Connect with us

Africa & Middle East

ဘရာဇီးနိုင်ငံ သမ္မတ ဆေးရုံ၌ ကျန်းမာရေးတိုးတက်ကောင်းမွန်လျက်ရှိ

ဘရာဇီးနိုင်ငံ Bento Goncalves မြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၅ ရက်က ပြုလုပ်သည့် ညီလာခံသို့ သမ္မတ ဂျေအာဘိုဆိုနာရို (Jair Bolsonaro) တက်ရောက်လာသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဆောပိုလို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံသမ္မတ ဂျေအာဘိုဆိုနာရို (Jair Bolsonaro) ၏ ကျန်းမာရေး အခြေအနေမှာ ကျေနပ်ဖွယ်ရာ အဆင့်သို့ရောက်ရှိလာကြောင်း၊ သို့သော် ၎င်းသည် အူလမ်းကြောင်း ပိတ်ဆို့ခြင်းအတွက် ကုသမှုအား ဆေးရုံ၌ ဆက်လက်ခံယူရမည်ဖြစ်ကြောင်း ဇူလိုင် ၁၅ ရက်က ထုတ်ပြန်သည့် ဆေးဘက်ဆိုင်ရာ အစီရင်ခံစာအရ သိရသည်။“သမ္မတအနေနဲ့ ဆေးရုံကဆင်းဖို့တော့ ခန့်မှန်းလို့မရသေးဘူး” ဟု ဝမ်းဗိုက်နာကျင်မှုခံစားရသောကြောင့် မြို့တော် ဘရာစေးလေးယားမှ လွှဲပြောင်းလာပြီးနောက် ဇူလိုင် ၁၄ ရက်က ဘိုဆိုနာရို ဆေးကုသမှုခံယူလျက်ရှိရာ Vila Nova Star ပုဂ္ဂလိကဆေးရုံက ပြောကြားခဲ့ကြောင်း အစီရင်ခံစာက ဆိုသည်။

အသက် ၆၆ နှစ်အရွယ်ရှိ ဘိုဆိုနာရိုအား လတ်တလောတွင် ခွဲစိတ်ကုသမှုလုပ်ဆောင်လိမ့်မည်မဟုတ်ကြောင်း၊ သို့သော် အခြားရောဂါလက္ခဏာများအနက် ရက်ပေါင်းများစွာ ကြို့ထိုးမှုကို ဖြစ်ပေါ်စေသော အူလမ်းကြောင်းပိတ်ဆို့မှုအတွက် “လက်တွေ့ကုသမှု” ကိုမူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သမ္မတအား ၂၀၁၈ ခုနှစ် မဲဆွယ်စည်းရုံးပွဲ၌ ဓားထိုးခံခဲ့ရကတည်းက ၎င်း၏ ကျန်းမာရေးအား စောင့်ကြည့်ပေးခဲ့သည့် အစာအိမ်လမ်းကြောင်း ခွဲစိတ်ဆရာဝန် Antonio Luiz Macedo က ကုသမှုပေးလျက်ရှိကြောင်း သိရသည်။

သမ္မတ၏ သားဖြစ်သူ အထက်လွှတ်တော်အမတ် Flavio Bolsonaro က ၎င်း၏ဖခင်သည် ကျန်းမာရေး တိုးတက်ပြောင်းလဲမှုအပေါ် မူတည်၍ သုံးရက်ကြာ စောင့်ကြပ်ကြည့်ရှုမှုခံယူရဦးမည်ဖြစ်ကြောင်း သတင်းထောက်များအား ပြောခဲ့သည်။

သမ္မတ၏ နောက်ထပ်သားတစ်ဦးဖြစ်သူ ဥပဒေပြုလွှတ်တော်အမတ် Eduardo Bolsonaro က ဆရာဝန်များ အနေဖြင့် အူလမ်းကြောင်း ပိတ်ဆို့မှုကြောင့် ၎င်းဖခင်၏ အစာအိမ်အတွင်းမှ အရည် တစ်လီတာအား ထုတ်ယူခဲ့ရကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————————
(English Version)

Brazil’s president doing well in hospital

SAO PAULO, July 15 (Xinhua) — Brazilian President Jair Bolsonaro’s health condition is satisfactory, but he will remain hospitalized here for treatment of an intestinal obstruction, according to a medical report released Thursday.

“The president remains without discharge forecast,” said the private Vila Nova Star Hospital, where Bolsonaro was admitted Wednesday after being transported from the capital Brasilia due to abdominal pain, in a report.

Bolsonaro, 66, will not be operated on at the moment but will undergo “clinical treatment” for the intestinal obstruction that caused, among other symptoms, a bout of hiccups that lasted for several days.

The president is being treated by gastric surgeon Antonio Luiz Macedo, who has monitored his health since the president was stabbed on the campaign trail in 2018.

Senator Flavio Bolsonaro, son of the president, told reporters that his father might remain under observation for three days, depending on how his health evolves.

Another son of the president, legislator Eduardo Bolsonaro, said doctors withdrew a liter of fluid retained in his father’s stomach due to the obstruction. Enditem