Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြို့တော်ဒါကာ၌ တရုတ်ရန်ပုံငွေဖြင့် အဝေးပြေးလမ်းစီမံကိန်း အတည်ပြု

ဒါကာ ၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရက မြို့တော် ဒါကာမြို့၌ တရုတ်ရန်ပုံငွေဖြင့် အဝေးပြေးလမ်းစီမံကိန်းတစ်ခုအား အတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါစီမံကိန်းအား နိုဝင်ဘာ ၁၀ ရက်တွင် ဘဏ္ဍာရေးဝန်ကြီး AHM Mustafa Kamal က ဦးဆောင်သော ဘင်္ဂလားဒေ့ရှ် စီးပွားရေးရာကော်မတီ အစိုးရအစည်းအဝေးတွင် အတည်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။တရုတ်နိုင်ငံ ဆက်သွယ်ရေးလမ်းကြောင်းဆောက်လုပ်ရေးကုမ္ပဏီ အစုအဖွဲ့ (CCCCL) နှင့် တရုတ်နိုင်ငံ လမ်းတံတားကော်ပိုရေးရှင်း(CRBC) တို့က ဘင်္ဂလားဒေ့ရှ် ကုန်းလမ်းပို့ဆောင်ရေး နှင့် အဝေးပြေးဌာနခွဲလက်အောက်တွင် အစိုးရ – ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်မှု (PPP ) အခြေခံပြီး Rampura-Amulia-Demra လေးလမ်းသွားအဆင့်မြှင့်တင်ခြင်းကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက အစည်းအဝေးအပြီး သတင်းထောက်များအား ပြောကြားခဲ့သည်။စီမံကိန်းကုန်ကျစရိတ်သည် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၂၄၃ သန်းဝန်းကျင် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————————————-
(English Version)

Bangladesh approves Chinese-funded highway project in capital Dhaka

DHAKA, Nov. 10 (Xinhua) — Bangladesh’s government has approved a Chinese-funded highway project in capital Dhaka.
The project was approved at a meeting of the Bangladesh’s Cabinet Committee on Economic Affairs (CCEA) chaired by Finance Minister AHM Mustafa Kamal Wednesday.

After the meeting, the minister told journalists that Consortium of China Communications Construction Company (CCCCL) and the China Road and Bridge Corporation (CRBC) will implement the upgradation of four-lane ( Rampura-Amulia-Demra) project on Public Private Partnership (PPP) basis under the Road Transport and Highways Division of Bangladesh.
He said that the estimated cost of the project is around 243 million U.S. dollars. Enditem

Photo – People work at a construction site of Padma Multipurpose Bridge Project in Munshiganj on the outskirts of Dhaka, Bangladesh, on Sept. 12, 2021.