Connect with us

Australia / Oceania

နယူးဇီလန်နိုင်ငံ၌ မီးပုံးပျံပျက်ကျမှုတွင် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရ

နယူးဇီလန်နိုင်ငံ Hamilton မြို့တွင် ၂၀၁၉ ခုနှစ် မတ် ၂၃ ရက်၌ ကျင်းပသော မီးပုံးပျံပွဲတော် မြင်ကွင်း (ဆင်ဟွာ)

ဝယ်လင်တန်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ၏ တောင်ပိုင်းကျွန်းရှိ Queenstown မြို့အနီး၌ ဇူလိုင် ၉ ရက်တွင် မီးပုံးပျံပျက်ကျမှုဖြစ်ပွားခဲ့ပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံမီဒီယာတွင်ဖော်ပြခဲ့သည်။

အခင်းဖြစ်ပွားရာနေရာရှိ ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အနည်းဆုံးလူတစ်ဦးမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် အခြားလူ ၁၀ ဦးမှာ အသေးစား သို့မဟုတ် အတော်အသင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

လေအားတစ်ဝက်တစ်ပျက် လျော့နည်းနေသည့် မီးပုံးပျံကြီးတစ်ခုအား သစ်ပင်သစ်ကိုင်းများအကြားတွင် တွေ့ရှိရကြောင်း အခင်းဖြစ်ပွားရာနေရာမှ ရုပ်ပုံများအရ သိရသည်။

၎င်းနေရာ၌ ဓာတ်အားလိုင်းများစွာရှိပြီး အရေးပေါ်ဝန်ဆောင်မှုဌာနများ၏ တောင်းဆိုချက်အရ ဓာတ်အားလိုင်းကုမ္ပဏီမှ ဓာတ်အားများပိတ်ပေးခဲ့ကြောင်းနှင့် အနီးအနား ဆင်ခြေဖုံးဒေသများရှိ အနည်းဆုံးအိမ်ခြေ ၁၆၀ မှာ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ရကြောင်း သိရသည်။

နယူးဇီလန်နိုင်ငံ၌ မီးပုံးပျံခရီးစဉ်သည် ခရီးသွားများအားဆွဲဆောင်ရာတွင် လူကြိုက်များသည့်ခရီးစဉ်များအနက် တစ်ခုဖြစ်ကြောင်း၊ သို့သော် ယခင်ကလည်း ယင်းကဲ့သို့ ဖြစ်ရပ်ဆိုးဖြစ်ပျက်ခဲ့ဖူးကြောင်း၊ ၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် မီးပုံးပျံပျက်ကျမှုတွင် လူ ၁၁ ဦး သေဆုံးခဲ့ကြောင်းသိရသည်။ ယင်းပျက်ကျခဲ့မှုဖြစ်စဉ်နှင့်ပတ်သက်၍ ပေါ့ဆမှုသက်သေမရှိခဲ့ကြောင်း၊ သို့သော် မျက်မြင်သက်သေတစ်ဦးက အခင်းဖြစ်သည့်အချိန်တွင် မြေပြင်သို့ စောက်ထိုးကျလာသည်ကို တွေ့ရှိခဲ့ခြင်းအား သတင်းပို့ခဲ့ကြောင်းသိရသည်။ (Xinhua)

————————————-
(English Version)
11 injured in hot air balloon crash in New Zealand
WELLINGTON, July 9 (Xinhua) — Eleven people were injured due to a hot air balloon crash near Queenstown, South Island of New Zealand on Friday, reported the local media.
A police spokesperson at the scene confirmed that at least one person was seriously injured, with the 10 others suffering minor or moderate injuries.
Visual contents from the scene showed a large semi-deflated balloon seen through tree branches.
It is said that there were numerous power lines visible at the site. At the request of the emergency services, the power company turned off the power, leaving at least 160 houses in nearby suburbs without electricity.
Hot balloon flight is one of the popular touring attractions in New Zealand, but tragedy did happen before. A balloon crash accident in 2012 took 11 lives. There is no evidence this crash was caused by misconduct, but a witness reported a plummet landing being seen this time. Enditem
Photo-A man holds a Kiwi-shaped balloon during the hot air balloon festival in Hamilton, New Zealand, March 23, 2019. (Xinhua/Guo Lei)