Connect with us

Africa & Middle East

အာဖဂန်နစ္စတန်နိုင်ငံ၊ ဗလီအတွင်း ဗုံးခွဲတိုက်ခိုက်မှု တွင် ၃ ဦး ဖမ်းဆီးခံရ

အာဖဂန်နစ္စတန်နိုင်ငံ နာဂါဟာပြည်နယ်၊ ဂျလာလာဘတ်မြို့ရှိ ဆေးရုံတစ်ခုသို့ ဆေးကုသမှုခံယူရန် အမျိုးသားတစ်ဦးအား ပို့ဆောင်နေသည်ကို နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကဘူးလ်၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နာဂါဟာပြည်နယ်တွင် ဝတ်ပြုကိုးကွယ်သူများကို နိုဝင်ဘာ ၁၂ ရက်က ဗုံးခွဲတိုက်ခိုက်မှုကြောင့် သံသယရှိသူ သုံးဦးကို ဖမ်းဆီးထားကြောင်း တာလီဘန်ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၁၃ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

“တိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်း သံသယရှိသူတွေကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ သူတို့တွေကို စစ်ဆေးနေပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ Zabihullah Mujahid က တွစ်တာတွင်ရေးသားခဲ့သည်။

နာဂါဟာပြည်နယ်၊ စပင်ဂါခရိုင်ရှိ ဗလီတစ်ခုအတွင်း ပြုပြင်ဖန်တီးထားသော ဖောက်ခွဲရေးပစ္စည်း နေရာချထားခြင်းဖြစ်ပြီး သောကြာနေ့ ဝတ်ပြုဆုတောင်းနေကြစဉ် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း၊ ဝတ်ပြုဆုတောင်းသူခေါင်းဆောင် အပါအဝင် လူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခုတိုက်ခိုက်မှုအတွက် မည်သည့်အဖွဲ့ကမှ တာဝန်ရှိကြောင်း ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။ မကြာသေးမီလများအတွင်း တောင်ထူထပ်သော ၎င်းပြည်နယ်တွင် အိုင်အက်စ်နှင့် ဒေသခံမိတ်ဖက်အဖွဲ့များမှ ဗုံးခွဲတိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်နေရာဖြစ်ကြောင်း သိရသည်။ (Xinhua)

………………………………………………
(English Version)
3 arrested in Afghanistan over mosque bomb attack
KABUL, Nov. 13 (Xinhua) — Three suspects have been arrested over Friday’s bomb attack on worshippers in Afghanistan’s eastern province of Nangarhar, a Taliban spokesman confirmed on Saturday.
“The suspects were arrested hours after the attack. They are under interrogation,” spokesman Zabihullah Mujahid wrote on Twitter.
An Improvised Explosive Device placed inside a mosque was detonated during Friday’s prayers in the Spin Ghar district of Nangarhar, wounding 15 people, including the prayer leader.
No group has claimed responsibility for the attack so far. The mountainous province has been the scene of bomb attacks claimed by local affiliates of the Islamic State in recent months. Enditem