Connect with us

Africa & Middle East

ပါကစ္စတန်ဝန်ကြီးချုပ်က ပါကစ္စတန်-တရုတ် ဖိုရမ်သည် စီးပွားရေးပတ်ဝန်းကျင်ကောင်း မြှင့်တင်ပေးဟု ပြောကြား

ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့၌ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၃ ရက်တွင် ပြုလုပ်သော ပါကစ္စတန်-တရုတ် စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှုဖိုရမ်တွင် ပါကစ္စတန် ဝန်ကြီးချုပ် အီမရန်ခန် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

အစ္စလာမ်မာဘတ် ၊ ဇန်နဝါရီ ၄ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံဝန်ကြီးချုပ် အီမရန်ခန်(Imran Khan) က ပါကစ္စတန်-တရုတ် စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သည် ပါကစ္စတန်နိုင်ငံတွင် စီးပွားရေးပတ်ဝန်းကျင်းကောင်းကို မြှင့်တင်ပေးရန် ကူညီပေးနိုင်လိမ့်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၃ ရက်တွင် ပြောကြားခဲ့သည်။

ပါကစ္စတန်-တရုတ် စီးပွားရေးစင်္ကြံ(CPEC) အောက်တွင် တည်ဆောက်သည့် ပါကစ္စတန်နိုင်ငံ အရှေ့ပန်ဂျပ်ပြည်နယ်ရှိ ±660kV Matiari-Lahore စွမ်းအားမြင့် လျှပ်စစ်တိုက်ရိုက်ပို့လွှတ်ခြင်း (HVDC) ဓာတ်အားခွဲရုံမြင်ကွင်းအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၄ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ယင်းဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ တက်ရောက်အမှာစကားပြောကြားစဉ် ပါကစ္စတန်ဝန်ကြီးချုပ်က ပါကစ္စတန်-တရုတ် စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ဖိုရမ်သည် စက်မှုထွန်းကားရေး လုပ်ငန်းစဉ်မှတဆင့် နိုင်ငံ၏ ပို့ကုန်ကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် ကန့်သတ်ချက်စည်းမျဉ်းစည်းကမ်းများ နှင့် နည်းဥပဒေများကို ဖြေလျှော့ပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ရန် လုပ်ဆောင်လျက်ရှိကြောင်း ၎င်း ကဆိုသည်။

ထို့ပြင် ဝန်ကြီးချုပ်က တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ၏ ဒုတိယအဆင့်သည် ပါကစ္စတန်နိုင်ငံ၏ စက်မှုလုပ်ငန်းထွန်းကားရေး နှင့် စိုက်ပျိုးရေးကဏ္ဍအပေါ် အာရုံစိုက် အလေးထားကြောင်း ဆိုသည်။

ယင်းအခမ်းအနားတွင် ပါကစ္စတန်နိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Nong Rongက အမှာစကားပြောကြားရာတွင် တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ (CPEC) ၏ ဒုတိယအဆင့်သည် စီးပွားရေး မှ စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်း နှင့် ဖိုရမ်သစ်အား ဖွဲ့စည်းထူထောင်ခြင်းသည် ၎င်း၏ အဖွဲ့ဝင်စီးပွားရေးလုပ်ငန်းများအကြား အပြန်အလှန်ချိတ်ဆက်မှု နှင့် သတင်းအချက်အလက်ဖလှယ်မှုကို မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း နှင့် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် ပါကစ္စတန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ ဥက္ကဌ Muhammad Azfar Ahsan ကအမှာစကားပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ နှင့် အားလုံးသော ပါကစ္စတန် တရုတ် စီးပွားရေးလုပ်ငန်းများ အသင်းချုပ် က ပူးတွဲထူထောင်သည့် ဖိုရမ်သည် ဖက်စပ်လုပ်ငန်းများ နှင့်အခြားသော အပြန်အလှန် အကျိုးတူစီးပွားဖြစ် မိတ်ဖက်ပုံစံဖြင့် နှစ်ဖက်ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ခြင်းအတွက် နောက်ထပ်လမ်းကြောင်းများကို စူးစမ်းရှာဖွေဖော်ထုတ်သွားမည်ဟု ဆိုသည်။ (Xinhua)

………………………………..
(English Version)
Pakistan-China forum held to improve business environment: Pakistani PM

ISLAMABAD, Jan. 4 (Xinhua) — Pakistani Prime Minister Imran Khan said on Monday that a Pakistan-China business and investment forum will help improve the business environment in the country.
Addressing the inaugural ceremony of the forum, the prime minister said the commencement of the forum will enhance the country’s exports through industrialization process.
Pakistan is working on facilitating investors by minimizing rules and regulations, he said.
Khan said the second phase of the China-Pakistan Economic Corridor (CPEC) focuses on industrialization and the agricultural sector of Pakistan.

On the occasion, Chinese Ambassador to Pakistan Nong Rong said the second phase of CPEC stresses on business-to-business cooperation, and the newly-established forum will promote interaction and information sharing among its member enterprises, and create more business opportunities.
Addressing the ceremony, Muhammad Azfar Ahsan, chairman of Pakistan’s Board of Investment, said the forum, jointly established by the Board of Investment and the All-Pakistan Chinese Enterprises’ Association, will explore further avenues of bilateral investment cooperation in the form of joint ventures and other mutually beneficial partnerships.

Photo(1) Pakistani Prime Minister Imran Khan addresses the inaugural ceremony of the Pakistan-China business and investment forum in Islamabad, capital of Pakistan, Jan. 3, 2022. (Pakistani Press Information Department/Handout via Xinhua)
Photo(2) Photo taken on Feb. 4, 2021 shows the Lahore converter station of the Matiari-Lahore high-voltage direct current (HVDC) transmission project under the China-Pakistan Economic Corridor in Pakistan’s eastern Punjab province. (SGCC/Handout via Xinhua)