regions along the Maritime Silk Road surpassed 100 billion yuan last year, said Zhang, adding that the new cargo train service will add new momentum to the city’s export. ■

Photo – A China-Europe freight train heading for Moscow leaves Quanzhou, east China’s Fujian Province, Jan. 18, 2022. (Xinhua/Wei Peiquan)