Connect with us

COVID-19 UPDATES

ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် COVID-19 ရောဂါကူးစက်ခံရ၊ ဘယ်လ်ဂျီယံနိုင်ငံ ဝန်ကြီးချုပ်လည်း သီးသန့်ခွဲခြားနေထိုင်လျက်ရှိ

ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex အား တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ ဘရပ်ဆဲလ်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ)

ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ် Jean Castex တွင် ကိုဗစ်-၁၉ (COVID-19) ရောဂါပိုးတွေ့ရှိခဲ့ကြောင်း ပြင်သစ်မီဒီယာက နိုဝင်ဘာ ၂၂ ရက်၌ သတင်းဖော်ပြခဲ့သည်။

Castex သည် နိုဝင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းက ဘယ်လ်ဂျီယံ ဝန်ကြီးချုပ် Alexander De Croo နှင့် တွေ့ဆုံပြီး ဘရပ်ဆဲလ်မှပြန်လာပြီးနောက် ၎င်း၏ သမီးတစ်ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း Le Figaro က သတင်းဖော်ပြခဲ့သည်။

De Croo သည်လည်း နိုဝင်ဘာ ၂၃ တွင် ရောဂါစစ်ဆေးမှုခံယူမည်ဖြစ်ပြီး ဆေးစစ်ချက်အဖြေမထွက်မှီအချိန်အထိ ကွာရန်တင်း (quarantine) နေထိုင်မည်ဖြစ်ကြောင်း ဒေသတွင်း မီဒီယာက သတင်းဖော်ပြထားသည်။

ဘယ်လ်ဂျီယံနိုင်ငံ အစိုးရ အဆင့်မြင့်အဖွဲ့ဝင်များအနေဖြင့်လည်း ရောဂါအန္တရာယ်တစ်စုံတစ်ရာမရှိစေရန် ကွာရန်တင်းနေထိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။

ပြင်သစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့တွင် ကာကွယ်ရေးဝန်ကြီး Florence Parly ၊ ပြည်ထဲရေးဝန်ကြီး Gerald Darmanin ၊ တရားရေးဝန်ကြီး Eric Dupond-Moretti နှင့် ဥရောပရေးရာဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး Clement Beaune စသည့် ဝန်ကြီးများလည်း ပါဝင်ကြောင်း သိရသည်။

Castex သည် PCR (polymerase chain reaction) စစ်ဆေးမှု ချက်ချင်းခံယူခဲ့ပြီး ရောဂါပိုးတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံး၏ ပြောကြားချက်အား ကိုးကား၍ ပြင်သစ်သတင်းစာက ဖော်ပြထားသည်။

အဆိုပါ ပြင်သစ် အစိုးရ ခေါင်းဆောင်၏ လုပ်ငန်းတာဝန်များကို လာမည့်ရက်များတွင် ၎င်း၏ သီးသန့်ခွဲခြားနေထိုင်စဉ်အတွင်း ဆက်လက်လုပ်ဆောင်နိုင်ရန်အတွက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

……………………………………….
(English Version)
French PM tested positive for COVID-19, Belgian PM isolated
Source: Xinhua| 2021-11-23 06:20:32|Editor: huaxia
PARIS/BRUSSELS, Nov. 22 (Xinhua) — French Prime Minister Jean Castex has tested positive for COVID-19, French media reported on Monday.
Returning from Brussels Monday afternoon after meeting with his Belgian counterpart Alexander De Croo, Castex learnt that one of his daughters tested positive for COVID-19, Le Figaro reported.
De Croo will be tested on Wednesday and will remain in quarantine until the result of his test, local media reported.
Several senior members of the Belgian government will also go into quarantine to avoid any risks.
French ministers in the delegation include minister of the Armed Forces Florence Parly, Interior minister Gerald Darmanin, minister of Justice Eric Dupond-Moretti, and Secretary of State for European Affairs Clement Beaune.
Castex “immediately got a PCR (polymerase chain reaction) test, which turned out to be positive,” the French newspaper cited the prime minister’s office as saying.
The schedule of the French head of government is to be modified for the coming days in order for him to continue working in his isolation. Enditem

Photo : Jean Castex waves at the handover ceremony in the courtyard of the Hotel Matignon in Paris, France, on July 3, 2020. Jean Castex, a 55-year-old top civil servant not known to the French general public, was appointed new prime minister by President Emmanuel Macron to replace Edouard Philippe, the French presidential palace announced on Friday. (Photo by Aurelien Morissard/Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.