Connect with us

North America

မက္ကဆီကိုနိုင်ငံ၌ တိုက်ခိုက်မှုများအတွင်း လူ ၁၅ ဦးထက်မနည်း သေဆုံး

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီး၌ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်းက သေနတ်သမား၏ တိုက်ခိုက်ခံရပြီးနောက် ဆေးကုသမှု ခံယူနေရသည့် မက္ကဆီကိုစီးတီးမြို့ ရဲတပ်ဖွဲ့အကြီးအကဲ Omar Garcia Harfuch ရှိရာ ဆေးရုံတစ်ဝိုက် လုံခြုံရေး ရယူနေသော စစ်သားများအား တွေ့ရစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံ နယ်စပ်မြို့ဖြစ်သည့် Reynosa မြို့၌ ဇွန် ၁၉ ရက်က လက်နက်ကိုင်တိုက်ခိုက်မှုများအတွင်း လူ ၁၅ ဦးထက်မနည်း သေဆုံးကြောင်း ထုတ်ပြန်ချက်တစ်ရပ်တွင် ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အဆိုပါတိုက်ခိုက်မှုများသည် ဇွန် ၁၉ ရက် မွန်းလွဲ အစောပိုင်းတွင် မြို့၏ ခရိုင်အသီးသီး၌ ဖြစ်ပွားခဲ့ကြောင်း Tamaulipas ပြည်နယ်အေဂျင်စီက ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး လူကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း သို့မဟုတ် ရမ်းသန်းပစ်ခတ်ခြင်း ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း ထည့်သွင်းဖော်ပြထားသည်။

ဒေသဆိုင်ရာရဲတပ်ဖွဲ့က ပြောကြားရာတွင် မော်တော်ယာဉ်သုံးစီးအား သိမ်းဆည်းရမိသည့်အပြင် ကားနောက်ခန်းထဲတွင် ဓားစာခံအဖြစ်အဖမ်းခံထားရသည့် အမျိုးသမီး နှစ်ဦးနှင့်အတူ လူတစ်ဦးအား ဖမ်းဆီးရမိထားကြောင်း သိရသည်။

Reynosa မြို့တော်ဝန် Maki Ortiz က တိုက်ခိုက်မှုများအား ရှင်းလင်းရမည် ဖြစ်ပြီး နိုင်ငံသားများအား ကာကွယ်ရမည် ဖြစ်ကြောင်း ၎င်း၏ တွစ်တာစာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။ (Xinhua)

————————————
(English Version)
At least 15 killed in attacks in Mexico
MEXICO CITY, June 20 (Xinhua) — At least 15 people died in armed attacks in the Mexican border city of Reynosa on Saturday, local authorities said in a statement.
The attacks took place in early Saturday afternoon in different districts of the city, said Tamaulipas state agency in the statement, adding that it remains unclear if the victims were targeted or randomly shot.
Local police said they arrested a person with two female hostages in the trunk of his car, in addition to seizing three vehicles.
Maki Ortiz, mayor of Reynosa, said in a tweet that the attack should be clarified and the citizens be protected. Enditem
Photo – Soldiers stand guard around the hospital where Mexico City Chief of Police Omar Garcia Harfuch is treated after being attacked by gunmen in Mexico City, Mexico, June 26, 2020. A group of gunmen opened fire on Mexico City Chief of Police Omar Garcia Harfuch and his bodyguards on Friday morning, injuring him and killing two officers and a civilian, according to local authorities. (Photo by Francisco Canedo/Xinhua)