Connect with us

Asia

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း၌ ထောင်ဖောက်ပြေးရန် ကြိုးပမ်းစဉ် အကျဉ်းသား ၄ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် လုံခြုံရေးတာဝန်ယူနေသည့် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

မနီလာ ၊ စက်တင်ဘာ ၂၇ ရက်(ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း Surigao del Sur ပြည်နယ်ရှိ အကျဉ်းထောင်တစ်ခု၌ စက်တင်ဘာ ၂၆ ရက်တွင် ထွက်ပြေးရန် ကြိုးပမ်းသည့် အကျဉ်းသားများအား အကျဉ်းထောင်အစောင့်များက ပစ်ခတ်ဖမ်းဆီးစဉ်အတွင်း အကျဉ်းသား ၄ ဦး သေဆုံးသွားကြောင်း ထောင်အာဏာပိုင်များက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်သည် အကျဉ်းသား ၁၁ ဦးထက်မနည်းက စားဖိုဆောင်၌ နံနက်စာ ပြင်ဆင်နေသည့် အကျဉ်းထောင်ဝန်ထမ်းတစ်ဦးအား ဓားစာခံပြုလုပ်ပြီးနောက် ဒေသစံတော်ချိန် နံနက် ၇ နာရီမတိုင်မီတွင် ယင်းဖြစ်စဉ် ဖြစ်ပွါးခဲ့ကြောင်း အကျဉ်းထောင် စီမံခန့်ခွဲမှု နှင့် ပြစ်မှုဆိုင်ရာဗျူရိုက ပြောကြားခဲ့သည်။

အကျဉ်းသားများသည် ဂိတ်တံခါးရှိ ထောင်အမှုထမ်း၏ လက်နက်များကို ယူဆောင်ပြီး ထောင်အစောင့်များကို ပစ်ခတ်ခဲ့သည်ဟုဆိုသည်။ ယင်းအကျဉ်းသားများအနက် တစ်ဦးမှာ လက်လုပ်ဆူးချွန်လက်နက် အသုံးပြု၍ ထောင်အစောင့်တစ်ဦးအား ထိုးနှက်ခဲ့သည်ဟု ဗျူရိုက ဖြည့်စွက်ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။ (Xinhua)

———————————-
(English Version)
4 inmates killed in jail break attempt in southern Philippines
MANILA, Sept. 26 (Xinhua) — Jail guards killed four inmates in a shootout on Sunday after they tried to escape from a prison in the southern Philippines’ Surigao del Sur province, jail authorities said.
The Bureau of Jail Management and Penology said the incident occurred shortly before 7 a.m. local time when at least 11 inmates took hostage a jail staff preparing breakfast at the kitchen.
The bureau added that the inmates allegedly took the firearms of the jail personnel at the gate and used them to fire at the jail guards. One of the inmates allegedly stabbed a jail guard using a blunt improvised weapon.
An investigation into the incident is underway. Enditem
Photo – Members of the Civil Disturbance Management of the Philippine National Police (PNP-CDM) line up along the street surrounding the venue of the 31st Association of Southeast Asian Nations (ASEAN) summit in Manila, the Philippines, November 11, 2017.(Xinhua/Rouelle Umali)