Connect with us

Asia

ဟောင်ကောင်အတွက် ဥပဒေပြုကောင်စီရွေးကောက်ပွဲက ရေရှည်တည်ငြိမ်မှု ၊ ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ကြဉ်းပေးမည်ဟု ကမ္ဘောဒီးယား တာဝန်ရှိသူ နှင့် ပညာရှင်တို့ ပြောကြား

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသရှိ မဲရုံတစ်ရုံ၌ မဲပေးရန် စောင့်ဆိုင်းနေသူများအား ဒီဇင်ဘာ ၁၉ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ ဒီဇင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ သတ္တမအကြိမ် ဥပဒေပြုကောင်စီအတွက် ရွေးကောက်ပွဲသည် ရေရှည် ငြိမ်းချမ်းမှု ၊ နိုင်ငံရေးတည်ငြိမ်မှု ၊ ပိုမိုဖွံ့ဖြိုးတိုးတက်မှု နှင့် မြို့တော်သာယာဝပြောရေးတို့ကို ယူဆောင်လာမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အဆင့်မြင့်အရာရှိတစ်ဦး နှင့် ပညာရှင်တစ်ဦးတို့က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ တောင်ပိုင်း ဟောင်ကောင်ဒေသရှိ ဗစ်တိုးရီးယားပင်လယ်အော်၌ သွားလာနေသည့် လှေများအား ဇူလိုင် ၁ ရက်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ဒီဇင်ဘာ ၁၉ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲသည် HKSAR ရွေးကောက်ပွဲစနစ်အား တိုးတက်မြှင့်တင်မှုများ ပြုလုပ်ပြီးချိန်မှစ၍ ပထမဆုံးအကြိမ် ဖြစ်သည်။ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ သတ္တမအကြိမ် ဥပဒေပြုကောင်စီ၏ အဖွဲ့ဝင် ၉၀ ဦးစလုံးအား ဒီဇင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် ရွေးကောက်တင်မြှောက်ခဲ့ကြောင်း သိရသည်။

ကမ္ဘောဒီးယားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ခေါင်းဆောင် Phay Siphan က ရွေးကောက်ပွဲသည် ဟောင်ကောင်ပြည်သူများ၏ စည်းလုံးညီညွတ်မှုကို အားကောင်းလာစေမည် ဖြစ်ပြီး ပြည်သူများအကြား အားကောင်းသည့် မျိုးချစ်စိတ်ဓာတ်နားလည်ခံယူတက်ခြင်းကို လှုံ့ဆော်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ရွေးကောက်ပွဲက ဟောင်ကောင်ပြည်သူတွေအတွက် ငြိမ်းချမ်းရေး ၊ ညီညွတ်ရေး ၊ နိုင်ငံရေးတည်ငြိမ်ရေး ၊ ပိုပြီးဖွံ့ဖြိုးတိုးတက်ရေးနဲ့ သာယာဝပြောရေးကို ယူဆောင်လာမှာပါ။”ဟု ၎င်းက ပြောကြားခဲ့ပြီး ဥပဒေပြုကောင်စီအသစ်သည် တရုတ်ပြည်သူများ၏ အကျိုးစီးပွားများအား ဆောင်ရွက်ပေးမည်ဟု ဆိုသည်။

ကမ္ဘောဒီးယားတော်ဝင်အကယ်ဒမီရှိ နိုင်ငံတကာဆက်ဆံရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် Kin Phea က ရွေးကောက်ပွဲသည် ဟောင်ကောင်ပြည်သူများအတွက် ၎င်းတို့ ရထိုက်သည့်နိုင်ငံရေးအခွင့်အရေးများ အသုံးချရန် အလွန်အရေးကြီးကြောင်း ပြောကြားခဲ့သည်။

“ဒီရွေးကောက်ပွဲက ပြည်သူတွေအနေနဲ့ သူတို့ရဲ့ဒေသကို အုပ်ချုပ်ဖို့ အခွင့်အရေးအပြည့်အဝ ရှိတဲ့ ဟောင်ကောင်ရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေး အပြုသဘောဆောင်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အဓိကဖော်ပြတာလဲ ဖြစ်ပြီးတော့ ဟောင်ကောင်ကို ပရမ်းပတာဖြစ်အောင် ပြင်ပအင်အားစုတွေရဲ့ ကြိုးပမ်းမှုကိုလဲ ဟန့်တားရာရောက်ပါတယ်။”ဟု ၎င်းက ပြောကြားခဲ့သည်။

“တစ်နိုင်ငံ စနစ်နှစ်မျိုး”မူသည် ဟောင်ကောင်ဒေသ၏ တည်ငြိမ်ရေး နှင့် သာယာဝပြောရေးကို သေချာစေရုံသာမက ဒေသအတွင်း ဒီမိုကရေစီ နှင့် သဟဇာတဖြစ်မှုအတွက် အလွန်ခိုင်မာသည့်အခြေခံအုတ်မြစ်ကိုလည်း ချပေးခြင်း ဖြစ်ကြောင်း ကမ္ဘောဒီးယားတော်ဝင်အကယ်ဒမီရှိ နိုင်ငံတကာဆက်ဆံရေးဌာန၏ ညွှန်ကြားရေးမှူးချုပ် Kin Phea က မှတ်ချက်ပြုခဲ့သည်။ (Xinhua)

——————————-
(English Version)
LegCo election to bring long-term stability, development to HKSAR, say Cambodian official, expert
PHNOM PENH, Dec. 20 (Xinhua) — The election for the seventh-term Legislative Council (LegCo) of the Hong Kong Special Administrative Region (HKSAR) will bring long-term peace, political stability, further development and prosperity to the city, a senior Cambodian official and an expert have said.
The election, which kicked off on Sunday, was the first since improvements were made to the HKSAR electoral system. All the 90 members of the seventh-term LegCo of the HKSAR have been elected by Monday morning.
Cambodian government chief spokesman Phay Siphan said that the election would strengthen unity of the people of the HKSAR and inspire a strong sense of patriotism among them.
“The election will bring peace, coherence, political stability, further development and prosperity for the people of the HKSAR,” he said, saying the new LegCo will serve the interests of the Chinese people.
Kin Phea, director-general of the International Relations Institute at the Royal Academy of Cambodia, said the election is very important for the people of the HKSAR to exercise their due political rights.
“This election also highlights the positive development of the democratization of the HKSAR, where people have the full right to govern their region, and thwarts external forces’ attempt to bring the HKSAR into chaos,” he stressed.
The expert also noted that the “one country, two systems” principle ” not only ensures the stability and prosperity of the HKSAR, but also lays a very solid foundation for democracy and harmony in the reigon.” Enditem
Photo 1 – Voters wait to cast ballots at a polling station in Wan Chai of Hong Kong, south China, Dec. 19, 2021. (Xinhua/Wu Xiaochu)
Photo 2 – Aerial photo taken on July 1, 2021 shows boats cruising at the Victoria Bay in Hong Kong, south China. (Xinhua/Li Gang)