Connect with us

North America

တောမီးများကြောင့် ကယ်လီဖိုးနီးယား အမျိုးသားသစ်တောများအားလုံး ပိတ်ထားမည်

အမေရိကန်နိုင်ငံ တောင်ကယ်လီဖိုးနီးယားပြည်နယ် Riverside ကောင်တီတွင် တောမီးလောင်ကျွမ်းမှုအား မီးသတ်သမားများ ငြှိမ်းသတ်နေကြစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၃၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ စိုက်ပျိုးရေး သစ်တောလုပ်ငန်းဝန်ကြီးဌာနက ကယ်လီဖိုးနီးယားပြည်နယ်ရှိ အမျိုးသားသစ်တော ဧက သန်း ၂၀ (၈၀,၉၃၇ စတုရန်းကီလိုမီတာခန့်) တွင် အများပြည်သူဝင်ရောက်ခွင့်အား ဩဂုတ် ၃၁ ရက် သန်းခေါင်မှစ၍ သီတင်းပတ်နှစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

အာဏာပိုင်များအနေဖြင့် “လက်ရှိဖြစ်ပေါ်နေတဲ့ ကယ်လီဖိုးနီးယား တောမီးအကျပ်အတည်းကြောင့် အများပြည်သူနဲ့ မီးသတ်သမားတွေ ဘေးကင်းရေး ပိုမိုပံ့ပိုးပေးဖို့” ခက်ခဲသည့် ဆုံးဖြတ်ချက်ကို ချမှတ်ရခြင်းဖြစ်ကြောင်း ကယ်လီဖိုးနီးယား ဒေသဆိုင်ရာ သစ်တောအမှုထမ်း Jennifer M. Eberlien က ဩဂုတ် ၃၀ ရက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ပြောကြားထားသည်။

ယင်းသို့ ပိတ်သိမ်းမှုသည် ဩဂုတ် ၃၁ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ စီစဉ်ထားကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

လွန်ခဲ့သည့်သီတင်းပတ်က မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ သစ်တောလုပ်ငန်း၏ အမျိုးသားသစ်တော ၉ ခုကို ပြည်နယ်တစ်လျှောက်ရှိ တောမီးအခြေအနေ အလွန်ဆိုးဝါးလာသဖြင့် ပိတ်ထားခဲ့ရကြောင်းနှင့် နိုင်ငံတစ်ဝန်းရှိ မီးငြှိမ်းသတ်ခြင်း အရင်းအမြစ်များကိုလည်း ကြိုးပမ်းလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
All California national forests to be closed due to wildfires
LOS ANGELES, Aug. 30 (Xinhua) — The United States Department of Agriculture Forest Service will close all 20 million acres (some 80,937 square km) of California’s national forests to public for two weeks from Tuesday midnight.
A statement signed Monday by California’s Regional Forester, Jennifer M. Eberlien, said the authority had made the difficult decision “to better provide public and firefighter safety due to the ongoing California wildfire crisis.”
This closure was scheduled to start from Tuesday and to expire after Sept. 17, the statement said.
Last week, Forest Service’s nine national forests in Northern California had been closed due to extreme fire conditions throughout the state and strained firefighting resources throughout the country. Enditem
Photo: Firefighters battle against a wildfire in Riverside County of Southern California, the United States, Aug. 2, 2020. (Xinhua)
———————————–
(Zawgyi Version)
ေတာမီးမ်ားေၾကာင့္ ကယ္လီဖိုးနီးယား အမ်ိဳးသားသစ္ေတာမ်ားအားလုံး ပိတ္ထားမည္

ေလာ့စ္အိန္ဂ်လိစ္၊ ဩဂုတ္ ၃၁ ရက္ (ဆင္ဟြာ)

အေမရိကန္ႏိုင္ငံ စိုက္ပ်ိဳးေရး သစ္ေတာလုပ္ငန္းဝန္ႀကီးဌာနက ကယ္လီဖိုးနီးယားျပည္နယ္ရွိ အမ်ိဳးသားသစ္ေတာ ဧက သန္း ၂၀ (၈၀,၉၃၇ စတုရန္းကီလိုမီတာခန႔္) တြင္ အမ်ားျပည္သူဝင္ေရာက္ခြင့္အား ဩဂုတ္ ၃၁ ရက္ သန္းေခါင္မွစ၍ သီတင္းပတ္ႏွစ္ပတ္ၾကာ ပိတ္ထားမည္ျဖစ္ေၾကာင္း သိရသည္။

အာဏာပိုင္မ်ားအေနျဖင့္ “လက္ရွိျဖစ္ေပၚေနတဲ့ ကယ္လီဖိုးနီးယား ေတာမီးအက်ပ္အတည္းေၾကာင့္ အမ်ားျပည္သူနဲ႔ မီးသတ္သမားေတြ ေဘးကင္းေရး ပိုမိုပံ့ပိုးေပးဖို႔” ခက္ခဲသည့္ ဆုံးျဖတ္ခ်က္ကို ခ်မွတ္ရျခင္းျဖစ္ေၾကာင္း ကယ္လီဖိုးနီးယား ေဒသဆိုင္ရာ သစ္ေတာအမႈထမ္း Jennifer M. Eberlien က ဩဂုတ္ ၃၀ ရက္တြင္ ထုတ္ျပန္ေသာ ေၾကညာခ်က္၌ ေျပာၾကားထားသည္။

ယင္းသို႔ ပိတ္သိမ္းမႈသည္ ဩဂုတ္ ၃၁ ရက္မွ စက္တင္ဘာ ၁၇ ရက္အထိ စီစဥ္ထားေၾကာင္း ထုတ္ျပန္ခ်က္က ဆိုသည္။

လြန္ခဲ့သည့္သီတင္းပတ္က ေျမာက္ကယ္႐ိုလိုင္းနားျပည္နယ္ရွိ သစ္ေတာလုပ္ငန္း၏ အမ်ိဳးသားသစ္ေတာ ၉ ခုကို ျပည္နယ္တစ္ေလွ်ာက္ရွိ ေတာမီးအေျခအေန အလြန္ဆိုးဝါးလာသျဖင့္ ပိတ္ထားခဲ့ရေၾကာင္းႏွင့္ ႏိုင္ငံတစ္ဝန္းရွိ မီးျငႇိမ္းသတ္ျခင္း အရင္းအျမစ္မ်ားကိုလည္း ႀကိဳးပမ္းလုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။ (Xinhua)

ပုံစာ – အေမရိကန္ႏိုင္ငံ ေတာင္ကယ္လီဖိုးနီးယားျပည္နယ္ Riverside ေကာင္တီတြင္ ေတာမီးေလာင္ကြၽမ္းမႈအား မီးသတ္သမားမ်ား ျငႇိမ္းသတ္ေနၾကစဥ္ (ဆင္ဟြာ)

#US #California #Forest #Wildfires #Xinhua #Myanmar #XinhuaMyanmar #အေမရိကန္ #ကယ္လီဖိုးနီးယား #သစ္ေတာ #ေတာမီး #ဆင္ဟြာ