Connect with us

North America

ပင်တဂွန်စစ်ဌာချုပ်အပြင်ဘက်တွင် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ရဲအရာရှိတစ်ဦးသေဆုံး

အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်အဆောက်အဦအပြင်ဘက်တွင် မော်တော်ဆိုင်ကယ်ဖြင့် လုံခြုံရေးလှည့်နေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ဩဂုတ် ၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန် ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာချုပ်အပြင်ဘက် ဘတ်စ်ကားမှတ်တိုင်တွင် ဩဂုတ် ၃ ရက်နံနက်ပိုင်းက သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားပြီးနောက်ပိုင်း ရဲအရာရှိတစ်ဦးသေဆုံးသွားကြောင်း အာဏာပိုင်များက ဆိုသည်။အဆိုပါ ရဲအရာရှိသည် ဓားထိုးခံရပြီး နောက်ပိုင်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။ ယင်း သံသယတရားခံကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အခင်းဖြစ်နေရာမှာပင် သေနတ်ဖြင့် အသေပစ်သတ်ဖမ်းဆီးလိုက်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်သတင်းအရင်းအမြစ်ကို ကိုးကား၍ AP သတင်းဌာနက ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်အဆောက်အဦအပြင်ဘက်တွင် လုံခြုံရေးရဲကားများကို ဩဂုတ် ၃ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပင်တဂွန်တပ်ဖွဲ့ကာကွယ်ရေးအေဂျင်စီအကြီးအကဲ Woodrow Kusse က ပြောကြားရာတွင် သေဆုံးသွားသော ရဲအရာရှိသည် “ မက်ထရိုဘတ်စ်ကားပို့ဆောင်ရေးစင်္ကြံတွင် တိုက်ခိုက်ခံရခြင်းဖြစ်ပြီး အပြင်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း” ဆိုသည်။ Arlington မီးသတ်ဌာနက “လူနာအများအပြားရှိကြောင်း ၊ သို့သော် ထိုသူများမှာ ပစ်ခတ်မှုနှင့်ဆက်နွယ်မှု ရှိမရှိကိုမူ လတ်တလောရှင်းရှင်းလင်းလင်းမသိရသေးကြောင်း” ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံ ပင်တဂွန်စစ်ဌာနချုပ်အဆောက်အဦအား ဩဂုတ် ၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ပင်တဂွန်စစ်ဌာနချုပ်ကို Lockdown ပိတ်ဆို့မှုပြုလုပ်ခဲ့ကြောင်း နှင့် တစ်နာရီခွဲအကြာတွင် ပြန်ဖွင့်ပေးလိုက်ကြောင်း သိရသည်။
“ ပင်တဂွန်စစ်ဌာနချုပ်ဟာ ပိတ်ဆို့မှုကိုဖယ်ရှားပြီး ပြန်ဖွင့်လိုက်ပါပြီ” ဟု ပင်တဂွန်တပ်ဖွဲ့ကာကွယ်ရေးအေဂျင်စီက ဩဂုတ် ၃ ရက် မွန်းလွဲပိုင်းတွင် တွစ်တာ၌ ရေးသားဖော်ပြခဲ့သည်။

“မတ်ထရိုရထားဘူတာရုံဝင်ပေါက်နဲ့ ဘတ်စ်ကားစင်္ကြံလျှောက်လမ်းဧရိယာ တစ်ဝိုက်ကနေ အားလုံးပဲ ခပ်ဝေးဝေးနေကြဖို့ မေတ္တာရပ်ခံထားပါတယ်” ဟု ၎င်းက ဆိုသည်။
အခင်းဖြစ်နေရာတွင် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် ရထားများနှင့်ဘတ်စ်ကားများသည် ၎င်းတို့ရပ်တံ့ရမည့် မှတ်တိုင်ကို ကျော်လွန်၍ ရပ်တံ့ခဲ့ရကြောင်း Washington Metropolitan မြို့တော်သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့က ဆိုသည်။

မတ်ထရိုဘတ်စ်ကားပို့ဆောင်ရေးစင်္ကြံသည် ပင်တဂွန်စစ်ဌာနချုပ်သို့ အဓိကဝင်ပေါက်လမ်းကြောင်းဖြစ်ပြီး ယင်းနေရာတွင် နေ့စဉ်နေ့တိုင်း ဘတ်စ်ကားလိုင်းပေါင်းများစွာ အဝင်အထွက် ပြုလုပ်ရန် အသုံးပြုလျက်ရှိကြောင်း သိရသည်။(Xinhua)

——————————————————–
(English Version)

Police officer killed following shooting outside Pentagon

WASHINGTON, Aug. 3 (Xinhua) — A police officer was killed following a shooting at the Metro bus station outside the Pentagon on Tuesday morning, authorities said.

The officer was stabbed and later died. The suspect was shot and killed by law enforcement at the scene, the AP reported, citing Pentagon sources.

Pentagon Force Protection Agency chief Woodrow Kusse said the officer “was attacked on the Metro bus platform” and “gunfire was exchanged.”

The Arlington County Fire Department reported “multiple patients,” but it wasn’t immediately clear if they were related to the shooting.

The Pentagon went into lockdown after the shooting and reopened one hour and a half later.”The Pentagon has lifted the lock down and has reopened,” the Pentagon Force Protection Agency said on Twitter on Tuesday afternoon. “We request that everyone stay away from the Metro rail entrance and bus platform area.”

The Washington Metropolitan Area Transit Authority said trains and buses were bypassing their stops at the transit center due to the investigation.

The Metro bus platform, a major entrance to the Pentagon, is used by multiple bus lines in the area every day. Enditem
(1)A police officer works near the Pentagon in Arlington, Virginia, the United States, on Aug. 3, 2021.

(2)Police vehicles are seen near the Pentagon in Arlington, Virginia, the United States, on Aug. 3, 2021.
(3)Photo taken on Aug. 3, 2021 shows the Pentagon in Arlington, Virginia, the United States.