Connect with us

Science & Technology

တရုတ်အာကာသယာဉ်မှူးများက အာကာသမှနေ၍ ဟောင်ကောင်လူငယ်များနှင့် စကားစမြည်းပြောဆို

ဟောင်ကောင် ၊ စက်တင်ဘာ ၃ ရက်(ဆင်ဟွာ)

တရုတ်အာကာသယာဉ်မှူး သုံးဦးသည် အာကာသမှနေ၍ ဟောင်ကောင်လူငယ်ကိုယ်စားလှယ်များနှင့် စက်တင်ဘာ ၃ ရက် မွန်းလွှဲပိုင်းတွင် စကားစမြည်းပြောဆိုခဲ့ကြောင်း သိရသည်။အချိန်နှင့်တစ်ပြေးညီရုပ်သံပြောဆိုမှုအတွင်း Tiangong အာကာသစခန်းရှိ အာကာသယာဉ်မှူးများသည် လူငယ်များ၏ မေးခွန်းများကို ဖြေကြားပေးခဲ့ပြီး အာကာသယာဉ်မှူးများက အလေးချိန်မဲ့ပတ်ဝန်းကျင်တွင် လက်တွေ့သုတေသန လုပ်ဆောင်ပုံ ၊ လေ့ကျင့်ခန်း လုပ်ဆောင်ပုံ နှင့် ရေသောက်သုံးပုံများအား လက်တွေ့ပြသခဲ့ကြောင်း သိရသည်။

တရုတ်အာကာသယာဉ်မှူးများ ဖြစ်ကြသည့် နွဲ့ဟိုင်စိန့်၊ လျိုပေါ်မင်နှင့် ထန်းဟုန်ပေတို့သည် ဇွန်လတွင် Shenzhou-12 အာကာသယာဉ်ဖြင့် အာကာသအတွင်းသို့ သွားရောက်ခဲ့ကြသည်။
ယခုဖြစ်စဉ်သည် ဟောင်ကောင်ဒေသ၌ အာကာသနှင့်ဆက်စပ်သည့် လှုပ်ရှားမှုများ၏ နောက်ဆုံးဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

Chinese astronauts talk with Hong Kong youths from space

HONG KONG, Sept. 3 (Xinhua) — Three Chinese astronauts talked with Hong Kong youth representatives from space on Friday afternoon.
In a real-time video chat, the astronauts in the Tiangong space station answered questions from the youngsters and showed them how to conduct experiments, do exercise and drink water in a weightless environment.

Nie Haisheng, Liu Boming and Tang Hongbo were sent into space aboard the Shenzhou-12 spaceship in June.
The event was the latest of a series of space-related activities in Hong Kong. Enditem

Photo – Photo taken on Sept. 3, 2021 shows Hong Kong students asking questions to three astronauts in Tiangong space station via a video chat in Hong Kong, China. (Xinhua/Lui Siu Wai)