Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံက တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးနှင့်အတူ COVID-19 ကာကွယ်ဆေးထိုးနှံမှုများ ပြန်လည် စတင်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၉ ရက်တွင် ဆေးဘက်ဆိုင်ရာဝန်ထမ်းတစ်ဦးက ပြည်သူတစ်ဦးအား တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနေစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံ၏ဒေသများစွာ၌ COVID-19 ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးမှုကို ပြန်လည်စတင်လိုက်ပြီး တရုတ်နိုင်ငံမှ Sinopharm ကိုဗစ်ကာကွယ်ဆေးများ ပေးအပ်လှူဒါန်းခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း သိရသည်။စာရင်းပေးသွင်းထားပြီးဖြစ်သော်လည်း ပထမအကြိမ်ဆေးထိုးနှံခွင့်မရရှိ ခဲ့ကြသေးသူများအား ကာကွယ်ဆေးဦးစားပေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း ၊ နိုင်ငံတစ်ဝှမ်း ဆေးထိုးနှံရေးစင်တာပေါင်း ၆၇ ခုမှဖွင့်လှစ်၍ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေး ညွှန်ကြားမှုဦးစီးဌာန၏ အသိပေးကြေညာချက်တစ်ခုအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၌ ၂၀၂၁ ခုနှစ် ဇွန် ၁၉ ရက်တွင် ကျန်းမာရေးဝန်ထမ်းတစ်ဦးက တရုတ်နိုင်ငံထုတ် Sinopharm ကာကွယ်ဆေးများ ခင်းကျင်း ပြင်ဆင်နေစဉ်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် အိန္ဒိယနိုင်ငံမှ ကာကွယ်ဆေး ထောက်ပံ့မှု ရပ်တံ့သွားပြီးနောက် ပြီးခဲ့သော ဧပြီ ၂၆ ရက်မှစတင်ကာ နိုင်ငံအတွင်း ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို ဆိုင်းငံ့ခဲ့ရသည်။ တစ်ဆက်တည်းမှာပင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆေးဝါးစည်းမျဉ်းစည်းကမ်းအာဏာပိုင်အဖွဲ့က တရုတ်နိုင်ငံ၏ Sinopharm ကာကွယ်ဆေးကို နိုင်ငံအတွင်း အရေးပေါ်အသုံးပြုရန် ခွင့်ပြုချက်ပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံအစိုးရမှ ပေးအပ်လှူဒါန်းသည့် ဒုတိယအသုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးများသည် လွန်ခဲ့သော ရက်သတ္တပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆိုက်ရောက်လာခဲ့ကြောင်း သိရသည်။(Xinhua)

——————————————–
(English Version)

Bangladesh resumes COVID-19 inoculation drive with Chinese vaccines

DHAKA, June 20 (Xinhua) — Bangladesh resumed administering the first dose of COVID-19 vaccine in parts of the country on Saturday thanks to the China-donated Sinopharm vaccines.
Those who already registered but have not received their first shots will get priority for vaccination, which resumed in 67 centers across the country, a notice issued by the country’s health directorate said.

Bangladesh suspended administering the first dose of the vaccine on April 26 after India halted export due to a supply crunch. Subsequently, the country’s drug regulator authorized emergency use of China’s Sinopharm vaccines.

The second batch of Sinopharm COVID-19 vaccines donated by the Chinese government arrived in Bangladesh last week.
1- A medical worker inoculates a man with a dose of China’s Sinopharm COVID-19 vaccine in Dhaka, Bangladesh, June 19, 2021. (Xinhua)
2- A medical worker displays a dose of China’s Sinopharm COVID-19 vaccine in Dhaka, Bangladesh, June 19, 2021. (Xinhua)