Connect with us

Asia

ဖိလစ်ပိုင်တိုက်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူအရေအတွက် ၃၇၅ ဦးထိ မြင့်တက် ၊ ၅၆ ဦး ပျောက်ဆုံးနေ

ဖိလစ်ပိုင်နိုင်ငံ Surigao del Norte ပြည်နယ်၌ တိုက်ဖွန်းမုန်တိုင်း Rai ကြောင့် ပျက်စီးမှု ဖြစ်ပေါ်ခဲ့သည့် လေဆိပ်တစ်ခုအား ဒီဇင်ဘာ ၁၇ ရက်တွင် တွေ့ရစဉ်(Philippine Coast Guard/Handout via Xinhua)

မနီလာ ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ပြီးခဲ့သည့်အပတ်က ဖိလစ်ပိုင်နိုင်ငံသို့ တိုက်ခတ်ခဲ့သော တိုက်ဖွန်းမုန်တိုင်း Rai ကြောင့် သေဆုံးသူအရေအတွက်သည် ၃၇၅ ဦးထိ မြင့်တက်လာခဲ့ကြောင်း ဒီဇင်ဘာ ၂၀ ရက်တွင် ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားပြီး ၅၆ ဦးမှာ ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဖြည့်စွက်ဖော်ပြခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ Cagayan de Oro မြို့၌ တိုက်ဖွန်းမုန်တိုင်း Rai ကြောင့် ဖြစ်ပေါ်ခဲ့သည့် မိုးသည်းထန်စွာ ရွာသွန်းမှု နှင့် ရေကြီးရေလျှံများအတွင်း ဒေသခံများအား ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့ဝင်များက ကယ်ဆယ်နေသည်ကို ဒီဇင်ဘာ ၁၆ ရက်တွင် တွေ့ရစဉ်(Philippine Coast Guard Handout Photo/Xinhua)

ဖိလစ်ပိုင်နိုင်ငံ Cagayan de Oro မြို့၌ တိုက်ဖွန်းမုန်တိုင်း Rai ကြောင့် အပျက်အစီးများအား ဒီဇင်ဘာ ၁၇ ရက်တွင် တွေ့ရစဉ် (Philippine Coast Guard/Handout via Xinhua)

“အသေအပျောက်တိုးလာတာက ဘေးဒဏ်သင့်ဒေသတွေဆီက တရားဝင်အချက်အလက်တွေ ထပ်မံရရှိခဲ့လို့ ဖြစ်ပါတယ်။” ဟု ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့(PNP) ၏ နောက်ဆုံး ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံ ရင်ဆိုင်တွေ့ကြုံရသည့် ၁၅ လုံးမြောက် နှင့် ပျက်စီးမှုအများဆုံး တိုက်ဖွန်းမုန်တိုင်းသည် Mindanao ကျွန်း အရှေ့မြောက်ဘက် Central Visayas နှင့် Caraga ဒေသတို့တွင် ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်လျော့ပါးရေး နှင့် စီမံခန့်ခွဲရေးကောင်စီ(NDRRMC) က ဒီဇင်ဘာ ၂၀ ရက်တွင် သေဆုံးသူ ၅၈ ဦးရှိကြောင်း ထုတ်ပြန်ခဲ့ပြီး ၎င်းတို့အနက် လေးဦးကိုသာ မည်သူမည်ဝါဖြစ်သည်ကို အတည်ပြုနိုင်ခဲ့သည်။ လူ ၁၈ ဦး မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်းလည်း အေဂျင်စီက ထုတ်ပြန်ခဲ့သည်။

တိုက်ဖွန်းမုန်တိုင်း Rai ဒဏ်အဆိုးဆုံးခံစားရသော ဒေသတစ်ခုဖြစ်သည့် Bohol ပြည်နယ်၌ ဒီဇင်ဘာ ၂၀ ရက်တွင် သေဆုံးသူ ၉၄ ဦးရှိသည်ဟု အတည်ပြုကြောင်း Bohol ပြည်နယ်အုပ်ချုပ်ရေးမှူး Arthur Yap ထံမှ သိရပြီး ၁၈ ဦးထက်မနည်း ပျောက်ဆုံးနေသည်ဟု ဆိုသည်။

ဖိလစ်ပိုင်နိုင်ငံ သဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးအေဂျင်စီက တိုက်ဖွန်းမုန်တိုင်းကြောင့် လူပေါင်း ၁ သန်းနီးပါး ဘေးဒဏ်သင့်ခဲ့ပြီး ဒေသခံ ၄၄၂,၄၂၄ ဦး ပြောင်းရွှေ့ခဲ့ရကြောင်း ပြောကြားခဲ့သည်။

ကနဦး ခန့်မှန်းခြေ ပျက်စီးဆုံးရှုံးမှုမှာ လယ်ယာစိုက်ပျိုးရေးတွင် ပီဆို ၁၁၈ ဒသမ ၂၈ သန်း (အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်း) နှင့် အခြေခံအဆောက်အအုံပိုင်းတွင် ပီဆို ၂၂၅ ဒသမ ၁၇ သန်း(အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ သန်း) ဖြစ်ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲပိုင်းတွင် တိုက်ဖွန်းမုန်တိုင်းသည် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ Mindanao ကျွန်းပေါ် အရှေ့ဘက်ကမ်းရိုးတန်းကို ဖြတ်သန်းကာ Siargao ကျွန်းအတွင်းသို့ ပထမဆုံး ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ဖွန်းမုန်တိုင်း Rai သည် ဖိလစ်ပိုင်နိုင်ငံ၌ သုံးရက်ကြာ တိုက်ခတ်ခဲ့ပြီး ရေကြီးနစ်မြုပ်မှု နှင့် မြေပြိုကျမှုများ ဖြစ်ပွားကာ အဓိက Luzon ကျွန်းရှိ နေရာတစ်ချို့ အပါအဝင် ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း နှင့် အလယ်ပိုင်း ဒေသများတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“ပျက်စီးမှုတွေကို စိစစ်နေဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပျက်စီးမှုက ကြီးမားပါတယ်။ တိုက်ဖွန်းမုန်တိုင်းက မြေပြင်ပေါ်က အကုန်လုံးကို ပြောင်တလင်းခါအောင် ဖြိုဖျက်သွားခဲ့ပြီးတော့ လျှပ်စစ်မီး ၊ ရေ နဲ့ အစားအစာ မရှိတော့ပါဘူး။ “ဟု ကာကွယ်ရေးဝန်ကြီး နှင့် NDRRMC ဥက္ကဋ္ဌ Delfin Lorenzana က ပြောကြားခဲ့သည်။
အစိုးရအနေဖြင့် ယခုအခါတွင် အစားအစာ နှင့် ရေ ပြတ်လတ်မှုကို ဖြေရှင်းနေသည့်အပြင် ထိခိုက်ဒဏ်ရာရရှိသူများအား ကျန်းမာရေးစောင့်ရှောက်မှုများ ထောက်ပံ့ပေးနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“ဘေးဒဏ်သင့်ဒေသတွေကို ကယ်ဆယ်ရေးပစ္စည်းတွေပို့ဆောင်ဖို့ သင်္ဘောတွေ ၊ လှေတွေ ၊ လေယာဉ်တွေနဲ့ ကုန်တင်ကားတွေလိုမျိုး ရရှိနိုင်တဲ့အရာတွေအားလုံး စေလွှတ်ဖို့ နဲ့ လိုအပ်ရင် တပ်ဖွဲ့ဝင်တွေ နေရာချထားပေးဖို့ စစ်တပ်ကို ညွှန်ကြားထားပါတယ်။”ဟု Lorenzana က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် NDRRMC ပြောရေးဆိုခွင့်ရှိသူ Mark Timbal က ရေလွှာလှိုင်းစီးရန် နာမည်ကြီးသည့် Siargao ကျွန်းသို့ရောက်ရှိနေသော နိုင်ငံခြားသား ၂၉ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း ပြောကြားခဲ့သည်။ ယင်းခရီးသွားများအား မည်သူမည်ဝါဖြစ်သည်တို့ကို ခွဲခြားနိုင်ခဲ့ပြီး ၎င်းတို့သည် အခြေအနေကောင်းမွန်စွာ ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ Mark Timbal က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

——————————-
(English Version)
Death toll in Philippine typhoon climbs to 375, 56 missing
MANILA, Dec. 21 (Xinhua) — The death toll from Typhoon Rai that lashed the Philippines last week has climbed to 375, a police report said on Monday, adding that 56 more remain missing.
“The increase of casualties is subject to validation from the affected regions,” the latest Philippine National Police (PNP) report said.
The report said deaths caused by the 15th and the most destructive typhoon to hit the Southeast Asian country this year occurred in Central Visayas and the Caraga region in the north-eastern Mindanao island.
The National Disaster Risk Reduction and Management Council (NDRRMC) reported 58 deaths on Monday while only four of the victims have been confirmed. The agency also reported that 18 people were still missing.
Bohol, one of the hardest-hit areas in the central Philippines by Typhoon Rai, has confirmed 94 deaths on Monday, according to Bohol Governor Arthur Yap, and at least 18 more were missing.
The country’s disaster-response agency said the typhoon has affected close to 1 million people and displaced 442,424 residents.
It said the initial estimate of damage to agriculture is 118.28 million pesos (2.4 million U.S. dollars) and 225.17 million pesos (4.5 million U.S. dollars) to infrastructure.
On Thursday afternoon, the typhoon first slammed into Siargao Island off the eastern coast on Mindanao island in the southern Philippines.
Rai lashed the Philippines for three days, causing flooding and landslides and leaving a trail of destruction in the central and southern Philippines region, including some areas in the main Luzon island.
“We are still assessing the damage, but it is huge. The typhoon leveled the entire community to the ground, no electricity, water, and food,” said Defense Secretary and NDRRMC Chairman Delfin Lorenzana.
He said the government is now addressing food and water shortage, as well as providing medical care for those injured.
“I have directed the armed forces to deploy all available assets such as ships, boats, aircraft, and trucks to bring relief goods to the stricken areas and the deployment of troops if necessary,” Lorenzana said.
Meanwhile, NDRRMC spokesperson Mark Timbal said 29 foreign nationals have been evacuated from Siargao Island that is famous for surfing. “The tourists have been identified, and they are in good condition,” he added. ■
Photo 1 – Photo taken on Dec. 17, 2021 shows an airport damaged by Typhoon Rai in Surigao del Norte Province, the Philippines. (Philippine Coast Guard/Handout via Xinhua)
Photo 2 – Members of the Philippine Coast Guard rescue residents from the flood brought by typhoon Rai in Cagayan de Oro City, the Philippines, Dec. 16, 2021. (Philippine Coast Guard/Handout via Xinhua)
Photo 3 – Aerial photo taken on Dec. 17, 2021 shows the devastation caused by Typhoon Rai in Surigao del Norte Province, the Philippines. (Philippine Coast Guard/Handout via Xinhua)