Connect with us

Asia

တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲ

ကူမင်း၊ ဗီယင်ကျန်း၊ ဒီဇင်ဘာ ၄ ရက် (ဆင်ဟွာ)

ရပ်ဝန်းနှင့် ပိုးမ ပူးပေါင်းဆောင်ရွက်မှု၏ မြင့်မားသောအရည်အသွေး၊ အထင်ကရ စီမံကိန်းတစ်ခုဖြစ်သော တရုတ်-လာအို ရထားလမ်းသည် ဒီဇင်ဘာ ၃ ရက်က စတင်ပြေးဆွဲပြီဖြစ်သည်။တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် လာအို ပြည်သူ့တော်လှန်ရေးပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လာအိုနိုင်ငံ သမ္မတ Thongloun Sisoulith တို့က ဗီဒီယိုလင့်ခ်မှတဆင့် ရထားလမ်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ မြို့တော် ကူမင်းရှိ ကူမင်းဘူတာရုံတွင် တရုတ်-လာအိုရထားလမ်း၏ လျှပ်စစ်ရထားတစ်စင်း (EMU) ဖြင့် လိုက်ပါစီးနင်းမည့် ခရီးသည်များ တန်းစီနေသည်ကို ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ခရီးသည်တင်နှင့် ကုန်တင် လျှပ်စစ်ရထားလမ်းသည် လာအိုနိုင်ငံတွင် ၄၂၂ ကီလိုမီတာအပါအဝင် ကီလိုမီတာ ၁.၀၃၅ ရှည်လျားပြီး တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ကူမင်းမြို့မှ လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းသို့ ချိတ်ဆက်ထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ Yuanjiang မြစ်ကူး တံတားကြီးပေါ်မှ ဖြတ်သန်းသွားသော တရုတ်-လာအိုရထားလမ်း၏ လျှပ်စစ်ရထားတစ်စင်း (EMU) အား ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရပ်ဝန်းနှင့် ပိုးလမ်းမအဆိုပြုချက်နှင့် ကုန်းတွင်းပိတ်နိုင်ငံအဖြစ်မှ ကုန်းတွင်းချိတ်ဆက်အချက်အချာဒေသအဖြစ် ပြောင်းလဲမည့် လာအိုနိုင်ငံ၏ မဟာဗျူဟာကြား ချိတ်ဆက်ပေးသည့်အနေဖြင့် အဆိုပါ ရထားလမ်းသည် မြို့နှစ်မြို့ကြား ခရီးသွားကြာချိန်ကို ၁၀ နာရီခန့် ရှိစေမည်ဖြစ်သည်။

ကျစ်လစ်မြန်ဆန်သောကျည်ဆန်ရထားများက တောင်တန်းများနှင့် တောင်ကြားများကို ဖြတ်သန်းလျက် တစ်နာရီလျှင် ၁၆၀ ကီလိုမီတာဖြင့် ပြေးဆွဲမည်ဖြစ်သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မြို့တော် ကူမင်းရှိ ကူမင်းဘူတာရုံမှ ထွက်ခွာမည့် တရုတ်-လာအိုရထားလမ်း၏ လျှပ်စစ်ရထားတစ်စင်း (EMU) အား ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ခရီးသည်တင် ရထားများသည် ကူမင်းနှင့် ဗီယင်ကျန်း ဘူတာများမှ တစ်ချိန်တည်း အသီးအသီးထွက်ခွာခဲ့ကြောင်း သိရသည်။

တရုတ်-လာအိုရထားလမ်းကို အာရှတောရိုင်းဆင်များ အပါအဝင် တောရိုင်းတိရစ္ဆာန်များ ပေါကြွယ်ဝသည့် နယ်မြေများအား ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်သည်။ ရထားလမ်းဖောက်လုပ်သူများသည် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်လွယ်သောနေရာများအား ရှောင်ကွင်းလျက် တံတားများ တည်ဆောက်ခဲ့သလို သဘာဝပတ်ဝန်းကျင်အပေါ် စီမံကိန်း၏ သက်ရောက်မှု နည်းပါးစေရန် အကာအကွယ်များကိုလည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ ယွီရှီးမြို့ရှိ ယွီရှီးဘူတာသို့ ဆိုက်ရောက်လာသော တရုတ်-လာအို ရထားလမ်း၏ လျှပ်စစ်ရထားတစ်စင်း (EMU) အား ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လာအိုနိုင်ငံဘက်ခြမ်းရှိ ရထားလမ်း တည်ဆောက်ခြင်းကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက စတင်ခဲ့ခြင်းဖြစ်ပြီး တရုတ်နိုင်ငံ ယွီရှီးနှင့် မိုဟန်နယ်စပ်မြို့ ချိတ်ဆက်ထားသည့် အပိုင်းကိုမူ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

စုစုပေါင်း ဥမင် ၁၆၇ ခုနှင့် တံတား ၃၀၁ စင်းအား ကီလိုမီတာ ၉၀၀ ကျော်ရှိသော ရထားလမ်းပိုင်းသစ် တစ်လျှောက် တည်ဆောက်ထားပြီး ဆောက်လုပ်ရေးသမားများအနေဖြင့် နည်းပညာအခက်အခဲများစွာကို ကျော်လွှားခဲ့ရသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ မြို့တော် ကူမင်းရှိ ကူမင်းဘူတာရုံတွင် တရုတ်-လာအိုရထားလမ်း၏ လျှပ်စစ်ရထားတစ်စင်း (EMU) ဖြင့် လိုက်ပါစီးနင်းမည့် ခရီးသည်များအား ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

၎င်းရထားလမ်းသည် ကာလရှည်အနေဖြင့် လာအိုနိုင်ငံတွင် စုပေါင်းဝင်ငွေကို ၂၁ ရာထိုင်နှုန်းအထိ တိုးမြှင့်စေနိုင်မည်ဟု ကမ္ဘာ့ဘဏ်က ယမန်နှစ် အစီခံစာ၌ ပြောကြားထားသည်။

ဗီယင်ကျန်းနှင့် ဘိုတန် (တရုတ်နိုင်ငံ မြောက်ပိုင်းနယ်စပ်) ကြား ချိတ်ဆက်ထားသော လမ်းပိုင်းသည် လာအိုနိုင်ငံအား ကမ္ဘာကြီးနှင့် ဒေသတွင်း ထောက်ပံ့မှုကွင်းဆက်များသို့ ချိတ်ဆက်ပေးနိုင်မည်ဖြစ်ပြီး နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံသူများအား ပိုမိုဆွဲဆောင်လာနိုင်မည်ဖြစ်သလို အလုပ်အကိုင်အသစ်များ ဖန်တီးခြင်းနှင့် စီးပွားရေးတိုးတက်မှု အရှိန်မြှင့်တင်ခြင်းများလည်း ဆောင်ရွက်လာနိုင်မည်ဟု အစီရင်ခံစာက ဆိုသည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်၊ Yuanjiang မြစ်ကူး တံတားကြီးပေါ်မှ ဖြတ်သန်းသွားသော တရုတ်-လာအိုရထားလမ်း၏ လျှပ်စစ်ရထားတစ်စင်း (EMU) အား ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပို့ကုန်သမားများစွာအနေဖြင့်လည်း ကုန်းလမ်းသယ်ယူပို့ဆောင်မှုမှ ရထားလမ်းဘက်ဆီသို့ လှည့်လာနိုင်မည်ဖြစ်ကြောင်း၊ လာအိုနိုင်ငံမှတဆင့် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်ကို ၃၀ မှ ၄၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း လာအိုနိုင်ငံ ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ Valy Vetsaphong က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မိုဟန် နယ်စပ်မြို့သို့ ဆိုက်ရာက်လာသော တရုတ်-လာအို ရထားလမ်း၏ လျှပ်စစ်ရထားတစ်စင်း (EMU) အား ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အာရှဖြတ်ကျော်ရထားလမ်းကွန်ရက်၏ အရေးပါသော အစိတ်အပိုင်းတစ်ခုအဖြစ် ၎င်းရထားလမ်းသည် လာအိုနိုင်ငံအတွက် တရုတ်နိုင်ငံနှင့် ထိုင်း၊ မလေးရှား အပါအဝင် အခြားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ချိတ်ဆက်ရန် “ရွှေသော့” အဖြစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗီယင်ကျန်းမြို့ အခြေစိုက် ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်သော လာအို-တရုတ် ရထားလမ်းကုမ္ပဏီလီမိတက် အမှုဆောင်မန်နေဂျာ Xiao Qianwen က ပြောခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မိုဟန် နယ်စပ်မြို့သို့ ဆိုက်ရာက်လာသော တရုတ်-လာအို ရထားလမ်း၏ လျှပ်စစ်ရထားတစ်စင်း (EMU) အား ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ထိုရထားလမ်းက တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်မှုဧရိယာနှင့် မဟာမဲခေါင်ဒေသခွဲတွင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအပေါ် အပြုသဘော သက်ရောက်မှုဖြစ်စေမည်ဟု Xiao က ဖြည့်စွက်ပြောခဲ့သည်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မိုဟန် နယ်စပ်မြို့မှ ထွက်ခွာမည့် တရုတ်-လာအို ရထားလမ်း၏ လျှပ်စစ်ရထားတစ်စင်း (EMU) အား ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် မိုဟန် နယ်စပ်မြို့သို့ ဆိုက်ရာက်လာသော တရုတ်-လာအို ရထားလမ်း၏ လျှပ်စစ်ရထားတစ်စင်း (EMU) အား ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-လာအို ချစ်ကြည်ရေး Nongping မူလတန်းကျောင်းမှ ကျောင်းသူတစ်ဦးအား တရုတ်-လာအို ရထားလမ်း၏ Lane Xang EMU ရထားပေါ်၌ ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်-လာအို ချစ်ကြည်ရေး Nongping မူလတန်းကျောင်းမှ ကျောင်းသူတစ်ဦးအား တရုတ်-လာအို ရထားလမ်း၏ Lane Xang EMU ရထားပေါ်၌ ဒီဇင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လာအိုနိုင်ငံမှ အလုပ်သမားတစ်ဦးဖြစ်သော အသက် ၂၂ နှစ်အရွယ် Sida Phengphongsawanh ကလည်း ရထာလမ်းစီမံကိန်းက လာအိုအတွက် ဆုလာဘ်တစ်ခုဖြစ်လာမည်ဟု ပြောခဲ့သည်။

“ကျွန်တော့်အနေနဲ့ပြောရရင် ရထားလမ်းက ကျွန်တော့်ကို တည်ငြိမ်တဲ့အလုပ်ကိုပေးတယ်။ နိုင်ငံအဆင့်အနေနဲ့ဆိုရင်တော့ လာအိုရဲ့ နယ်ပယ်စုံနဲ့ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနိုင်မှာဖြစ်ပါတယ်” ဟု Sida က ဆိုသည်။ (Xinhua)

…………………………………………
(English Version)

China-Laos Railway starts operation
Source: Xinhua| 2021-12-03 22:56:47|Editor: huaxia
KUNMING/VIENTIANE, Dec. 3 (Xinhua) — The China-Laos Railway, a landmark project of high-quality Belt and Road cooperation, started operation on Friday.

Xi Jinping, general secretary of the Communist Party of China Central Committee and Chinese president, and Thongloun Sisoulith, general secretary of the Lao People’s Revolutionary Party Central Committee and Lao president, jointly witnessed the opening of the railway via video link.

The electrified passenger and freight railway runs 1,035 km, including 422 km in Laos, from the city of Kunming, southwest China’s Yunnan Province, to Lao capital Vientiane.

As a docking project between the Belt and Road Initiative and Laos’ strategy to convert itself from a landlocked country to a land-linked hub, it will slash the travel time between the two cities to about 10 hours.

Sleek bullet trains will travel at a speed of 160 km per hour, through mountains and valleys.
On Friday afternoon, passenger trains left Kunming and Vientiane stations respectively at the same time.
The China-Laos Railway crosses areas rich in wildlife including wild Asian elephants. Developers skirted environmentally sensitive areas, built bridges, and set up protective fences to minimize the project’s impact on the environment.

Construction of the Laos section started in December 2016, and construction of the China part linking Yuxi and the border town of Mohan started in December 2015.

A total of 167 tunnels and 301 bridges were built along the new sections stretching over 900 km, after builders overcame many technical difficulties.
The railway could potentially increase aggregate income in Laos by up to 21 percent over the long term, the World Bank said in a report last year.

The section connecting Vientiane and Boten (at the northern border with China) could provide Laos with a land link to global and regional supply chains, which could make the country more attractive to investors, create new jobs, and accelerate economic growth, the report said.

Many exporters will switch to the railway from road transport, and the cost of transport through Laos could be cut by 30 to 40 percent, said Valy Vetsaphong, vice president of the Lao National Chamber of Commerce and Industry.

As an important part of the trans-Asian railway network, the railway will serve as a “golden key” for Laos to connect with China and other ASEAN countries including Thailand and Malaysia, said Xiao Qianwen, executive manager of the Laos-China Railway Co., Ltd., a joint venture based in Vientiane.

It will exert a positive impact on economic cooperation in China-ASEAN Free Trade Area and the Greater Mekong Subregion, Xiao added.For 22-year-old Sida Phengphongsawanh, a Lao employee, the rail project will be a boon for Laos.

“Personally, the railway has given me a stable job. At the national level, the railway can drive the multi-level and all-around development of Laos,” Sida said. Enditem

Photo 1- An electric multiple unit (EMU) train of the China-Laos Railway arrives at Yuxi Railway Station in Yuxi, southwest China’s Yunnan Province, Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Xinhua/Hu Chao)

2- Passengers line up to board an electric multiple unit (EMU) train of the China-Laos Railway at Kunming Railway Station in Kunming, capital of southwest China’s Yunnan Province, Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Xinhua/Hu Chao)

3- An electric multiple unit (EMU) train of the China-Laos Railway crosses a major bridge over the Yuanjiang River in southwest China’s Yunnan Province, Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Xinhua/Wang Guansen)

4- An electric multiple unit (EMU) train of the China-Laos Railway is about to depart from Kunming Railway Station in Kunming, capital of southwest China’s Yunnan Province, Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Xinhua/Chen Xinbo)

5- An electric multiple unit (EMU) train of the China-Laos Railway arrives at Yuxi Railway Station in Yuxi, southwest China’s Yunnan Province, Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Xinhua/Hu Chao)

6- Passengers are about to board an electric multiple unit (EMU) train of the China-Laos Railway at Kunming Railway Station in Kunming, capital of southwest China’s Yunnan Province, Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Xinhua/Hu Chao)

7- Aerial photo shows an electric multiple unit (EMU) train of the China-Laos Railway crossing a major bridge over the Yuanjiang River in southwest China’s Yunnan Province, Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Xinhua/Wang Guansen)

8- Aerial photo shows an electric multiple unit (EMU) train of the China-Laos Railway arriving at the border town of Mohan in southwest China’s Yunnan Province, Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Xinhua/Jiang Wenyao)

9- Aerial photo shows an electric multiple unit (EMU) train of the China-Laos Railway arriving at the border town of Mohan in southwest China’s Yunnan Province, Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Xinhua/Jiang Wenyao)

10- An electric multiple unit (EMU) train of the China-Laos Railway departs from the border town of Mohan in southwest China’s Yunnan Province, Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Xinhua/Jiang Wenyao)

11- Aerial photo shows an electric multiple unit (EMU) train of the China-Laos Railway arriving at the border town of Mohan in southwest China’s Yunnan Province, Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Xinhua/Jiang Wenyao)

12- A student from the China-Laos Friendship Nongping Primary School is seen on the Lane Xang EMU train of the China-Laos Railway on Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Photo by Alan Liu/Xinhua)

13- A student from the China-Laos Friendship Nongping Primary School is seen on the Lane Xang EMU train of the China-Laos Railway on Dec. 3, 2021. The China-Laos Railway, a flagship project of the Belt and Road Initiative (BRI), started operation on Friday. (Photo by Alan Liu/Xinhua)