Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ COVID-19 ရောဂါကြောင့် သေဆုံးသူ အရေအတွက် ၁၉,၀၀၀ ကျော်ထိ ရှိလာ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ရှိ ဘူတာရုံတစ်ရုံ၌ ဇူလိုင် ၁၉ ရက်က ရထားစီးရန် စောင့်ဆိုင်းနေသော ခရီးသည်များအား တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇူလိုင် ၂၄ ရက်တွင် COVID-19 လူနာသစ် ၆,၇၈၀ ဦး နှင့် သေဆုံးသူ ၁၉၅ ဦး ရှိခဲ့ရာ နိုင်ငံအတွင်း အတည်ပြုလူနာပေါင်း ၁၁,၅၃,၃၄၄ ဦး နှင့် သေဆုံးသူ ပေါင်း ၁၉,၀၄၆ ဦးထိ ရှိလာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ဆောင်မှုများဦးစီးဌာန(DGHS)က ထုတ်ပြန်ခဲ့သည်။ဘင်္ဂလားဒေ့ရှ်နိုင်ငံအနှံ့ ဇူလိုင် ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၂၀,၈၂၇ ခုအား စစ်ဆေးခဲ့ကြောင်း တရားဝင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဇူလိုင် ၂၄ ရက်တွင် ပြန်လည်သက်သာကောင်းမွန်လာသူ ၉,၇၂၃ ဦး အပါအဝင် ပြန်လည်သက်လာကောင်းမွန်လာသူ စုစုပေါင်း ၉၈၈,၃၃၉ ဦး ရှိလာကြောင်း DGHS ထံမှ သိရသည်။
COVID-19 ရောဂါကြောင့် သေဆုံးမှုနှုန်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ယခုအခါ ၁ ဒသမ ၆၅ ရာခိုင်နှုန်း ရှိပြီး လတ်တလော ပြန်လည်သက်သာလာမှုနှုန်းသည် ၈၅ ဒသမ ၆၉ ရာခိုင်နှုန်း ရှိကြောင်း တရားဝင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ နေ့စဉ်လူနာသစ် တွေ့ရှိမှု အမြင့်ဆုံးအဖြစ် ဇူလိုင် ၁၂ ရက်တွင် ၁၃,၇၆၈ ဦး စစ်ဆေး တွေ့ရှိခဲ့ပြီး သေဆုံးသူအရေအတွက် အမြင့်ဆုံးမှာ ဇူလိုင် ၁၉ ရက်တွင် ၂၃၁ ဦး ရှိခဲ့ကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

Bangladesh’s COVID-19 death toll passes 19,000

DHAKA, July 24 (Xinhua) — Bangladesh reported 6,780 new COVID-19 cases and 195 new deaths on Saturday, making the tally at 11,53,344 and death toll at 19,046, the Directorate General of Health Services (DGHS) said.

The official data showed that 20,827 samples were tested in the last 24 hours as of 8:00 a.m. local time Saturday across Bangladesh.
The total number of recovered patients in the country stood at 988,339 including 9,723 new recoveries Saturday, said the DGHS.

According to the official data, the COVID-19 fatality rate in Bangladesh is now 1.65 percent and the current recovery rate is 85.69 percent.
Bangladesh recorded the highest daily new cases of 13,768 on July 12 and the highest number of deaths of 231 on July 19. Enditem

Photo – Passengers wait for trains at a station in Dhaka, Bangladesh, on July 19, 2021. As Eid al-Adha approaches, hundreds of thousands of Dhaka dwellers have streamed out of the city to join the festival with their kith and kin in village homes. (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.