Connect with us

Africa & Middle East

ထောင်ဖောက်ပြေးသော ပါလက်စတိုင်းအကျဉ်းသား ၆ ဦးအနက် ၄ ဦး ပြန်ဖမ်းမိ ၊ ၎င်းတို့အား တရားရုံးတင် စစ်ဆေး

အစ္စရေးနိုင်ငံ၏ လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်တစ်ခုမှ ထွက်ပြေးလွတ်မြောက်ပြီးနောက် နာဇရက်မြို့တွင် ပြန်လည်ဖမ်းဆီးရမိသော အကျဉ်းသား Mohammad Ardah ( ဝဲ-တတိယ) အား စက်တင်ဘာ ၁၁ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ်(ဆင်ဟွာ)

ဂျေရုစလင် ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံအကျဉ်းထောင်တစ်ခုမှ ထောင်ဖောက်ထွက်ပြေးလွတ်မြောက်သွားသော ပါလက်စတိုင်းအကျဉ်းသား ၆ ဦးအနက် ၄ ဦးကို ပြန်လည်ဖမ်းမိခဲ့ပြီးနောက် ၎င်းတို့အား နိုင်ငံမြောက်ပိုင်း နာဇရက်မြို့တွင် စက်တင်ဘာ ၁၁ ရက်က ပထမဆုံးအကြိမ် တရားရုံးတင် စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

 အစ္စရေးနိုင်ငံ၏ လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်တစ်ခုမှ ထွက်ပြေးလွတ်မြောက်ပြီးနောက် နာဇရက်မြို့တွင် ပြန်လည်ဖမ်းဆီးရမိသော အကျဉ်းသား Zakaria Zubeidi ( ယာ-တတိယ) အား စက်တင်ဘာ ၁၁ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ၏ လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်တစ်ခုမှ ထွက်ပြေးလွတ်မြောက်ပြီးနောက် နာဇရက်မြို့တွင် ပြန်လည်ဖမ်းဆီးရမိသော အကျဉ်းသား Mahmud Abdullah Ardah ( ဝဲ-တတိယ) အား စက်တင်ဘာ ၁၁ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ်(ဆင်ဟွာ)

 အစ္စရေးနိုင်ငံ၏ လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်တစ်ခုမှ ထွက်ပြေးလွတ်မြောက်ပြီးနောက် နာဇရက်မြို့တွင် ပြန်လည်ဖမ်းဆီးရမိသော အကျဉ်းသား Yaqoub Qadri (အလယ်လူ) အား စက်တင်ဘာ ၁၁ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်လာစဉ်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ၏ လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်တစ်ခုမှ ထွက်ပြေးလွတ်မြောက်ပြီးနောက် ပြန်လည်အဖမ်းခံရသော အကျဉ်းသားများအား ထောက်ခံအားပေးကြောင်း ယင်းတို့၏ ဓာတ်ပုံများ ကိုင်မြှောက်ကာ နာဇရက်မြို့တွင် စက်တင်ဘာ ၁၁ ရက်က ပါလက်စတိုင်းများ ဆန္ဒပြနေစဉ်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ၏ လုံခြုံရေးအဆင့်မြင့် အကျဉ်းထောင်တစ်ခုမှ ထွက်ပြေးလွတ်မြောက်သွားသော Yaqoub Qadir နှင့် Mohammad Ardah အကျဉ်းသားနှစ်ဦးကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များ နာဇရက်မြို့အနီးတွင် စက်တင်ဘာ ၁၀ ရက်က ပြန်လည်ဖမ်းမိစဉ် (ဆင်ဟွာ)

အစ္စရေးနိုင်ငံ မြောက်ပိုင်း Gilboa အကျဉ်းထောင်မှ စက်တင်ဘာ ၆ရက်က ပါလက်စတိုင်း ၆ ဦး ထွက်ပြေးလွတ်မြောက်သွားသော မြေအောက်ဥမင်လှိုဏ်ခေါင်းတူထားသည့်နေရာကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ မြောက်ပိုင်း Gilboa အကျဉ်းထောင်မှ စက်တင်ဘာ ၆ရက်က ပါလက်စတိုင်း ၆ ဦး ထွက်ပြေးလွတ်မြောက်သွားသော မြေအောက်ဥမင်လှိုဏ်ခေါင်းတူထားသည့်နေရာကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေစဉ်(ဆင်ဟွာ)

ပါလက်စတိုင်းအကျဉ်းသား ၆ ဦးထွက်ပြေးလွတ်မြောက်သွားပြီးနောက် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက Beit She’an အနီးတွင် စက်တင်ဘာ ၇ ရက်က စစ်ဆေးမှု ပြုလုပ်နေစဉ် (ဆင်ဟွာ)

ပါလက်စတိုင်းအကျဉ်းသား ၆ ဦးထွက်ပြေးလွတ်မြောက်သွားပြီးနောက် အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များက Beit She’an အနီးတွင် စက်တင်ဘာ ၇ ရက်က စစ်ဆေးမှု ပြုလုပ်နေစဉ် (ဆင်ဟွာ)

ပါလက်စတိုင်းအကျဉ်းသားထွက်ပြေးမှုဖြစ်ပွားပြီးနောက် အစ္စရေးက အကျဉ်းထောင်များအား လုံခြုံရေးတိုးမြှင့်လိုက်သည်ကို ကန့်ကွက်သည့်အနေဖြင့် ပါလက်စတိုင်းများ စက်တင်ဘာ ၁၀ ရက်တွင် ဂါဇာမြို့ရှိ ကြက်ခြေနီအဆောက်အဦရှေ့တွင် ဆန္ဒပြရန် စုံရုံးရောက်ရှိနေစဉ်(ဆင်ဟွာ)

ပါလက်စတိုင်းစစ်သွေးကြွ ၆ ဦးသည် စက်တင်ဘာ ၆ ရက်က အစ္စရေးနိုင်ငံရှိ လုံခြုံရေးအဆင့်အတန်းအလွန်မြင့်မားသော Gilboa အကျဉ်းထောင်တစ်ခုမှ ဟောလိဝုဒ်ရုပ်ရှင်ဇာတ်ကား ဆန်ဆန်ထောင်ဖောက် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ၎င်းတို့သည် အမေရိကန်နိုင်ငံ၏ နာမည်ကျော်ထောင်ဖောက်ဇာတ်လမ်းတွဲဖြစ်သည့် Prison Break ကဲ့သို့ပင် ၎င်းတို့အား ချုပ်နှောင်ထားသော အခန်းမှနေ၍ လူတစ်ကိုယ်စာ မြေအောက်ဥမင်လှိုဏ်ခေါင်းတစ်ခုတူးဖော်ကာ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)

————————————
(English Version)
Recaptured Palestinian prisoners appear at court
JERUSALEM, Sept. 12 (Xinhua) — Four of the six Palestinian prisoners who escaped from an Israeli prison made their first court appearances on Saturday in the northern city of Nazareth after their recapture.
The six Palestinian militants successfully staged a Hollywood-style escape from a high-security Israeli prison on Sept. 6 by digging an underground tunnel in their cell, in what is called the real-life version of the popular U.S. prison drama TV series Prison Break.

(1) Mohammad Ardah (3rd L), one of the six prisoners who escaped from a high-security Israeli prison, makes his first appearance at an Israeli court after recapture in Nazareth, Israel, Sept. 11, 2021. (Photo from JIN via Xinhua)
(2) Zakaria Zubeidi (3rd R), one of the six Palestinian militants who escaped from a high-security Israeli prison, makes his first court appearance after recapture in Nazareth, Israel, Sept. 11, 2021. (Photo by David Cohen/JIN via Xinhua)
(3) Mahmud Abdullah Ardah (3rd L), one of the six Palestinian militants who escaped from a high-security Israeli prison, makes his first court appearance after recapture in Nazareth, Israel, Sept. 11, 2021. (Photo from JIN via Xinhua)
(4) Yaqoub Qadri (C), one of the six Palestinian militants who escaped from a high-security Israeli prison, makes his first court appearance after recapture in Nazareth, Israel, Sept. 11, 2021. (Photo from JIN via Xinhua)
(5) Protesters hold posters of the six Palestinian militants, who escaped from an Israeli prison, during a demonstration to show their support in Nazareth, Israel, on Sept. 11, 2021.(Photo by Muammar Awad/Xinhua)
(6) Photo taken on Sept. 10, 2021 shows the scene near the northern Israeli city of Nazareth where Israeli security forces captured Yaqoub Qadir and Mohammad Ardah,two of the six Palestinian prisoners who escaped from an Israeli prison. (Photo by Gil Eliyahu/Jini via Xinhua)
(7/8) Israeli police officers gather around the hole of a tunnel allegedly digged by the six Palestinian prisoners who escaped from the Gilboa Prison in northern Israel, Sept. 6, 2021.(Photo by Gil Eliyahu/JINI via Xinhua)
(9/10) Israeli police set up a checking point on a road as part of the massive manhunt for the six escaped Palestinian prisoners, near Beit She’an, Israel, on Sept. 7, 2021. (Gil Eliyahu/JINI via Xinhua)
(11) Palestinians attend Friday prayers in front of the Red Cross building in Gaza City on Sept. 10, 2021, to protest the Israeli tightened measures against Palestinian prisoners in Israeli jails following a prison break by six Palestinian prisoners. (Photo by Rizek Abdeljawad/Xinhua)