Connect with us

Africa & Middle East

ဟေတီနိုင်ငံ သမ္မတအား လုပ်ကြံမှုနှင့် ဆက်နွယ်မှုရှိသည့် တရားခံပြေး ၃ ဦးအား ကိုလံဘီယာနိုင်ငံမှ စုံစမ်းစစ်ဆေး

ဟေတီနိုင်ငံ ပို့တ်အော်ပရင့်စ် မြို့၌ ဇူလိုင် ၈ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဟေတီနိုင်ငံ သမ္မတ ဂျိုဗီနယ်မော်စီ (Jovenel Moise) အား လုပ်ကြံမှုတွင် ဆက်နွယ်သည့် သံသယရှိသူများ၏ ဓာတ်ပုံအားပြသစဉ် (ဆင်ဟွာ)

ဂိုတာ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ဟေတီနိုင်ငံ သမ္မတ ဂျိုဗီနယ်မော်စီ (Jovenel Moise) လုပ်ကြံခံရမှုတွင် ပါဝင်ပတ်သက်မှုရှိကြောင်း စွပ်စွဲခံထားရသည့် ရဲအရာရှိဟောင်းတစ်ဦး အပါအဝင် နောက်ထပ် ကိုလံဘီယာနိုင်ငံသား ၃ ဦးအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ကိုလံဘီယာနိုင်ငံ အာဏာပိုင်များက ဇူလိုင် ၁၅ ရက်တွင်ကြေညာခဲ့သည်။

စစ်တပ်အရာရှိဟောင်းများဖြစ်သည့် German Rivera နှင့် Duberney Capador တို့သည် ဟေတီနိုင်ငံ သမ္မတအားလုပ်ကြံမှုနှင့် ပတ်သက်သည့် အစီအစဉ်အား ပိုမိုအသေးစိတ်သိရှိကြသည်မှာ သိသာထင်ရှားကြောင်း သတင်းစာရှင်းလင်းပွဲတွင် ကိုလံဘီယာနိုင်ငံ ရဲတပ်ဖွဲ့မှ ညွှန်ကြားရေးမှူး Jorge Luis Vargas က ပြောကြားခဲ့သည်။

“လောလောဆယ်တော့ ဟေတီနိုင်ငံနဲ့ ဒိုမီနီကန်သမ္မတနိုင်ငံတွေမှာနေထိုင်ခဲ့တဲ့ ကိုလံဘီယာနိုင်ငံသား ၃ ဦး ကျွန်တော်တို့ ရှာဖွေတွေ့ရှိထားပါတယ်။ သူတို့ကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း စုံစမ်းစစ်ဆေးတဲ့လုပ်ငန်းစဉ်ကို အပြည့်အဝ လုပ်ဆောင်နေပါတယ်” ဟု ၎င်းက ဆိုသည်။

တရားခံပြေး ၃ ဦးက မစ်ရှင်မှာ သမ္မတ မော်စီအားဖမ်းဆီးရန်ဖြစ်ကာ ကျန်ရှိသည့် ကိုလံဘီယာ စစ်ဘက်ဆိုင်ရာ အမှုထမ်းဟောင်းများကို ဖော်ထုတ်ထားကြောင်း ရဲအရာရှိအကြီးအကဲက ပြောခဲ့သည်။
ဟေတီနိုင်ငံ သမ္မတသည် ဇူလိုင် ၇ ရက်တွင် ၎င်း၏ အိမ်တော်တွင် ကြေးစားဂိုဏ်းတစ်ခု၏ လုပ်ကြံခြင်း ခံခဲ့ရသည်။ (Xinhua)

————————————
(English Version)
Colombia investigates 3 fugitives in connection with Haitian president’s assassination
BOGOTA, July 15 (Xinhua) –
Colombian authorities announced Thursday they are investigating three more Colombians, including a former police officer, who are allegedly involved in the assassination of Haitian President Jovenel Moise.
During a press conference, Director of the Colombian Police Jorge Luis Vargas said that apparently former military officers German Rivera and Duberney Capador knew more details of the plan to assassinate the Haitian president.

“We have three Colombian citizens who are being sought at the moment, who had been in Haiti and the Dominican Republic. We are in the process of fully identifying them,” he said.
The police chief also said that the three fugitives indicated to the rest of the Colombian ex-military personnel that the mission was to arrest Moise.
“According to the information handled in Haiti, Capador and Rivera were the people who planned and organized the alleged arrest operation,” Vargas said.
The Haitian president was assassinated on July 7 at his residence by a commando of mercenaries. Enditem