Connect with us

Asia

တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် ကန်ဒေါ်လာ သန်း ၁၀၀ ကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများအား တရုတ်နိုင်ငံက ကုန်သွယ်မှု ပြုလုပ်ထား

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့ရှိ Mohan နယ်စပ်မြို့၌ လာအိုနိုင်ငံသို့ သွားရောက်မည့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ရထားတစ်စင်းအား ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၄ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကူမင်း ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

တရုတ်-လာအို ရထားလမ်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ကူမင်းမြို့မှတစ်ဆင့် ဇန်နဝါရီ ၃ ရက်အထိ ကုန်တင်ရထား ၁၁၆ စင်း ပြေးဆွဲခဲ့ပြီး ယွမ်သန်း ၆၇၆ ခန့်(အမေရိကန်ဒေါ်လာ ၁၀၆ သန်း)တန်ဖိုးရှိ ကုန်ပစ္စည်း တန်ချိန် ၄၉,၈၀၀ ကျော်အား သယ်ယူပို့ဆောင်ခဲ့ကြောင်း ဒေသတွင်းအကောက်ခွန်ဌာနက ပြောကြားခဲ့သည်။

လွန်ခဲ့သောတစ်လခန့်က ရထားပြေးဆွဲမှုများ စတင်ချိန်မှစ၍ ယင်းရထားလမ်းလမ်းကြောင်းမှတစ်ဆင့် ရာနှင့်ချီသောကုန်ပစ္စည်းမျိုးစုံအား တင်ပို့/တင်သွင်းမှု ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ အဓိက တင်သွင်းသည့် ကုန်ပစ္စည်းများမှာ ရာဘာ ၊ သံသတ္တုရိုင်း နှင့် မီးသွေးတို့ ပါဝင်ပြီး အများဆုံးတင်ပို့သည့် ကုန်စည်များတွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ၊ လူသုံးကုန်ပစ္စည်းများ ၊ စက်မှု နှင့် လျှပ်စစ်ထုတ်ကုန်များ ပါဝင်ကြောင်း ကူမင်းအကောက်ခွန်ဌာနထံမှ သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံအနှံ့ ပြည်နယ် ၇ ခုရှိ မြို့ ၁၂ မြို့မှ ကုန်ပစ္စည်းများသည် တရုတ်-လာအို ရထားလမ်းမှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ ကုန်တင်ရထားများဖြင့် လာအိုနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း နှင့် မြန်မာ ၊ ထိုင်း နှင့် စင်္ကာပူနိုင်ငံတို့ အပါအဝင် နိုင်ငံများသို့ အချို့သော ကုန်ပစ္စည်းများအား ထပ်မံတင်ပို့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………….
(English Version)
China trades goods worth over 100 mln USD via China-Laos Railway
KUNMING, Jan. 6 (Xinhua) — The China-Laos Railway had operated 116 cargo trains via Kunming, southwest China’s Yunnan Province, as of Jan. 3, which transported more than 49,800 tonnes of goods worth about 676 million yuan (106 million U.S. dollars), the local customs said.
Since starting operations about a month ago, hundreds of varieties of goods have been imported and exported through this railway. The major import commodities include natural rubber, iron ore and charcoal, while fresh vegetables, daily necessities, and mechanical and electrical products are among the leading export items, according to Kunming Customs.
Currently, goods from 12 cities in seven provinces across China have reached Laos by international cargo trains via the China-Laos Railway, and some commodities have been further exported to countries including Myanmar, Thailand and Singapore. ■
Photo – Aerial photo taken on Dec. 4, 2021 shows an international freight train bound for Laos at the border town of Mohan in southwest China’s Yunnan Province. (Xinhua/Jiang Wenyao)