Connect with us

Asia

တောင်ကိုရီးယားနိုင်ငံ၌ ပထမဆုံး အိုမီခရွန် ဗီဇပြောင်းမျိုးကွဲ ကူးစက်ခံရသူများ တွေ့ရှိ

ဆိုးလ် ၊ ဒီဇင်ဘာ ၂ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၌ COVID-19 လူနာ အရေအတွက် မြင့်မားနေချိန်တွင် အိုမီခရွန် ဗီဇပြောင်းမျိုးကွဲ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅ ဦးအား ပထမဆုံးအကြိမ် စစ်ဆေးတွေ့ရှိကြောင်း ဒီဇင်ဘာ ၁ ရက်တွင် ကျန်းမာရေးတာဝန်ရှိသူများက အတည်ပြုခဲ့ကြောင်း သိရသည်။အောက်တိုဘာ ၂၈ ရက်တွင် အလုံးစုံ ကာကွယ်ဆေး ထိုးနှံထားသည့် အိမ်ထောင်သည် ဇနီးမောင်နှံနှစ်ဦးသည် နိုဝင်ဘာ ၁၄ ရက်မှ ၂၃ ရက်အကြားတွင် နိုင်ဂျီးရီးယားနိုင်ငံသို့ ခရီးသွားခဲ့သည်။

အဆိုပါဇနီးမောင်နှံနှစ်ဦးသည် နိုဝင်ဘာ ၂၄ ရက်တွင် တောင်ကိုရီးယားနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ယင်းနေ့နောက်ပိုင်းတွင် COVID-19 ရောဂါ စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဇနီးမောင်နှံ နှင့်အတူ ၎င်းတို့နှင့် ထိတွေ့မိသူများအား genetic sequencing စစ်ဆေးမှုများတွင် ပိုမိုကူးစက်နိုင်ချေရှိသော အိုမီခရွန် ဗီဇပြောင်းမျိုးကွဲ ကူးစက်ခံရသည်ဟု အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီ (KDCA) ထံမှ သိရသည်။

ထို့အတူ နိုင်ဂျီးရီးယားနိုင်ငံသို့ နိုဝင်ဘာ ၁၃ ရက်မှ ၂၂ ရက်အကြား သွားရောက်ခဲ့သည့် အမျိုးသမီးနှစ်ဦးတွင်လည်း ဗီဇပြောင်းမျိုးကွဲ စစ်ဆေးတွေ့ရှိခဲ့ပြီး စုစုပေါင်း အိုမီခရွန် ဗီဇပြောင်းမျိုးကွဲ ကူးစက်ခံရသူ ၅ ဦးထိ ရှိလာခဲ့ကြောင်း သိရသည်။

အိုမီခရွန် ဗီဇပြောင်းမျိုးကွဲ ကူးစက်ခံရသည်ဟု သံသယရှိသူ ၄ ဦးအား စမ်းသပ်စစ်ဆေးနေကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ၏ အိုမီခရွန် ဗီဇပြောင်းမျိုးကွဲ ပထမဆုံး ကူးစက်ခံရမှုများသည် COVID-19 လူနာသစ် အရေအတွက် မြင့်တက်လာချိန်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးစာရင်းများအရ တောင်ကိုရီးယားနိုင်ငံ၌ ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 လူနာ သစ် ၅,၁၂၃ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် ပထမဆုံး COVID-19 လူနာ တွေ့ရှိချိန်မှစ၍ တစ်ရက်ထဲ အမြင့်ဆုံး အရေအတွက်အဖြစ် စာရင်းဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………….
(Chinese Version)
S.Korea confirms 1st cases of Omicron variant infection

SEOUL, Dec. 1 (Xinhua) — South Korea’s health authorities on Wednesday confirmed the country’s first five cases of Omicron variant infection amid a higher number of COVID-19 cases.

A married couple, who were fully vaccinated on Oct. 28, had traveled to Nigeria between Nov. 14 to 23. The couple arrived here on Nov. 24 and tested positive for the COVID-19 the following day.

The couple and their acquaintance were confirmed to be infected with the potentially more transmissible Omicron variant in genetic sequencing tests, according to the Korea Disease Control and Prevention Agency (KDCA).

Two more women, who visited Nigeria between Nov. 13 to 22, also tested positive for the variant, putting the total Omicron cases at five.
Four more cases suspected of the Omicron infection have been under analysis.

The country’s first cases of the Omicron infection came amid the surging number of new COVID-19 cases.
In the latest tally, South Korea reported 5,123 more COVID-19 cases for the past 24 hours, logging the highest daily number since the country’s first case was found in January last year. Enditem

Photo – Medics work at an Open Walk-Through checkpoint in Incheon International Airport, South Korea, March 27, 2020. South Korea reported 91 more cases of the COVID-19 compared to 24 hours ago as of midnight Friday local time, raising the total number of infections to 9,332. (Photo by Lee Sang-ho/Xinhua)