Connect with us

Asia

ပါကစ္စတန်နိုင်ငံ ကရာချီမြို့၌ ပေါက်ကွဲမှုအတွင်း လူ ၁၀ ဦး သေဆုံး ၊ ၁၂ ဦး ဒဏ်ရာရရှိ

အစ္စလာမ်မာဘတ် ၊ ဒီဇင်ဘာ ၁၉ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ တောင်ပိုင်းဆိပ်ကမ်းမြို့ ဖြစ်သည့် ကရာချီမြို့၌ ဒီဇင်ဘာ ၁၈ ရက်တွင် နှစ်ထပ်တိုက် အဆောက်အအုံတစ်ခု၏ မြေညီထပ်၌ ဖြစ်ပွားသော ပေါက်ကွဲမှုတစ်ခုအတွင်း လူ ၁၀ ဦးထက်မနည်း သေဆုံးကာ ၁၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များ နှင့် ဆေးရုံ သတင်းအရင်းအမြစ်များက ပြောကြားခဲ့သည်။ဆေးရုံမှတ်တမ်းတွင် ရုပ်အလောင်း ၁၀ လောင်း နှင့် ဒဏ်ရာရရှိသူ ၁၂ ဦးအား လတ်တလောတွင် စာရင်းသွင်းထားကြောင်း နှင့် ဒဏ်ရာရရှိသူအများစုမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေကြောင်း သေဆုံး/ဒဏ်ရာရရှိသူများအားလုံးကို လွှဲပြောင်းပေးခဲ့သည့် အဆင့် ၁ အမျိုးအစား အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုဌာန Shaheed Mohtarma Benazir Bhutto Institute of Trauma ၏ အရာရှိချုပ် Muhammad Sabir Memon က မီဒီယာသို့ ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ ကရာချီမြို့ရှိ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ စစ်ဆေးနေမှုအား ဒီဇင်ဘာ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ထုတ်ပြန်မှုတွင် ကရာချီရဲတပ်ဖွဲ့က ယင်းပေါက်ကွဲမှုသည် ပုဂ္ဂလိကဘဏ်တစ်ခု နှင့် အခြားရုံးများစွာ ရှိသည့် အဆောက်အအုံ၌ ဂတ်စ်ယိုစိမ့်မှုကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း သတင်းဖော်ပြမှုများအရ သိရသည်။

အဆိုပါအဆောက်အအုံသည် ပေါက်ကွဲမှုအတွင်း တစ်စိတ်တစ်ပိုင်း ပြိုကျပျက်စီးခဲ့ပြီး လူပေါင်းများစွာ အုတ်အကျိုးအပဲ့များအတွင်း ပိတ်မိနေခဲ့ကြောင်း သိရသည်။
ကယ်ဆယ်ရေးအသင်းများသည် အဆောက်အအုံပြိုကျပျက်စီးမှုအတွင်း ပိတ်မိသူများအား ရှာဖွေရန် အပျက်အစီးများအား ဖယ်ရှားရန် စက်ယန္တယားကြီးများကို တောင်းဆိုထားကြောင်း သိရသည်။

ပါကစ္စတန်နိုင်ငံ ကရာချီမြို့ရှိ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ၌ ပျက်စီးသွားသည့် အဆောက်အအုံအား ဒီဇင်ဘာ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ကရာချီမြို့ရှိ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ၌ စုဝေးရောက်ရှိလာသည့် လူအုပ်အား ဒီဇင်ဘာ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ကရာချီမြို့ရှိ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပိတ်ဆို့စောင့်ကြပ်နေမှုအား ဒီဇင်ဘာ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ ကရာချီမြို့ရှိ ပေါက်ကွဲမှု ဖြစ်ပွားရာနေရာ၌ ပျက်စီးသွားသည့် မော်တော်ယာဉ်တစ်စီးအား ဒီဇင်ဘာ ၁၈ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ကရာချီမြို့သည် Sindh ပြည်နယ်၏ မြို့တော် ဖြစ်သည်။ Sindh ပြည်နယ်ဝန်ကြီးချုပ် Syed Murad Ali Shah က ယင်းဖြစ်စဉ်အပေါ် ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး အကြမ်းဖက်မှု ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစား၍ ဖြစ်စဉ်အား ပေါက်ကွဲမှု ဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့အား ညွှန်ကြားခဲ့ကြောင်း သိရသည်။
ဗုံးရှင်းလင်းရေးတပ်ဖွဲ့သည် ထပ်မံစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်အတွက် အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

———————————
(Zawgyi Version)

10 killed, 12 injured in explosion in Pakistan’s Karachi

ISLAMABAD, Dec. 18 (Xinhua) — At least 10 people were killed and 12 others injured in an explosion at the ground floor of a two-storey building in Pakistan’s southern port city of Karachi on Saturday, police and hospital sources said.

Ten bodies and 12 injured people have currently been registered on the hospital record, and most of the injured are in critical condition after being seriously wounded in the incident, Muhammad Sabir Memon, chief operating officer of Shaheed Mohtarma Benazir Bhutto Institute of Trauma to which all the victims were shifted, told media.

In a statement, the Karachi police said that the explosion was due to leakage of gas in the building containing a private bank and several other offices, according to the reports.
The building was partially collapsed in the explosion, and several people are feared to be trapped inside the rubbles.
The rescue teams have called in heavy machinery to remove the debris in order to find the trapped people.
Karachi is the provincial capital of Sindh. Sindh Chief Minister Syed Murad Ali Shah expressed sorrow over the incident and directed police to investigate into the incident keeping the possibility of terrorism into consideration.

Bomb disposal squad has arrived at the site for further investigation. Enditem
Photo 1 – Rescuers work at the explosion site in Karachi, Pakistan, Dec. 18, 2021. At least 10 people were killed and 12 others injured in an explosion at the ground floor of a two-storey building in Pakistan’s southern port city of Karachi on Saturday, police and hospital sources said. (Str/Xinhua)

Photo 2 – Security personnel examine the explosion site in Karachi, Pakistan, Dec. 18, 2021. At least 10 people were killed and 12 others injured in an explosion at the ground floor of a two-storey building in Pakistan’s southern port city of Karachi on Saturday, police and hospital sources said. (Str/Xinhua)

Photo 3 – A damaged building is seen at the explosion site in Karachi, Pakistan, Dec. 18, 2021. At least 10 people were killed and 12 others injured in an explosion at the ground floor of a two-storey building in Pakistan’s southern port city of Karachi on Saturday, police and hospital sources said. (Str/Xinhua)

Photo 4 – People gather at the explosion site in Karachi, Pakistan, Dec. 18, 2021. At least 10 people were killed and 12 others injured in an explosion at the ground floor of a two-storey building in Pakistan’s southern port city of Karachi on Saturday, police and hospital sources said. (Str/Xinhua)

Photo 5 – Security personnel cordon off the explosion site in Karachi, Pakistan, Dec. 18, 2021. At least 10 people were killed and 12 others injured in an explosion at the ground floor of a two-storey building in Pakistan’s southern port city of Karachi on Saturday, police and hospital sources said. (Str/Xinhua)

Photo 6 – A damaged vehicle is seen at the explosion site in Karachi, Pakistan, Dec. 18, 2021. At least 10 people were killed and 12 others injured in an explosion at the ground floor of a two-storey building in Pakistan’s southern port city of Karachi on Saturday, police and hospital sources said. (Str/Xinhua)