Connect with us

Media

တရုတ်-လာအို ရထားလမ်းတွင်ပြေးဆွဲမည့် ကျည်ဆန်ရထား လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းသို့ ရောက်ရှိ

ဗီယင်ကျန်း၊အောက်တိုဘာ ၁၈ရက်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းဘူတာသစ်ကြီးတွင် စနေနေ့က “လန်ချန်း”အမည်ရှိ တရုတ်စံချိန်စံညွှန်းဖြင့်တည်ဆောက်ထားသည့် ကျည်ဆန်ရထား(EMU)ဧည့်သည်သစ်ကြီးအား ကြိုဆိုခဲ့ကြသည်။

“လန်ချန်း” ရထားကြီးကို CRRCCorporationက တည်ဆောက်ခြင်းဖြစ်ပြီး နာမည်ကျော် Fuxing ကျည်ဆန်ရထားကို အခြေခံ၍ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။

အဆိုပါရထားကို ဗီယင်ကျန်းရှိ ဖက်စပ်ကုမ္ပဏီ Laos-China Railway Co.,Ltd.သို့ လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်ရာ တရုတ်-လာအို ရထာလမ်းစမ်းသပ်လည်ပတ်မှုတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

လန်ချန်းသည် တရုတ်နိုင်ငံအတွင်းဖြတ်သန်းစီးဆင်းသွားသော မဲခေါင်မြစ်အထက်ပိုင်းကို ခေါ်ဝေါ်သည့် အမည်နာမဖြစ်သည်။ ယင်းနာမည်သည် တရုတ်-လာအို ချစ်ကြည်ရေးတွင် အိမ်နီးချင်းကောင်း ၊ မိတ်ဆွေကောင်း၊ ရဲဘော်ရဲဘက်ကောင်း၊ မိတ်ဖက်ကောင်းဟူသော အနက်အဓိပ္ပါယ်ကို ဖော်ဆောင်ကြောင်း သိသည်။ (Xinhua)
————————————
(English Version)
GLOBALink | Bullet train for China-Laos railway arrives in Vientiane
It has always been the hope of the Lao people to transform their land-locked country into a land-linked hub in the region. Check out what China can do to make their hope come true.

On Saturday,the newly built China-Laos Railway Vientiane Station welcomed a new guest; A streamlined “China-standard”bullet train or electric multiple unit(EMU)train named Lane Xang.The Lane Xang EMU is produced by Chinese company CRRC Corporation with its design based on the famuous Fuxing bullet train.The EMU train was delivered to the Laos-China Railway Co.,Ltd., a joint venture based in Vientiane .The EMU is to be put into the upcoming railway trail run. Lane Xang,also known as Lancang, is how people call the upper section of Mekong River in China. The name symbolizes the China-Laos relationship as good neighbors,good friends, good comrades and good partners.

Produced by Xinhua Global Service■