Connect with us

International Organizations

ဘီလာရုစ်နိုင်ငံတွင် ပြုလုပ်သည့်လေ့ကျင့်ရေး၌ ရုရှား လေထီးတပ်သား ၂ ဦး သေဆုံး

ဘီလာရုစ်နိုင်ငံတွင် ရုရှားနှင့် ဘီလာရုစ် နိုင်ငံများမှ တပ်ဖွဲ့ဝင်များ ပူးတွဲလေ့ကျင့်နေသည်ကို စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မင့်စ်ခ်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

ဘီလာရုစ်နိုင်ငံတွင် လေ့ကျင့်မှုအတွင်း ပါဝင်ခဲ့သော ရုရှားနိုင်ငံမှ လေထီးတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ပြောကြားချက်အား ကိုးကား၍ ဘယ်လာရုစ်မီဒီယာက သတင်းဖော်ပြထားသည်။

၎င်းတို့၏ လေထီးခုန်သူများသည် လေထီးခုန်နေစဉ် “ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့်” လုပ်ငန်းမအောင်မြင်ဖြစ်ခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။

၎င်းတို့အား ဆေးကုသရန် ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်သဖြင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဘီလာရုစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ကြေကွဲဝမ်းနည်းကြောင်း ရုရှားနိုင်ငံအား ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်အရ တပ်ဖွဲ့ဝင် ၂၅၀ ပါဝင်သော တပ်ဖွဲ့တစ်ဖွဲ့သည် ပူးတွဲ နည်းဗျူဟာလေ့ကျင့်မှုတွင် ပါဝင်ရန် ဘီလာရုစ်နိုင်ငံသို့ နိုဝင်ဘာ ၁၂ ရက်က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေ့ကျင့်မှုတွင် ရုရှား Il-76 စစ်လေယာဉ်တစ်စင်းလည်း ပါဝင်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
2 Russian paratroopers die in exercise in Belarus
Source: Xinhua| 2021-11-13 10:03:07|Editor: huaxia
MINSK, Nov. 13 (Xinhua) — Two Russian paratroopers who participated in the exercise in Belarus died, Belarusian media reported, citing the Russian Ministry of Defense.
Their parachutes failed to function properly “due to a sudden strong gust of wind” during their jumps, said the report.
They were taken to the local hospital for treatment but died due to heavy injuries.
The Belarusian Ministry of Defense expressed condolences to the Russian side.
According to the Russian Defense Ministry, a 250-man troop came to Belarus on Friday to participate in a joint tactical exercise.
A Russian Il-76 military transport aircraft participated in the exercise. Enditem
Photo taken on Sept. 12, 2021 shows a scene of the joint strategic exercise “Zapad-2021” by Russian and Belarusian armed forces at a training ground in Belarus. Russian and Belarusian armed forces kicked off their joint strategic exercise “Zapad-2021” on Sept. 9. The drills were held at nine training grounds in Russia, the Baltic Sea, and at five training grounds in Belarus. (Photo by Henadz Zhinkov/Xinhua)