Connect with us

Europe

ပေကျင်းဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ကြီးမားစွာအောင်မြင်မှုရရှိမည်ဟု အယ်လ်ဘေးနီးယား တာဝန်ရှိသူပြောကြား

တီရာနာ ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ဖေဖော်ဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်မည့် အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲများကို တရုတ်နိုင်ငံက အကောင်းဆုံး လက်ခံကျင်းပသွားနိုင်မည်ဖြစ်ကြောင်း အယ်လ်ဘေးနီးယားနိုင်ငံအမျိုးသားအိုလံပစ်ကော်မတီဥက္ကဌ Fidel Ylli က ဇန်နဝါရီ ၁၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဆင်ဟွာသတင်းဌာနနှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် Ylli က ပေကျင်း ၂၀၂၂ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲသည် ကြီးမားသောအောင်မြင်မှုရရှိမည်ကို ၎င်းအနေဖြင့် အခိုင်အမာယုံကြည်မှုရှိကြောင်း ၊ ယင်းမှာ “ပြိုင်ပွဲလက်ခံကျင်းပသည့်နိုင်ငံအတွက်သာမကဘဲ လာရောက်ပါဝင်ယှဉ်ပြိုင်ကြသည့် အားကစားသမားများ အားလုံးအတွက်လည်း ဖြစ်ကြောင်း” ထည့်သွင်းပြောကြားခဲ့သည်။

၂၀၂၂ ပေကျင်းအိုလံပစ်ပြိုင်ပွဲလက်ခံကျင်းပမည့် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဘဲဥပုံ အမျိုးသားစကိတ်အားကစားရုံကြီးတွင် အစမ်းလေ့ကျင့်နေသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

“ ကျွန်တော်တို့ဟာ အသင်းငယ်လေး တစ်သင်းဆိုပေမယ့် အဲဒီပြိုင်ပွဲကြီးမှာတော့ အယ်လ်ဘေးနီးယားနိုင်ငံကို ကိုယ်စားပြုဖို့အတွက် သွားရောက်ယှဉ်ပြိုင်ကြမှာပါ” ဟု ၎င်း ကဆိုသည်။ ထို့ပြင် Ylli က အယ်လ်ဘေးနီးယားနိုင်ငံအနေဖြင့် ထိုကဲ့သို့ကြီးမားသော အိုလံပစ်ပြိုင်ပွဲ အခမ်းအနားကို လက်ခံကျင်းပနိုင်ရန် သင့်တင့်ကောင်းမွန်သော စကိတ်ကွင်းမရှိကြောင်း ဝန်ခံပြောကြားခဲ့သည်။

သို့သော်လည်း လွန်ခဲ့သော တစ်လက အယ်လ်ဘေးနီးယားစကိတ်ဖက်ဒရေးရှင်းအဖွဲ့ချုပ်သည် အီတလီစကိတ်ဖက်ဒရေးရှင်းအဖွဲ့ချုပ်နှင့်အတူ ပူးပေါင်း၍ အီတလီနိုင်ငံ “Alps”အလ်စ်တောင်တန်းပေါ်၌ အယ်လ်ဘေးနီးယားစကိတ်ချန်ပီယံရှစ်ပြိုင်ပွဲကို သွားရောက်ကျင်းပခဲ့ရကြောင်း နှင့် ယင်းချန်ပီယံရှစ်ပြိုင်ပွဲသည် ကမ္ဘာ့စကိတ်စီးချန်ပီယံရှစ်အဆင့်တွင် ထည့်သွင်းသတ်မှတ်ခံရကြောင်း ဆိုသည်။

 

၂၀၂၂ ပေကျင်းအိုလံပစ်ပြိုင်ပွဲလက်ခံကျင်းပမည့် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဘဲဥပုံ အမျိုးသားစကိတ်အားကစားရုံကြီးတွင် အစမ်းလေ့ကျင့်နေသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

၂၀၂၂ ပေကျင်းအိုလံပစ်ပြိုင်ပွဲလက်ခံကျင်းပမည့် တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ဘဲဥပုံ အမျိုးသားစကိတ်အားကစားရုံကြီးတွင် အစမ်းလေ့ကျင့်နေသည်ကို ၂၀၂၁ ခုနှစ် ဧပြီ ၁၀ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

၂၀၂၂ ပေကျင်းအိုလံပစ်ပြိုင်ပွဲသို့ အယ်လ်ဘေးနီးယား၏ တစ်ဦးတည်းသော ပြိုင်ပွဲဝင်အားကစားသမားအဖြစ် သွားရောက်ယှဉ်ပြိုင်မည့် အသက် ၁၈ နှစ်အရွယ်ရှိ Deni Xhepa သည် လက်ရှိတွင် အီတလီနိုင်ငံ၌ သွားရောက်လေ့ကျင့်လျက်ရှိကြောင်းYlli က ဆိုသည်။
“ အယ်လ်ဘေးနီးယားကစားသမားဟာ ပေကျင်းအိုလံပစ်ပြိုင်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်ပြသပြီး သူ့ရဲ့ရည်မှန်းချက်ဖြစ်တဲ့ အယ်လ်ဘေးနီးယားနိုင်ငံရဲ့ စံချိန်ကိုချိုး နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်” ဟု ၎င်းက ဆိုသည်။(Xinhua)

………………………………………………

(English Version)
Beijing Winter Olympics to be very successful: Albanian official

TIRANA, Jan. 17 (Xinhua) — President of the Albanian National Olympic Committee Fidel Ylli said on Monday that China will organize the best ever Olympic Winter Games which is due to open on Feb. 4 in Beijing.

In an interview with Xinhua, Ylli said that he strongly believes that Beijing 2022 will be very successful, “not only from the organizing aspect, but also from the competing aspect of all athletes.”

“Although we have a small team, we will go there to represent Albania in this big event,” he said.
Ylli admitted that Albania does not have appropriate ski slopes to hold such big events.

However, he said that one month ago Albanian Ski Federation, in cooperation with the Italian Ski Federation, organized the Albanian Ski Championship in the Italian Alps, and this championship was listed in the World Championships.

Ylli said that Albania’s only representative at Beijing 2022 is 18-year-old Deni Xhepa, who is training in Italy.
“I think that the Albanian athlete will have a good performance with his aim to break Albanian record,” he said. Enditem

Skaters compete during the speed skating test program at the National Speed Skating Oval in Beijing, capital of China, April 10, 2021.