Connect with us

Politics, Law & Military

တရုတ်-ရုရှား ရေတပ် ပူးတွဲစစ်ရေးလေ့ကျင့်မှုက ခြိမ်းခြောက်မှုများကို တန်ပြန်ရန် စွမ်းရည်မြှင့်တင်ပေးပြီး ဒေသတွင်းငြိမ်းချမ်းရေးကို လုံခြုံစေကြောင်း ပြောရေးဆိုခွင့်ရှိသူ ပြောကြား

ပေကျင်း ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

တရုတ်-ရုရှား ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် ဒေသတွင်း လုံခြုံရေး နှင့် ငြိမ်းချမ်းရေးကို ထိန်းသိမ်းခြင်း နှင့် ပင်လယ်ပြင်၌ လုံခြုံရေးခြိမ်းခြောက်မှုများကို တန်ပြန်ရန် နှစ်ဘက်လုံး၏ စွမ်းရည်ကို မြှင့်တင်ပေးကြောင်း တရုတ်တပ်မတော်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။နိုင်ငံတော်ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Tan Kefei က ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံအကြား စစ်ဘက်ဆက်ဆံရေးကို နက်ရှိုင်းလာစေခဲ့ကြောင်း ပြောကြားခဲ့သည်။ မျှော်လင့်မထားသော အခြေအနေများကို ဖြေရှင်းရာတွင် ညှိနှိုင်းဆောင်ရွက်မှုအတွက် နှစ်ဘက်လုံးမှ တပ်မှူးများ၏ စွမ်းရည်ကို မြှင့်တင်ရန် နှင့် စစ်လက်နက်ပစ္စည်းအသစ်များ ပါဝင်မှုကို တွေ့မြင်ရကြောင်း ၎င်းက ပြောကြားခဲ့သည်။

ရေတပ်လေ့ကျင့်မှုများအပြီးတွင် ပူးတွဲပင်လယ်ရေကြောင်းလှည့်လည်သွားလာမှုတစ်ခုအား ပြုလုပ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ Tan Kefei က ပြောကြားခဲ့ပြီး ယင်းမှာ တရုတ်နှင့်ရုရှား ရေတပ်များ၏ ပထမဆုံး ပင်လယ်ရေကြောင်းကင်းလှည့်မှု ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့သည်။

အဆိုပါစစ်ရေးလေ့ကျင့်မှုသည် အခြားမည်သည့်နိုင်ငံကိုမျှ မရည်ရွယ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ Joint Sea-2021 အမည်ပေးထားသော ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုအား အောက်တိုဘာ ၁၄ ရက်တွင် စတင်ခဲ့ပြီး အောက်တိုဘာ ၂၃ ရက်တွင် အဆုံးသတ်ခဲ့ကြောင်း သိရသည်။ (Xinhua)

————————————————
(English Version)
China-Russia joint naval drill enhances capability to counter threats, securing regional peace: spokesperson

BEIJING, Oct. 28 (Xinhua) — The joint Chinese-Russian naval drill has enhanced the ability of both sides to counter security threats at sea and maintain regional security and peace, a Chinese military spokesperson told a press conference on Thursday.

Tan Kefei, a spokesperson for the Ministry of National Defense, said the joint drill has deepened military relations between China and Russia. He said it saw the participation of new military equipment and enhanced the ability of commanders from both sides to coordinate in addressing unplanned situations.

A joint cruise was held following the naval exercise, Tan said, noting that it was the first joint cruise of the Chinese and Russian navies.
He said the military exercise was not aimed at any other country.

The joint naval exercise, “Joint Sea-2021,” began on Oct. 14 and concluded on Oct. 23. Enditem
Photo – Chinese and Russian warships transit simulated mined sea area during the naval exercise Joint Sea-2021 on the morning of Oct 15. The China-Russia joint naval exercise kicked off in waters near Russia’s Peter the Great Bay on the afternoon of Oct 14, which focused on such training subjects as communications, mine countermeasures, air defense, live-fire shooting at maritime targets, joint maneuvering and joint anti-submarine missions.[Photo/Xinhua]