Connect with us

Europe

ပေါ်တူဂီနိုင်ငံတွင် ပြန်လည်သုံးသပ်မှုပြုလုပ်ပြီးနောက် COVID-19 ရောဂါ Janssen ကာကွယ်ဆေးအား ထုတ်ပြန်

ပေါ်တူဂီနိုင်ငံ လစ္စဘွန်းမြို့၊ Santa Maria ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်တွင် COVID-19 လူနာများ အား ပြုစုနေသည့် တစ်ကိုယ်ရေ အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားသော ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ် (ဆင်ဟွာ)

လစ္စဘွန်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ပေါ်တူဂီနိုင်ငံတွင် ပြန်လည်သုံးသပ်မှု ပြုလုပ်ပြီးနောက် Janssen ဓာတ်ခွဲခန်းမှ ကာကွယ်ဆေးများအား ဆက်လက် အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြောင်း အမျိုးသား ဆေးဝါးနှင့် ကျန်းမာရေးထုတ်ကုန်များအာဏာပိုင် (Infarmed) က ဇူလိုင် ၁၅ ရက်က ကြေညာခဲ့သည်။ကာကွယ်ဆေးထိုးနှံထားသူတစ်ဦးသည် ဆေးထိုးပြီးနောက် သတိလစ်သွားသဖြင့် Janssen ကာကွယ်ဆေး အရည်အသွေးကို စုံစမ်းစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း Infarmed က ဇူလိုင် ၁၄ ရက်က ပြောကြားခဲ့သည်။

“ဒီကာကွယ်ဆေးတွေမှာ အရည်အသွေးပိုင်း ချို့ယွင်းချက် မတွေ့ရှိခဲ့ပါဘူး” အမျိုးသား ဆေးဝါးကြီးကြပ်ရေးအဖွဲ့က ပြောကြားခဲ့ကြောင်း၊ ကာကွယ်ဆေးထိုးစင်တာများတွင် ကာကွယ်ဆေးအလုံးရေ ၂၀,၀၀၀ ခန့် ထိုးနှံပြီးဖြစ်ကြောင်း၊ “ဆိုးကျိုး တုံ့ပြန်မှုတွေ ထပ်မံ မရှိတော့ကြောင်း” သိရသည်။

အီးယူတွင် ခွင့်ပြုထားသည့် အခြားသော COVID-19 ကာကွယ်ဆေးများနှင့် တူညီမှုရှိသော Janssen ကာကွယ်ဆေးသည် ဘေးကင်း၍ ဆေးစွမ်းထက်မှုရှိကြောင်း Infarmed အရ သိရသည်။

“အပ်နဲ့ဆေးထိုးနှံမှုအပေါ် စိတ်ဖိစီးတုံ့ပြန်တဲ့အနေနဲ့ ကာကွယ်ဆေးထိုးနှံချိန်မှာ ယာယီသတိမေ့လျော့ခြင်း၊ အသက်ရှုမြန်ခြင်း သို့မဟုတ် စိတ်ဖိစီးမှုနှင့် ဆက်စပ်သော တုံ့ပြန်မှုများ အပါအဝင် စိုးရိမ်ပူပန်ခြင်းနှင့် ဆက်စပ်သော တုံ့ပြန်မှုများ ဖြစ်ပေါ်နိုင်ပါလိမ့်မယ်” ဟု အမျိုးသား ဆေးဝါးကြီးကြပ်ရေးအဖွဲ့က သတိပေးခဲ့သည်။

ပေါ်တူဂီနိုင်ငံတွင် ကာကွယ်ဆေး ၁၀ သန်း ကျော်သွားပြီဖြစ်ကြောင်းနှင့် မျိုးဗီဇပြောင်း ဒယ်လ်တာ (Delta) ဗိုင်းရပ်စ်ဖြစ်ပွားမှု ပြင်းထန်နေသည့်ကြားမှ ကာကွယ်ဆေးထိုးနှံမှု အရှိန်မြှင့်တင်လျက်ရှိသည်။ပေါ်တူဂီနိုင်ငံတွင် သေဆုံးသူ ၁၇,၁၈၇ ဦးအပါအဝင် ရောဂါဖြစ်ပွားသူ ၉၂၀,၂၀၀ ဦးရှိကြောင်း ကျန်းမာရေးညွှန်ကြားမှုဦးစီးဌာနအရ သိရသည်။ (Xinhua)

————————————————
(English Version)

Portugal releases Janssen vaccines against COVID-19 after re-evaluation

LISBON, July 15 (Xinhua) — Portugal’s National Authority for Medicines and Health Products (Infarmed) announced on Thursday that it had decided to continue using vaccines from Janssen Laboratory in Portugal after a reassessment, saying they met the European Union (EU) specifications.

On Wednesday, Infarmed said that it was investigating the quality of Janssen vaccines as users had passed out after being vaccinated.
“No quality defects were detected” in these vaccines, said the national drug regulator, noting that about 20,000 doses were administered in the vaccination centers, “and no more cases of adverse reactions have been reported.”

The Janssen vaccine, “like the other vaccines against COVID-19 authorized in the EU, are safe and effective,” according to Infarmed.
“Anxiety-related reactions, including vasovagal reaction (syncope), hyperventilation or stress-related reactions, may occur in association with vaccination, as a psychogenic response to needle injection,” warned the national regulator.

The country surpassed the mark of 10 million doses and is accelerating vaccination amid the raging Delta variant which has been already predominant in the country.Portugal registered 920,200 cases with 17,187 deaths, according to the Directorate-General for Health. Enditem

Photo : Health workers wearing protective equipment attend COVID-19 patients at the Intensive Care Unit of Santa Maria Hospital in Lisbon, Portugal, on Nov. 20, 2020. (Photo by Pedro Fiuza/Xinhua)