Connect with us

Europe

တူရကီနိုင်ငံ အနောက်မြောက်ပိုင်း၌ လေပြင်းမုန်တိုင်းကြောင့် လူ ၆ ဦးသေဆုံး

အစ္စတန်ဘူလ် ၊ ဒီဇင်ဘာ ၁ ရက်(ဆင်ဟွာ)

တူရကီနိုင်ငံ အနောက်မြောက်ပိုင်းဒေသ၌ နိုဝင်ဘာ ၂၉ ရက်မှစတင်၍ လေပြင်းမုန်တိုင်းများကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူ ၅၀ ကျော်ရှိကြောင်း ဒေသတွင်း မီဒီယာ၏ ဖော်ပြမှုအရ သိရသည်။လူဦးရေ ၂၆ သန်းကျော်ရှိသည့် တူရကီနိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော အစ္စတန်ဘူလ်မြို့၌ လူ ၄ ဦး သေဆုံးခဲ့ပြီး ၄၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ နိုင်ငံမြောက်ပိုင်း Kocaeli နှင့် Zonguldak ပြည်နယ်တို့၌ ဆိုးရွားသည့်ရာသီဥတုကြောင့် လူ ၂ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တူရကီ TV သတင်းရုပ်သံလိုင်း ဖြစ်သည့် NTV က နိုဝင်ဘာ ၃၀ ရက်တွင် ဖော်ပြခဲ့သည်။

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ Kucukcekmece ဒေသ၌ လေပြင်းမုန်တိုင်းကြောင့် အမိုးလန်သွားသော အဆောက်အဦတစ်လုံးအား နိုဝင်ဘာ ၃၀ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့ရှိ လမ်းမတစ်နေရာတွင် လေပြင်းမုန်တိုင်းတိုက်ခတ်နေစဉ် လမ်းဖြတ်ကူးနေသူများအား နိုဝင်ဘာ ၃၀ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

သင်္ဘောများ သောင်တင်နေကြပြီး လေပြင်းမုန်တိုင်း တိုက်ခတ်မှုများကြောင့် စာသင်ကျောင်းများအား ပိတ်ခိုင်းထားသည်။ ဆိုင်ကယ်စီးနင်းသူများသည် လေပြင်းတိုက်ခတ်မှုကြောင့် Bosphorus ရေလက်ကြားတံတားများအား ဖြတ်သန်းရန် အခက်အခဲကြုံတွေ့ခဲ့ရသည်။နိုဝင်ဘာ ၂၉ ရက်တွင် ဒေသစံတော်ချိန် ည ၆ နာရီအထိ(ဂရင်းနစ်စံတော်ချိန် ၁၅၀၀) မော်တော်ဆိုင်ကယ်များ နှင့် လျှပ်စစ်စကူတာများကို လမ်းပေါ် သွားလာခြင်းအား ပိတ်ထားကြောင်း အစ္စတန်ဘူလ်မြို့တော် အုပ်ချုပ်ရေးမှူးရုံး၏ ထုတ်ပြန်သော ကြေညာချက်တွင် ဖော်ပြထားသည်။

မုန်တိုင်းကြောင့် အစ္စတန်ဘူလ်မြို့သို့ ဦးတည်သွားလာမည့် လေယာဉ်များ ရပ်ဆိုင်းခဲ့ရကြောင်း တူရကီနိုင်ငံ အလံလွှင့်တင်ထားသည့် တူရကီလေကြောင်းလိုင်းထံမှ သိရသည်။ (Xinhua)

————————————————————-
(English Version)
Strong windstorms in NW Turkey kill 6: media reports

ISTANBUL, Nov. 30 (Xinhua) — Strong windstorms have killed at least six people and injured more than 50 others in Turkey’s northwestern region since Monday, according to local media.

The NTV, a Turkish TV news channel, said on Tuesday that four people died and 46 more were injured in Istanbul, Turkey’s largest city with a population of over 16 million people. Bad weather killed two more people and injured several more in the northern provinces of Kocaeli and Zonguldak, according to the report.

Ships have been stranded, and schools have been forced to close due to the strong winds. Motorcyclists have found it difficult to cross the Bosphorus Strait bridges due to strong gusts. Motorcycles and electric scooters were banned from the road until 6 p.m. local time (1500GMT) on Monday, according to the Istanbul Governor’s Office in a written statement.

According to Turkey’s national flag airline Turkish Airlines, the storm has disrupted planes destined for Istanbul. Enditem

Photo 1 – Aerial view of the attic rooms of a building whose roof is shattered by strong windstorms in the Kucukcekmece district of Istanbul, Turkey, Nov. 30, 2021 (Xinhua)

Photo 2 – Aerial view of the attic rooms of a building whose roof is shattered by strong windstorms in the Kucukcekmece district of Istanbul, Turkey, Nov. 30, 2021. (Xinhua)

Photo 3 – People walk in the rain caused by a strong windstorm on the Taksim Square in Istanbul, Turkey, Nov. 30, 2021. (Xinhua/Sadat) ■