Connect with us

China

တရုတ်ပြည်သူများထံမှ တရုတ်ကွန်မြူနစ်ပါတီ(CPC) အား ခွဲထုတ်ရန် မည်သည့်ကြိုးပမ်းမှုမျိုး မဆို “အရှုံးဖြစ်သာ အဆုံးသတ်မည်” ဟု ရှီပြောကြား

တရုတ်နိုင်ငံ ပေကျင်းမြို့ ထျန်အန်းမင်ရင်ပြင်၌ ယနေ့ ဇူလိုင် ၁ ရက် နံနက်ပိုင်းတွင် ကျင်းပပြုလုပ်နေသည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် အထွေထွေအတွင်းရေးမှူးချုပ်ရှီကျင့်ဖိန် မိန့်ခွန်းပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၁ ရက်(ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က တရုတ်ပြည်သူများထံမှ ပါတီအား ခွဲထုတ်ရန် သို့မဟုတ် ပါတီကိုဆန့်ကျင်ရေးအတွက် ပြည်သူများအား မီးထိုးရန် မည်သည့် ကြိုးပမ်းမှုမျိုးမဆို အရှုံးဖြစ်သာ အဆုံးသတ်သွားရမည်ဟု ယနေ့ ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်ဥက္ကဌ နှင့် သမ္မတလည်းဖြစ်သူ ရှီက တရုတ်ကွန်မြူနစ်ပါတီ(CPC) နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနား တက်ရောက်မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ တရုတ်ကွန်မြူနစ်ပါတီမှာ ပါတီဝင်ပေါင်း ၉၅ သန်းကျော်ရှိပါတယ် ။ အဲလိုတွေးဆနေတဲ့ (တရုတ်ပြည်သူများထံမှ ပါတီအား ခွဲထုတ်ရန် သို့မဟုတ် ပါတီကိုဆန့်ကျင်ရေးအတွက် ပြည်သူများအား မီးထိုးရန်) အနာဂတ် အခင်းအကျင်းပုံစံမျိုးဖြစ်လာဖို့ တရုတ်ပြည်သူ ၁.၄ ဘီလီယံကျော်က လုံးဝခွင့်ပြုမှာမဟုတ်ပါဘူး ” ဟု ရှီက ဆိုသည်။(Xinhua)

————————————
(English Version)
Any attempt to divide CPC from Chinese people “bound to fail”: Xi
BEIJING — Xi Jinping, general secretary of the Communist Party of China Central Committee, said Thursday that any attempt to divide the Party from the Chinese people or to set the people against the Party is bound to fail.
Xi, also Chinese president and chairman of the Central Military Commission, made the remarks when addressing a ceremony marking the centenary of the CPC.
“The more than 95 million Party members and the more than 1.4 billion Chinese people will never allow such a scenario to come to pass,” Xi said.