Connect with us

Europe

ပင်လယ်နက်ပေါ်တွင် ရုရှားတိုက်လေယာဉ်က အမေရိကန်ကင်းထောက်လေယာဉ်အား လိုက်ပါစောင့်ကြည့်

မော်စကို ၊ စက်တင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ရုရှားတိုက်လေယာဉ်တစ်စင်းက စက်တင်ဘာ ၂၈ ရက်တွင် ပင်လယ်နက်ပေါ် ပျံသန်းနေသည့် အမေရိကန်ကင်းထောက်လေယာဉ်တစ်စင်းအား အတူလိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ရုရှားလေကြောင်းပိုက်နက်ထိန်းချုပ်ရေးက ပင်လယ်နက်၏ ကြားနေရေပိုင်နက်အပေါ်တွင် ရုရှားနိုင်ငံနယ်စပ်ဘက်သို့ ဦးတည်ပျံသန်းနေသည့် လေကြောင်းပစ်မှတ်တစ်ခုအား ထောက်လှမ်းမိခဲ့ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ယင်းအခြေအနေအား တုံ့ပြန်သည့်အနေဖြင့် Su-27 လေယာဉ်တစ်စင်း ပျံတက်သွားကြောင်း ၊ အဆိုပါ လေကြောင်းပစ်မှတ်သည် အမေရိကန်လေတပ်မှ RC-135 ကင်းထောက်လေယာဉ်တစ်စင်းဟု သတ်မှတ်ကြောင်း နှင့် ရုရှားနယ်စပ်မှ အဝေးသို့ ပျံထွက်သွားသည်အထိ လိုက်ပါစောင့်ကြည့်ခဲ့ကြောင်း သိရသည်။

ကာကွယ်ရေးဝန်ကြီးဌာနက တိုက်လေယာဉ်သည် လေကြောင်းပိုင်နက်အသုံးပြုမှုအတွက် အပြည်ပြည်ဆိုင်ရာစည်းမျဉ်းများနှင့်အညီ တိကျသော လိုက်နာမှုဖြင့် တာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သော နှစ်ရက်က ရုရှား Su-35S တိုက်လေယာဉ်သုံးစင်းသည် ပစိဖိတ်သမုဒ္ဒရာ၏ ကြားနေရေပိုင်နက်အပေါ် ပျံသန်းနေသော အမေရိကန် လေတပ် B-52H ဗျူဟာမြောက်ဗုံးကျဲလေယာဉ်တစ်စင်းအား လိုက်ပါစောင့်ကြည့်ခဲ့ရကြောင်း သိရသည်။ (Xinhua)

———————————————
(Chinese Version)
Russian jet escorts U.S. reconnaissance plane over Black Sea

MOSCOW, Sept. 28 (Xinhua) — A Russian fighter jet accompanied a U.S. reconnaissance plane over the Black Sea on Tuesday, the Russian Defense Ministry said.
Russian airspace control detected an air target over the neutral waters of the Black Sea flying toward the Russian state border, the ministry said in a statement.

A Su-27 aircraft took off in response and identified the target as a U.S. Air Force RC-135 reconnaissance plane and escorted it until it flew away from the Russian border.
The defense ministry said its jet carried out the mission in strict compliance with international rules for the use of airspace.

Just two days ago, three Russian Su-35S fighters escorted a U.S. Air Force B-52H strategic bomber over the neutral waters of the Pacific. Enditem
Photo – Russian jet fighters Su-27 of the Russian Knights aerobatic team perform during an air show in Kubinka, Russia, May 21, 2016. (Xinhua/Pavel Bednyakov)