Connect with us

Australia / Oceania

ဗီဇပြောင်း Deltaကိုရိုနာဗိုင်းရပ်စ် ကမ္ဘာတစ်ဝန်းကူးစက်ပျံ့နှံ့နေခြင်းကြောင့် သတိလက်လွတ်မနေကြရန် WHO သတိပေး

ဩစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်ခေါင်ရှိ လမ်းတစ်ခုတွင် တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်များအား ဇူလိုင် ၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် (၁၉၄) နိုင်ငံရှိသည့်အနက် နိုင်ငံနှင့်ဒေသ (၁၀၄)ခုတွင် Delta ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံမှုများ ရှိနေပြီဖြစ်ကြောင်း WHO၏နောက်ဆုံးရကိန်းဂဏန်းများတွင် ဖော်ပြထားသည်။ နိုင်ငံအသီးသီးက ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးကန့်သတ်ချက်ကို ဖြေလျှော့ချိန်တွင် အထူးသတိထားသင့်ကြောင်း WHO အရေးပေါ်ကျန်းမာရေး အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး Dr. Mike Ryan က ဇူလိုင် ၇ ရက်တွင် တိုက်တွန်းခဲ့သည်။

ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ တစ်ပတ်ရစ်ပစ္စည်းအရောင်းဈေးတစ်ခုတွင် ဈေးဝယ်နေသူများအား ဇွန် ၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ Thamesမြစ်ကမ်းနားတွင် လမ်းလျှောက်နေသူများအား ဇွန် ၁ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

Delta ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကို ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလက အိန္ဒိယနိုင်ငံတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကမ္ဘာတစ်ဝန်းလုံးသို့ လျင်မြန်စွာ ကူးစက်ပျံ့နှံနေပြီဖြစ်သည်။

ဩစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်ပြည်နယ်တွင် ဇူလိုင် ၈ ရက်က ပြည်တွင်းကူးစက်မှု ကိုဗစ်-၁၉ အတည်ပြုလူနာ (၃၈)ဦး ထပ်တိုးလာခဲ့ရာ ယခုနှစ်အတွင်း နေ့စဉ်ထပ်တိုးလူနာဦးရေအများဆုံးဖြစ်ခဲ့သည်။ ဗီဇပြောင်းဗိုင်းရပ်စ် Delta သည်ကူးစက်မြန်ခြင်းကြောင့် ယင်းပြည်နယ် မြို့တော် ဆစ်ဒနီကို lockdown နောက်ထပ်ရက်သတ္တတစ်ပတ် တိုးခဲ့ကာ ဆစ်ဒနီ၏ ထပ်တိုးလူနာဦးရေသည် တစ်ဆင့်မြင့်တက်နိုင်သည်ဟု ခန့်မှန်းထားသည်။

အလားတူပင် Delta ဗီဇပြောင်းဗိုင်းရပ်စ်ကြောင့် ဗြိတိန်တွင် ကိုဗစ်-၁၉အတည်ပြုလူနာအရေအတွက် လျင်မြန်စွာ မြင့်တက်လာခဲ့သည်။ ဇူလိုင် ၇ ရက်က ဗြိတိန်တွင် အတည်ပြုလူနာသစ် (၃၂,၅၄၈)ဦး ရှိခဲ့ရာ ၎င်းမှာ ဇန်နဝါရီ ၂၃ ရက် နောက်ပိုင်း တစ်ရက်အတွင်း ထပ်တိုးအတည်ပြုလူနာ အများဆုံးဖြစ်ခဲ့သည်။

ဂျာမနီနိုင်ငံတွင် ဇူလိုင် ၇ ရက်က ထပ်တိုးအတည်ပြုလူနာဦးရေ (၉၈၅) ဦးရှိခဲ့ရာ ၎င်းမှာ ပြီးခဲ့သည့်ရက်သတ္တပတ်က နေ့စဉ်လူနာအရေအတွက်ထက် (၁၇၇)ဦး ထပ်တိုးလာခြင်းဖြစ်ကြောင်း ဂျာမနီ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန Robert Koch Institute (RKI)၏ ယင်းနေ့ထုတ်ပြန်ချက်များအရ သိရသည်။ Delta သည် ဂျာမနီတွင် အဓိကကူးစက်သည့် ဗိုင်းရပ်စ်အမျိုးအစားဖြစ်နေပြီး ဆက်တိုက် လျင်မြန်စွာ ပြန့်ပွားနေခြင်းကြောင့် ဇွန်လကုန်ထိ ထပ်တိုးလူနာဦးရေ၏ (၅၉)ရာခိုင်နှုန်းမှာ ယင်းဗိုင်းရပ်စ်အမျိုးအစားကူးစက်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိ ပြင်သစ်တွင် ထပ်တိုးအတည်ပြုလူနာ၏(၄၀)ရာခိုင်နှုန်းခန့်သည် Delta ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ထားခြင်းဖြစ်ကြောင်း ၊ ၎င်း၏ကူးစက်မှုရာခိုင်နှုန်းသည် ပြီးခဲ့သည့် (၃)ပတ်က (၁၀)ရာခိုင်နှုန်းသာရှိကြောင်း ပြင်သစ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Gabriel Attalက ယင်းနေ့တွင် ပြောကြားခဲ့သည်။ “ဒီဗီဇပြောင်းဗိုင်းရပ်စ်က အန္တရာယ်များပြီး ကူးစက်မှု အလွန်လျင်မြန်ပါတယ်။ ဘယ်မှာတွေ့တွေ့ အခြေအနေအရမ်း ဆိုးဝါးနိုင်ပါတယ်”ဟု ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ရေးနှင့်ကြိုတင်ကာကွယ်ရေးစင်တာ(CDC)၏ ကိန်းဂဏန်းများအရ ဇူလိုင် ၆ ရက်အထိ အမေရိကန်တွင် ပြီးခဲ့သည့် (၇)ရက်က နေ့စဉ်ထပ်တိုးအတည်ပြုလူနာဦးရေ (၁၃,၈၀၀)ဦးရှိရာ ၎င်းမှာ ပြီးခဲ့သည် (၂)ပတ်ကထက် (၂၁)ရာခိုင်နှုန်းတိုးလာခြင်း ဖြစ်ကြောင်း သိရသည်။ ဇူလိုင် ၃ ရက်အထိ ရက်သတ္တပတ်(၂)ပတ်ကြာကာလအတွင်း ထပ်တိုးအတည်ပြုလူနာအရေအတွက်၏ (၅၂)ရာခိုင်နှုန်းမှာ Delta ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ထားခြင်းဖြစ်သည်။

Delta ဗီဇပြောင်း ဗိုင်းရပ်စ်၏ ကူးစက်ပြန့်ပွားမှုကို စိုးရိမ်ခြင်းကြောင့် တောင်ကိုရီးယား၊ ဂျပန်စသည့် နိုင်ငံများကလည်း အလားတူ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများကို အားဖြည့်လုပ်ဆောင်နေကြောင်း သိရသည်။ သို့သော်လည်း ဥရောပနိုင်ငံအချို့တွင် ခရီးသွားကန့်သတ်ချက်များအား ဖြေလျှော့မှုများ ပြုလုပ်နေသလို အိန္ဒိယနိုင်ငံ ပြည်နယ် အသီးသီးကလည်း ပိတ်ဆို့မှုများကို ဖြေလျှော့လျက်ရှိသည်။ ဗြိတိန်အစိုးရ၏အစီအစဉ်အရ အင်္ဂလန်၏ ပိတ်ဆို့မှုများကို ယခုလ ၁၉ ရက်တွင် အလုံးစုံဖြေလျှော့ပေးမည်ဖြစ်ကြောင်း သိရသည်။

ကမ္ဘာ့နေရာအသီးသီးရှိ လူများအားလုံးသည် အကာအကွယ်ရှိပြီး အားလုံး ပုံမှန်ဖြစ်သွားပြီဟု ယူဆနေကြကြောင်း၊ ယခုအခြေအနေတွင် ထိုသို့ထင်မြင်ခြင်းက ဥရောပတွင်ဖြစ်စေ၊ အခြားဒေသတွင်ဖြစ်စေ အလွန်အန္တရာယ်များကြောင်း WHO အရေးပေါ်ကျန်းမာရေး အစီအစဉ် အမှုဆောင်ညွှန်ကြားရေးမှူး Dr. Mike Ryan က ဇူလိုင် ၇ ရက် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ WHO ရုံးချုပ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

“နိုင်ငံအသီးသီးက အစိုးရတွေအနေနဲ့ ရပြီးသား ကပ်ရောဂါတိုက်ဖျက်ရေး ရလဒ်တွေကို အလဟဿမလုပ်ကြဖို့ ကျွန်တော်တို့က တိုက်တွန်းပါတယ်”ဟု ၎င်းက ဆိုသည်။

တစ်ချိန်တည်းတွင်ပင် အမေရိကန်၊ ဆွစ်ဇာလန်စသည့်နိုင်ငံများက အသက် ၁၂ နှစ်မှ ၁၅ နှစ်အတွင်း ကလေးငယ်များအား ကာကွယ်ထိုးနှံပေးနေသည့်လုပ်ငန်းများကို ခဏရပ်ဆိုင်းထားပြီး ယင်းကိုဗစ်ကာကွယ်ဆေးများကို ဝင်ငွေနည်းပါးသောနိုင်ငံများ၏ ဆေးဝန်ထမ်းများနှင့်သက်ကြီးရွယ်အိုများ ကာကွယ်ဆေးရရှိနိုင်ရေးအတွက် COVAX အစီအစဥ်သို့လှူဒါန်းကြရန် WHOက တိုက်တွန်းပြောကြားခဲ့သည်။

“လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အထိနာတဲ့ လူအုပ်စုဟာ ကလေးသူငယ်တွေမဟုတ်ဘဲ အရွယ်ရောက်ပြီးသူနဲ့ အခြားကူးစက်မှုအန္တရာယ်မြင့်မားတဲ့လူအုပ်စုတွေ ဖြစ်ပါတယ်”ဟု WHO ကာကွယ်ဆေးပညာရှင် Dr. Ann Lindstrand က ဆိုသည်။ (Xinhua)

———————————–
(Chinese Version)
德尔塔毒株蔓延全球 世卫组织警告勿大意
2021-07-08 16:20:05
新华社北京7月8日电(记者刘曦)世界卫生组织最新数据显示,在194个世卫组织成员中,新冠变异病毒德尔塔毒株已经在104个国家和地区传播。世卫组织卫生紧急项目执行主任迈克•瑞安7日敦促各国在解除防疫限制时应高度谨慎。
德尔塔毒株最早于2020年10月在印度发现,眼下正在全球范围内加速传播。
澳大利亚新南威尔士州8日报告单日新增38例本土新冠确诊病例,为今年以来单日新增病例数最高。由于德尔塔毒株传染性强,新州首府悉尼延长“封城”一周,并预估悉尼新增病例将进一步攀升。
德尔塔毒株同样导致英国新冠确诊病例增长速度加快。英国7日报告新增确诊病例32548例,是1月23日以来单日新增病例数最高值。
德国疾控机构罗伯特•科赫研究所7日报告单日新增病例985例,较一周前单日新增病例增加177例。德尔塔在德国已经成为主要流行毒株,并持续迅速蔓延。截至6月底,59%的新增病例感染这一毒株。
法国政府发言人加布里埃尔•阿塔尔同日说,德尔塔毒株感染病例目前占法国新增病例40%左右,三周前这一比例为10%。“这种变异毒株危险且传播速度快,无论它出现在哪里,都会毁掉这个夏天。”
根据美国疾病控制和预防中心数据,截至6日,美国过去七天单日平均新增新冠病例超过1.38万例,较两周前增长21%。截至3日的两周内,约52%的新增病例感染德尔塔毒株。
因担忧德尔塔毒株传播,韩国、日本等同样加强防疫措施。然而,一些欧洲国家放宽了旅行限制,印度各州也放松封锁。按照英国政府计划,英格兰地区本月19日将彻底解封。
世卫组织卫生紧急项目执行主任瑞安7日在瑞士日内瓦世卫组织总部召开的记者会上说,认为世界各地所有人都已得到保护、一切已恢复正常,这在现阶段是非常危险的想法,无论是在欧洲还是其他地区。
“我们敦促各国政府不要丢掉已经取得的(抗疫)成果。”他说。
世卫组织同时敦促美国、瑞士等正在为12岁至15岁儿童接种疫苗的国家暂停这一进程,转而把这部分疫苗捐赠给“新冠肺炎疫苗实施计划”(COVAX),以使低收入国家医务人员和老年人能获得疫苗。
世卫组织疫苗专家安•林德斯特兰德说:“现在受新冠疫情重创的不是儿童群体,而是成年人和其他高风险人群。”

图说1:7月5日,警察在澳大利亚悉尼市中心的街道上执勤。由于本地传播病例持续出现,澳大利亚第一大城市悉尼持续保持“封城”状态。(新华社发,胡泾辰摄)
图说2:6月6日,人们在德国首都柏林的一处“跳蚤市场”内购物。(新华社发,斯特凡•蔡茨摄)
图说3:6月1日,人们在英国伦敦的泰晤士河北岸行走。(新华社记者韩岩摄)