Connect with us

Media

တူရကီနှင့် ရုရှားကုန်တင်သင်္ဘောနှစ်စင်းတိုက်မိမှုဖြစ်ပွား

အစ္စတန်ဘူလ်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ကုန်ပစ္စည်းအခြောက်အခြမ်းများတင်ဆောင်လာသည့် တူရကီနိုင်ငံ နှင့် ရုရှားနိုင်ငံမှ သင်္ဘောနှစ်စင်းသည် ပြီးခဲ့သည့် စနေနေ့တွင် အစ္စတန်ဘူလ်မြို့ရှိ ဘော့စ်ဖောရပ်ရေလက်ကြား၌ တိုက်မိခဲ့ပြီး ပျက်စီးထိခိုက်မှုမရှိကြောင်းသိရသည်။

တိုက်မိမှုကြောင့် သင်္ဘောများတွင် ထိခိုက်မှုအနည်းငယ်ဖြစ်ပွားခဲ့ကြောင်း NTV ရုပ်သံက ကြေညာခဲ့ပြီး အခင်းဖြစ်ပွားရာသို့ ကယ်ဆယ်ရေးလှေများစွာအား စေလွှတ်ခဲ့ကြောင်းသိရသည်။

သင်္ဘောနှစ်စင်းတိုက်မိမှုမှာ ပင်လယ်နက်နှင့် မာမာရာပင်လယ်တို့ကို ချိတ်ဆက်ထားသည့် ကမ္ဘာ့အရှုပ်ထွေးဆုံးရေလမ်းကြောဖြစ်သည့် ဘော့စ်ဖောရပ်ရေလက်ကြားမှ ကီလိုမီတာ ၃၀ အကွာတွင်ဖြစ်ပွားခဲ့ပြီး မတော်တဆမှုကြောင့် ရေလက်ကြားသွားလာမှုယာယီရပ်တန့်သွားခဲ့ကြောင်းသိရသည်။

တူရကီ ကမ်းရိုးတန်းလုံခြုံရေးဆိုင်ရာညွှန်ကြားရေးမှူးချုပ်က ထုတ်ပြန်ချက်ထဲတွင် Rusich 10 ဟုအမည်ရသည့် ရုရှားကုန်တင်သင်္ဘောနှင့် Tahsin Imamoglu ဟု အမည်ရသည့် တူရကီသင်္ဘောတို့သည် ပင်လယ်နက်သို့မောင်းနှင်စဉ် ရေလက်ကြားသို့အရောက် လားရာတစ်ခုဆီသို့ ကူးပြောင်းစဉ် တိုက်မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။

သင်္ဘောနှစ်စင်းအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပြီးနောက်အခင်းဖြစ်ပွားရာကို ချက်ချင်းမရှင်းလင်းနိုင်စဉ် ကျောက်ချရပ်နားထားစေခဲ့ကြောင်းသတင်းထုတ်ပြန်ချက်အရသိရသည်။ (Xinhua)

……………………
(English Version)
Turkish, Russian cargo vessels collide in Istanbul’s Bosphorus Strait
ISTANBUL, Sept. 25 (Xinhua) — A Turkish and a Russian dry cargo vessels collided on Saturday in the Bosphorus Strait in Istanbul, with no casualties reported.
Slight damages occurred at the vessels, the NTV broadcaster said, adding that several rescue boats were dispatched to the scene.
It noted that the traffic on the 30-km-long Bosphorus Strait, one of the world’s busiest waterways that connects the Black Sea and the Marmara Sea, has been temporarily disrupted due to the accident.
Turkish Directorate General of Coastal Safety said in a statement that the Russian ship named Rusich 10 and the Turkish vessel Tahsin Imamoglu were transiting the strait in the same direction, traveling towards the Black Sea.
The vessels were later taken to a safe zone and anchored while the cause of the accident was not immediately clear, according to press reports. Enditem